Celebrity News

အရေးယူဖို့တောင်းဆိုခံထားရသမျှကို အဖတ်မလုပ်ဘဲ တည်ငြိမ်စွာ ဖြတ်သန်းပြလိုက်တဲ့ Liu Yifei

စက်တင်ဘာလအစပိုင်းမှာပဲ နိုင်ငံသားပြောင်းလဲခံယူခြင်းမရှိတာကြောင့် အနုပညာအလုပ်တွေပိတ်ချခြင်းခံရနိုင်ချေရှိတဲ့ ပစ်မှတ် (၇) ယောက်စာရင်းမှာ Liu Yifei လည်းပါလာခဲ့ပါတယ်။ အဆိုပါစာရင်းထွက်လာပြီးနောက်မှာပဲ ဟောင်ကောင်အဆိုတော်မင်းသားတစ်ယောက်ဟာ သူ့ရဲ့ ကနေဒါနိုင်ငံသားခံယူခွင့်ကို ပယ်ချလိုက်ပြီး ဒီလိုဖြစ်စဉ်ဟာ Liu Yifei ဆိုကို ဦးတည်သွားပါတော့တယ်။

အမေရိကန်နိုင်ငံသားခံယူထားတဲ့ ဂူဂူးဟာ သူမအနေနဲ့ ကျုံးကော်နိုင်ငံသူစစ်စစ်အဖြစ် နိုင်ငံသားပြောင်းလဲခံယူသင့်ကြောင်း နိုင်ငံသူနိုင်ငံသားတွေက ဝေဖန်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီလိုမျိုး နိုင်ငံပိုင်မီဒီယာတွေအပါအဝင် အားလုံးက သဲသဲမဲမဲပြောဆိုနေတာတောင် Liu Yifei ဟာ အာရုံစိုက်နေကြောင်း တစိုးတစိမှမပြဘဲ Mulan ဇာတ်ကား တစ်နှစ်ပြည့်အတွက်သာ ဂုဏ်ပြုနေခဲ့ပါတော့တယ်။

ဒီလုပ်ရပ်ကိုလည်း ပိုမိုဒေါသထွက်ပြီး သူမရဲ့အပြုအမူတွေအတွက် တာဝန်ရှိသူတွေအနေနဲ့ အရေးယူပေးဖို့ တောင်းဆိုခံခဲ့ရတာတောင် Yifei ကတော့ ပုံမှန်အတိုင်း အေးဆေးစွာဖြတ်သန်းရင်း ဖြစ်ရပ်တစ်ခုလုံးနဲ့ပတ်သက်လို့ ဘာတစ်ခုမှကို မတုန့်ပြန်ခဲ့ပါဘူး။

ဒီလိုပြဿနာအကြီးကြီးဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာလဝက်လောက်မှာပဲ Liu Yifei ဟာ ပေကျင်းက shopping mall တစ်ခုမှာ သူမရဲ့လက်ထောက်နဲ့အတူ ဈေးဝယ်ထွက်နေကြောင်းကို မီဒီယားတွေက ဖော်ပြခဲ့ကြပါတယ်။ ရိုးရှင်းတဲ့ဝတ်စုံလေးနဲ့ စိတ်ပေါ့ပေါ့ပါးပါးပဲ ဈေးဝယ်ထွက်နေခဲ့တာဟာ သူမကိုတိုက်ခိုက်နေတဲ့သူတွေကို လက်လန်သွားစေပါတော့တယ်။

သတင်းတွေရဲ့ဖော်ပြချက်အရ Liu Yifei ဟာ လူမှုကွန်ရက်တခွင်ပျံ့နှံ့နေတဲ့ သူမနဲ့ပတ်သက်သမျှအပြစ်တင်စကားသံတွေ၊ ဝေဖန်ချောက်ချမှုတွေကို ဖြုံတောင်မဖြုံဘဲ အေးဆေးဖြစ်နေတယ်လို့ ဆိုပါတယ်။ Yifei ဟာ ဘာတစ်ခုမှ အပြစ်လည်းလုပ်မထားသလို နောက်ကြောင်းရှင်းပြီး ပြစ်ချက်တစ်ခုမှမရှိတဲ့ အချက်တွေကြောင့်ပဲ မကောင်းပြောနေသူတွေအား အဖတ်မလုပ်ဘဲ ပုံမှန်အတိုင်း နေထိုင်နိုင်တာဖြစ်‌နိုင်ကြောင်း သုံးသပ်နေကြပြန်ပါတယ်။

Source: ZingNews
Photos: ZingNews
Translated by Julix