Celebrity News

“MONEY” သီချင်း‌အတွက် အထူးပြင်ဆင်ထားတဲ့ Viedo ကို ချပြဦးတော့မယ့် Lalisa

Lisa လေးကိုချစ်ကြတဲ့ပရိသတ်ကြီးတို့အတွက် Lalisa သီချင်းလေးကို နားဆင်ရတာမဝသေးခင်မှာပဲ နောက်ထပ် Performance Viedo အသစ်ကတော့ ထွက်ရှိလို့လာပါတော့မယ်။

အမိုက်စား Hip-hop ဆန်ဆန် သံစဉ်တွေနဲ့အတူ အလန်းစားသီချင်းစာသားတွေကိုမှ တစ်ပုဒ်လုံးကို Eng လို Rap တွေနဲ့ဖန်တီးထားတဲ့ Money သီချင်းကတော့ ထွက်မလာခင်ကတည်းက တော်တော် လူကြိုက်များနေတာလည်းဖြစ်ပါတယ်။

BLACKPINK’s Lisa ကတော့ Money ဆိုတဲ့သီချင်းအတွက် တင်ဆက်မှုအသစ်ကို ချပြတော့မှာဖြစ်ပါတယ်။ September 20 ရက်‌နေ့မှာပဲ Lisa ဟာ သူမရဲ့ ပထမဆုံး solo single album ဖြစ်တဲ့ “LALISA” ထဲက B-side သီချင်းတစ်ပုဒ်ဖြစ်တဲ့ “MONEY” အတွက် Performance Video ကို ဒီအပတ်ထဲမှာပဲ ထွက်ပေးမယ့်အကြောင်း ကြေညာခဲ့ပါတယ်။

“Lalisa” သီချင်းနဲ့ကော ပထမဆုံး Album နဲ့ပါ စံချိန်တွေများစွာတင်နိုင်ခဲ့ပြီး Record တွေပါ ချိုးနိုင်ခဲ့တဲ့ Lisa ကတော့ စက်တ်ဘာလ ၂၃ ရက်နေ့မှာပဲ “MONEY” သီချင်းအတွက် Performance Video ကို ထုတ်ပေးသွားမှာပါ။

အကဘုရင်မအဖြစ် တင်စားခံထားရတဲ့ Lisa ကတော့ ဒီလိုသီချင်းအမိုက်စားနဲ့အတူ ဘယ်လိုမျိုး ကကွက်ဆန်းတွေနဲ့ ပရိသတ်ကို ဆွဲဆောင်ထားနိင်ဦးမလဲဆိုတာကတော့ တော်တော်ရင်ခုန်နေရပါပြီ။

ဗီဒီယိုအသစ်အတွက် Lisa ဟာ ရင်သပ်ရှုမောဖွယ်ရာ teaser ပိုစတာကိုလည်း ချပြပြီးပြီမို့လို့ ပရိသတ်တွေကတော့ သူမရဲ့ concept အသစ်အတွက် ပုံစံမျိုးစုံကို ခန့်မှန်းသုံးသပ်နေကြပါတယ်။ “MONEY” သီချင်းအတွက် Lisa ရဲ့ ဗီဒီယိုအသစ်ကို ရင်ခုန်နေကြပြီလား??

Source: Soompi
Photos: Soompi
Translated by Julix