Celebrity News

BL adaptation တွေကို အားပေးခြင်း မပြုလုပ်ဖို့ ဥပဒေချကာ တိုက်တွန်းလိုက်တဲ့ ကျုံးကော်အဖွဲ့အစည်း

လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက BL Adaptation ဇာတ်လမ်းတွေဖြစ်တဲ့ Bromance ကားတွေကို အားပေးခြင်းပိတ်ပင်မှု လုပ်ခံရတော့မယ့်အကြောင်း သတင်းတွေစထွက်လာပြီးနောက် ဩဂုတ် ၂၀ ရက်နေ့မှာပဲ ကျုံးကော်နိုင်ငံ ရေဒီယိုနဲ့ရုပ်သံထုတ်လွှင့်မှု ညွှန်ကြားရေးဌာနကနေ တင်းကြပ်သည့်အမိန်တစ်ခုကို ရုတ်တရက် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အနုပညာလောကရဲ့ မူလစည်းကမ်းချက် (၈) ချက်အပြင် ရုပ်သံဇာတ်လမ်းတွဲ၊ အခွန်တိမ်းရှောင်မှုနဲ့ BL Adaptation ဇာတ်လမ်းတွေအတွက် ပိုမိုတင်းကြပ်တဲ့အမိန့်မျိုးထုတ်ပြန်ဖို့ စက်တင်ဘာ ၁၆ ရက်‌နေ့ကပဲ အစည်းအဝေးထိုင်ခဲ့ကြပါတယ်။

နောက်ဆုံးရလဒ်အရ အနုပညာလောကကို ပြန်လည်တည်ဆောက်ဖို့အတွက် “သင့်တော်မှုမရှိတဲ့အပြုအမူ” နဲ့ “အမဲစက်ရှိတဲ့ ကြယ်ပွင့်တွေ” ကို တရားဝင်ရှင်းလင်းဖို့ တင်းကြပ်တဲ့အမိန့်ကို ချက်ချင်း ထုတ်ပြန်ကြေညာခဲ့ပါတော့တယ်။

၂၀၁၅၊ ၂၀၁၆ တုန်းက “Counter Attack” နဲ့ “Addicted” ဇာတ်လမ်းတွေဟာ BL စစ်စစ်ဇာတ်လမ်းတွေဖြစ်ပေမဲ့ BL အဖြစ်အပျက်တွေကို တားမြစ်ကန့်သတ်ထားတာကြောင့် ပြဿနာတက်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ BL Adaptation တွေကို Bromance ဆန်ဆန်ရိုက်ကူးလာပြီး လူကြိုက်များလာချိန်မှာတော့ ဥပဒေသစ်နဲ့ ထိန်းချုပ်ကန့်သတ်ခံလိုက်ရပြန်ပါတယ်။

ဆွေးနွေးချက်ပေါင်းများစွာထဲမှာ BL Adaptation တွေဖြစ်တဲ့ ဇာတ်လမ်းမျိုးတွေကိုပါ အားပေးခြင်း မပြုလုပ်ဖို့ပါ ပြုလုပ်ခဲ့ကြပြီး အဖွဲ့အစည်းရဲ့ လက်ထောက်ညွှန်ကြားရေးမှူးက “ကိုယ်ကျင့်သိက္ခာနဲ့အနုပညာဖန်တီးမှုတွေကို အလေးပေးလုပ်‌ဆောင်ရမယ့်အကြောင်း၊ လူ့ကျင့်ဝတ်ချိုးဖောက်ပြီး ဥပဒေဖောက်ဖျက်တဲ့အနုပညာရှင်တွေကို ပြင်းထန်စွာအရေးယူပြီး ပိတ်ပင်မှုတွေ လုပ်ရမယ့်အကြောင်း” အဓိကထား အမိန့်ပေးခဲ့ပါတယ်။

ဒါကြောင့်မို့လို့ အားလုံးက ထွက်ရှိလာဖို့စောင့်နေကြတဲ့ ဇာတ်လမ်းတွေဖြစ်တဲ့ “Immortality”, “Sha Po Lang”, “Winner is King”, “Chasing the Light”, “A League of NobleMan” အပြင် ရိုက်ကူးလက်စဖြစ်တဲ့ “Heaven Official’s Blessings” နဲ့ “Eternal Faith” စတဲ့ BL Adaptation တွေရဲ့ အနာဂတ်ကတော့ မသေချာတော့ပါဘူး။ အကယ်၍ပြသခဲ့ရင်တောင် တစ်ခုခုအမှားပါသွားရင် ပါဝင်ရိုက်ကူးတဲ့မင်းသားတွေအတွက် အန္တရာယ်များလွန်းတာကြောင့် တကယ့်ကို ဘေးကြပ်နံကြပ်ဖြစ်နေပါပြီ။

Source: Weibotoday
Photos: Weibo
Translated by Julix