Celebrity News

မြန်မာလို ပီပီသသ “မင်္ဂလာပါ” လို့ နှုတ်ခွန်းဆက်ခဲ့တဲ့ BLACKPINK အဖွဲ့ဝင် Lisa

BLACKPINK အဖွဲ့ရဲ့ အငယ်ဆုံးလေး Lisa ရဲ့ “Lalisa” album ဟာ ထွက်ရှိပြီး နာရီပိုင်းအတွင်းမှာ စံချိန်တွေချိုးခဲ့သလို ခု တစ်ပတ်ထဲနဲ့YouTube viewer 171 million ရရှိနေပါတယ်။

Music show မှာဆိုလည်း KBS ရဲ့ music bank မှာ 1st win ရခဲ့ပါတယ်။ ဒါတင်မကသေးပါဖူး။ သူမရဲ့ album ဟာ လက်ရှိမှာ အချပ်ရေ ၇သိန်းကျော်ရောင်းရလို့ half-million seller ပါ ဖြစ်သွားပါပြီ။ ဒီနှုန်းအတိုင်းဆို million seller ပါ ဖြစ်လာမဲ့သဘောမှာ ရှိပါတယ်။

ဒါ့အပြင် Lisa ဟာ သူမရဲ့ fan တွေနဲ့ အချိန်ကုန်ဆုံးလို့ရအောင် online fan sign ပါ လုပ်ခဲ့ပါတယ်။ မြန်မာပြည်က fan boy လေး တစ်ယောက်ဟာလည်း Video call event ပေါက်ခဲ့ပြီး Lisa နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ ထို video ထဲမှာ lisa က “မင်္ဂလာပါ” လို့ ဗမာလို ပီပီသသ နှုတ်ခွန်းဆက်ခဲ့ပါတယ်။

ဒါ့အပြင် sign ကိုလည်း “for Myanmar Blink” ဆိုပြီး name ထိုးပေးခဲ့ပါတယ်တဲ့။ခုလို idol တစ်ယောက်က မြန်မာ fan တွေကို သတိပြုမိပေးလို့ မြန်မာနိုင်ငံက blink လေးတွေ သေချာပေါက် ပျော်ရွှင်ကြည်နူးကြမယ် လို့ ထင်ပါတယ်။

Source: K dream
Written: Violet