Celebrity News

က​လေးသူငယ်များ ပိုလီယို​ရောဂါကာကွယ်​ရေးအတွက် ​​မွန်မြတ်တဲ့ ကုသိုလ်တစ်ခုကို ပြုခဲ့တဲ့ Jimin

BTS အဖွဲ့ဝင် Jimin ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက Rotary Club ကို ဝမ်သန်း ၁၀၀ (​ဒေါ်လာ ၈၄,၂၇၀) လှူဒါန်းခဲ့တယ်လို့ စက်တင်ဘာလ ၂၁ ရက်​နေ့မှာ International Rotary District 3590 က ​ထုတ်​ဖော်ပြောကြားလိုက်ပါတယ်။

Rotary Club ဆိုတာက​​​တော့ ကမ္ဘာတစ်ဝန်းက ၁.၃ သန်း​​သော ပရဟိတသမား​တွေနဲ့ ဖွဲ့စည်းထားတဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ Jimin ဟာ အဲ့ဒီအဖွဲ့အစည်းရဲ့ အခွဲဖြစ်တဲ့ International Rotary District 3590 ကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။

International Rotary District 3590 ဟာ Gyeongnam မှာ တည်ရှိပြီး အဖွဲ့ဝင် ၃၉၀၀ ​ကျော် ရှိပါတယ်။ Jimin လှူဒါန်းလိုက်တဲ့ အလှူ​ငွေ​တွေကို ​အောက်တိုဘာလ ၂၄ ရက်​နေ့မှာ ကျ​ရောက်မယ့် ကမ္ဘာ့ပိုလီယို​ရောဂါကာကွယ်​ရေး​နေ့မတိုင်မီ က​လေးသူငယ်​တွေကို ပိုလီယိုကာကွယ်​ဆေးထိုး​ပေးတဲ့ ကမ်ပိန်းမှာသုံးစွဲသွားမှာဖြစ်ပါတယ်။

Jimin ဟာ သူ့အ​ဖေရဲ့ နာမည်နဲ့ ဘယ်သူမှမသိ​အောင် တိတ်တဆိတ်သွား​ရောက် လှူဒါန်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ Jimin ဟာ ယခင်ကလည်း က​လေးသူငယ်​တွေနဲ့ ဆယ်​ကျော်သက်​တွေအတွက် လှူဒါန်းမှု​တွေ ပြုလုပ်ခဲ့ဖူးပါတယ်။

ဒါ​ပေမဲ့ သူဟာ ယခင်က ပညာ​ရေးအတွက် ပိုအ​လေး​ပေးပြီး လှူဒါန်းတာကို ​တွေ့ရပါတယ်။ ၂၀၁၈ ခုနှစ်မှာ သူတက်​ရောက်ခဲ့တဲ့ မူလတန်း​ကျောင်း၊ ၂၀၁၉ ခုနှစ်မှာ Busan Metropolitan City Office of Education နဲ့ ၂၀၂၀ ခုနှစ်မှာ Busan Arts High School နဲ့ Jeonnam Future Education Foundation ​တွေကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။

အခုလို ပရိသတ်​တွေဆီက ရရှိတဲ့ ချစ်ခြင်း​မေတ္တာကို တခြားသူ​တွေထံ ပြန်လည်မျှ​ဝေပြီး မိမိရဲ့ ​​ချွေးနည်းစာကို အများအကျိုးအတွက် ​ကောင်းမွန်တဲ့ ​​နေရာတွေမှာ ပြန်ပြီးလှူဒါန်းတာဟာ တကယ့်ကို မွန်မြတ်တဲ့လုပ်ရပ်ပဲဖြစ်ပါတယ်။

Source : Allkpop
Photo : Pinterest
Written : ZL