Celebrity News

မိန်းမဆန်ခြင်းကို တားမြစ်လိုက်တာကြောင့် Bromance ကားတွေ Boycott ခံရတော့မှာလား…

ပြည်မကြီးရဲ့ ဥပ‌ဒေသစ်တွေကတော့ တော်တော်အံ့ဩစရာပါပဲ။ အမျိုးသားအနုပညာရှင်တွေအနေနဲ့ ဆံပင်ဆေးဆိုးခြင်း၊ မိတ်ကပ်အလွန်အကျွံခြယ်သခြင်းတို့မလုပ်ဖို့ ဥပဒေသစ်အနေနဲ့ ချမှတ်ခဲ့တဲ့အပြင် အနုပညာရှင်တွေကို အသားကုန်ပံ့ပိုးခြင်း၊ ပရိသတ်အသိုက်အဝန်းအတွက်ပါ စည်းကမ်းတွေသတ်မှတ်ခဲ့တာကြောင် ဖျော်ဖြေရေးလောကတစ်ခုလုံး အနေအစားမချောင်တဲ့အဖြစ်ပါပဲ။ ဒီလိုအဖြစ်တွေကြားမှာ Boycott လုပ်ခံရဖို့အခြေအနေများလာတာကတော့ BL ဝတ္ထုအခြေခံ – မင်းသား (၂) ယောက်အဓိကထား ရိုက်ကူးထားတဲ့ Bromance ကားတွေပဲဖြစ်ပါတော့တယ်။

နိုင်ငံပိုင်ရေဒီယိုနှင့် တီဗွီရုပ်သံထုတ်လွှင့်မှု ညွှန်ကြားရေးဌာနရဲ့ စည်းကမ်းချက်တွေအရ ပြည်သူပြည်သားလူငယ်တွေအနေနဲ့ အမျိုးသားအနုပညာရှင်တွေကိုကြည့်ပြီး အတုယူမှားမိခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ “မိန်းမဆန်တဲ့ပြင်ဆင်ခြယ်သခြင်း” အားလုံးကို တားမြစ်ကာ ပြုလုပ်သူတွေကိုလည်း Blacklist ထဲသွင်းနိုင်ချေရှိကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အရင်က နားကပ်ဝတ်ခြင်း၊ လက်သည်း‌နီဆိုးခြင်း၊ မျက်လုံးမဲမဲလေးတွေခြယ်ရင်း မိတ်ကပ်လိမ်းတာမျိုးက idol တွေအတွက်တော့ ပုံမှန်ပြင်ဆင်မှုမျိုးဖြစ်ပေမဲ့ ဒီလိုဥပ‌ဒေထုတ်ပြီးတဲ့နောက် အားလုံးကပြောင်းလဲပြင်ဆင်ရပါတော့တယ်။

Bromance ဇာတ်လမ်းတွေကလည်း တရုတ်ဖျော်ဖြေရေးလောကထဲမှာ တော်တော်ရိုက်ကူးလာတာဖြစ်ပြီး ပရိသတ်တွေကလည်း အခိုင်အမာကို ကြည့်ရှုအားပေးကြတာပါ။ လက်ရှိအချိန်အထိတော့ Boycott လုပ်ခြင်းနဲ့ပတ်သက်လို့ တိကျတဲ့ ထုတ်ပြန်ကြေညာချက်မျိုးထွက်မလာသေးပေမဲ့ ထုတ်လုပ်ရေးကုမ္ပဏီတွေဖက်‌ကတော့ တော်တော်လေးအခက်ကြုံနေရကြောင်း သတင်းတွေထွက်ရှိနေပါတော့တယ်။ ပြသဖို့လိုင်စင်စောင့်နေတဲ့ဇာတ်လမ်းတွေကော၊ လက်ရှိထုတ်လုပ်ရိုက်ကူးနေတဲ့ Bromance ကားတွေရှိနေလို့ ပြသခွင့်တောင်မရလိုက်ဘဲ တားမြစ်ခံလိုက်ရမယ့်ကိစ္စက တော်တော်အကြပ်ရိုက်နေပါတော့တယ်။ သေချာတာကတော့ အနာဂတ်မှာ နောက်ထပ် Bromance ဇာတ်လမ်းအသစ်တွေကြည့်ရဖို့ ရာခိုင်နှုန်းလွန်စွာနည်းပါးသွားပါပြီ။ ပရိသတ်တွေစိုးရိမ်နေတဲ့အတိုင်း တိကျတဲ့‌ဥပဒေသစ်တွေသာထွက်လာရင်တော့ တရုတ် Bromance ကားတွေကို ထာဝရလက်ပြနှုတ်ဆက်ရတော့မှာပါပဲ။

Source: Dramapanda
Photos: Dramapanda
Translated by Julix