Celebrity News

မနက်အစောကြီး ၄ နာရီလောက်ထဲက ထ ပြီး lisa show ကို သွားအားပေးခဲ့တဲ့ Jisoo

Lisa လေးကတော့ သူမရဲ့ solo album “Lalisa” ထွက်ပြီးထဲက တော်တော်အလုပ်ရှုပ်နေတဲ့သူပါ။ ဒီနေ့လည်း Korean music show တစ်ခုဖြစ်တဲ့ Inkigayo မှာ သူမရဲ့ သီချင်းနဲ့ သွားရောက်ဖျော်ဖြေခဲ့ပါတယ်။ Music show တွေရဲ့ ထုံးစံအတိုင်း လာရောက်ဖျော်ဖြေတဲ့ idol တွေ က အများကြီးမို့ recording တွေကို အချိန်ယူရိုက်ရပါတယ်။

ထိုင်စောင့်ရတာ အဖွဲ့နဲ့ဆို ကိစ္စမရှိပေမဲ့ Soloist တွေအနေနဲ့တော့ ပျင်းနေရမှာ သေချာပေါက်ပါဘဲ။ Lisa လည်း ခုလို သူမရဲ့ပထမဆုံး တကိုယ်တော် သီချင်းအတွက် တစ်ယောက်တည်း music show သွားရတာမို့ အားငယ်နေမှာ စိတ်ကူးနဲ့တောင် ပုံဖော်ကြည့်လို့ရပါတယ်။

ဒါပေမဲ့ Lisa တစ်ယောက် အဖော်မဲ့ မဖြစ်ရအောင် အဖွဲ့ထဲက အကြီးဆုံး အမကြီး Jisoo က မနက်အစောကြီး ၄ နာရီလောက်ထဲက ထ ပြီး lisa recording ကို အပြီးထိလိုက်စောင့်ပေးပါတယ်တဲ့။ ဒါ့အပြင် Jisoo လေးဟာ သူ့ညီမလေးကို အကောင်းဆုံး ဝိုင်းဝန်းပံ့ပိုးပေးတဲ့ staff တွေအတွက် သီးသန့်အော်ဒါမှာရတဲ့ candy ဘူးလေးတွေ လက်ဆောင်ပေးခဲ့ပါတယ်တဲ့။

လက်ဆောင်ရတဲ့ staff တစ်ယောက်ဆို Jisoo ပေးတဲ့ candy ဘူးလေးကို my day တင်ခဲ့ပါတယ်။ “ကျေးဇူးပြု၍ Lisa ရဲ့ Lalisa ကို ချစ်ပေးကြပါအုံး” လို့ Candy ဘူးခွံမှာ ရေးထားပြီး candy ကလည်း lisa အကြိုက်ဆုံးအရောင် အဝါရောင်လေးပါ။ ဒါ့အပြင် lisa album ရဲ့ Logo “L” လေးကို ထွင်းထားပါတယ်။

တကယ့်စိတ်ကူးကောင်း ချိုမြိန်တဲ့ Jisoo လေးပါဘဲနော်။ Jisoo ဟာ Lisa မှ မဟုတ်ပါဖူး။ အရင်တုန်းက Jennie တို့ Rosé တို့ solo album ထွက်တုန်းကလည်း Music show တွေကို လူကိုယ်တိုင်လိုက်သွားပြီး အားပေးဖူးပါတယ်။ BLACKPINK အဖွဲ့မှာ leader ဆိုတာမရှိပေမဲ့ အကြီးဆုံးဖြစ်တဲ့ Jisoo ကတော့ သူ့ညီမလေးတွေကို စောင့်ရှောက်ပေးချက်က မျည်ရည်လည်စရာ မေတ္တာတရားပါ။

Source: Twitter
Written: Violet