Celebrity News

ကိုရီးယားမီဒီယာတစ်ခုရဲ့ ဆန်းစစ်ချက်အရ လက်ရှိ K-Pop ​လောကမှာ အချမ်းသာဆုံး မိန်းက​လေး Idol (၇) ဦး

ကိုရီးယားသတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Guru ဟာ မကြာ​သေးခင်က K-Pop ​လောကမှာ ​အချမ်းသာဆုံး မိန်းက​လေး Idol ​တွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှု​တွေကို လေ့လာဆန်းစစ်ပြီး စာရင်းထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီစာရင်းအရ ​လက်ရှိ ​အချမ်းသာဆုံး K-Pop မိန်းက​လေး Idol (၇) ဦးက​တော့ ​အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • 7. Lisa (BLACKPINK)

အရင်ဆုံး နံပါတ် ၇ ​​နေရာမှာရှိ​နေတာက​တော့ BLACKPINK အဖွဲ့ဝင် Lisa ပါ။ သူမဟာ MAC Cosmetics, Celine နဲ့ Bulgari တို့လို ကမ္ဘာ​ကျော်ဇိမ်ခံ brand ​တွေရဲ့ ​မော်ဒယ်ဖြစ်သလို မဂ္ဂဇင်းမျက်နှာဖုံး​တွေမှာလည်း အကြိမ်​ပေါင်းမ​ရေမတွက်နိုင်​အောင် ပါဝင်ခဲ့ပါတယ်။

သူမရဲ့ ကိုယ်ပိုင် YouTube Channel ကလည်း subscriber ၈ သန်း​ကျော်ရှိသလို ဗီဒီယိုတိုင်းဟာ ကြည့်ရှုသူ သန်းချီရှိပါတယ်။ သူမဟာ စက်တင်ဘာလထဲမှာပဲ “LALISA” သီချင်းနဲ့ ပွဲဦးထွက်ခဲ့ပြီး album ​​ရောင်းအားမှာ​​ရော YouTube view မှာ​ရော စံချိန်​သစ်တွေတင်နိုင်ခဲ့ပါတယ်။

  • 6. Yoona (Girls’ Generation)

Girls’ Generation အဖွဲ့ရဲ့ center Yoona က​တော့ နံပါတ် ၆ ​နေရာမှာရပ်တည်​နေပါတယ်။ သူမဟာ ​ကုမ္ပဏီ​တွေနဲ့ ​ကြေငြာစာချုပ်​ပေါင်း ၄၀ ​​ကျော် ချုပ်ဆိုခဲ့တာ​ကြောင်း ဝင်​ငွေအများဆုံးကို ​​ကြော်ငြာက​တော့ ရရှိပါတယ်။

ဒါ​ပေမဲ့ Yoona ဟာ “K2”, “Exit” နဲ့ “Miracles: Letters to the President” တို့လို ရုပ်ရှင်ကား​တွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီးမင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမဟာ “Big Mouth” ဇာတ်လမ်းတွဲကို ရိုက်ကူး​နေပြီး မင်းသား Kim Seon Ho နဲ့အတူ “2 O’ CLOCK DATE” ဆိုတဲ့ ရုပ်ရှင်ကားကိုလည်း ရိုက်ကူးဖို့ လက်ခံထားပါတယ်။

  • 5. Suzy

Idol တစ်ဦးဖြစ်သလို နာမည်ကြီး မင်းသမီးတစ်ဦးလည်းဖြစ်တဲ့ Suzy က​တော့ နံပါတ် ၅ ​နေရာမှာ ရှိ​နေပါတယ်။ သူမဟာ Guess, Lancome, OutdoorK2, Reebok, Swarovski, Kersasys နဲ့ Caringlasses အပြင် အခြား​သော ကုန်အမှတ်တံဆိပ်များစွာရဲ့ ​မော်ဒယ်အဖြစ် ​ဆောင်ရွက်​နေတာ​​ကြောင့် ကိုရီးယားရဲ့ ကြေငြာ​လောကကို သိမ်းပိုက်ထားတဲ့ အနုပညာရှင်​တွေထဲ အပါအဝင်ဖြစ်ပါတယ်။

ကမ္ဘာ​ကျော်ဇိမ်ခံ brand “Dior” ရဲ့ ambassador လည်းဖြစ်ပါတယ်။ Suzy ဟာ drama အပိုင်းတစ်ပိုင်းရိုက်ကူးရင် ​ဒေါ်လာ ၁၆,၇၀၀ ​လောက်ရရှိပြီး သူမရဲ့ ပိုင်ဆိုင်မှုစုစု​ပေါင်းဟာ ဒေါ်လာ ၂၅ သန်း​လောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

  • 4. BoA

နံပါတ် ၄ ​နေရာမှာ ဗိုလ်စွဲခဲ့တာက​တော့ SM Entertainment က တစ်ကိုယ်​တော်အဆိုရှင်တစ်ဦးဖြစ်တဲ့ BoA ပဲဖြစ်ပါတယ်။ BoA ဟာ ၂၀၀၀ ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပြီး အား​ကောင်းတဲ့အသံနဲ့ ထူးချွန်တဲ့ အကစွမ်းရည်တို့​ကြောင့် မသိသူမရှိ​အောင် နာမည်ကြီးပါတယ်။

ထိုစဉ်ကစလို့ “Queen of K-Pop” လို့ ​​အမည်တွင်ခဲ့ပြီး လက်ရှိ Mnet ရဲ့ “Street Woman Fighter” အစီအစဉ်မှာလည်း ဒိုင်အဖြစ် ​ဆောင်ရွက်​နေပါတယ်။ သူမရဲ့ ပိုင်ဆိုင်မှုစုစု​ပေါင်းကလည်း ခန့်မှန်း​ခြေ ​ဒေါ်လာ ၂၅ သန်း​လောက်ရှိမယ်လို့ The Guru က ​ဖော်ပြထားပါတယ်။

  • 3. Sandara Park

2NE1 အဖွဲ့ဝင်​ဟောင်းဖြစ်တဲ့ Sandara Park က​တော့ နံပါတ် ၃ ​​နေရာမှာ ရပ်တည်​နေပါတယ်။ သူမဟာလည်း CLIO, Etude House တို့အပြင် အခြားအလှကုန် brand များစွာရဲ့ ​မော်ဒယ်အဖြစ် လုပ်​ဆောင်ခဲ့ပြီး variety show များစွာကို ရိုက်ကူး​နေရတဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် “Cheese in the Trap” နဲ့ “One Step” ရုပ်ရှင်ကား​တွေမှာလည်း ပါဝင်သရုပ်​ဆောင်ခဲ့ပါတယ်။ Dara ရဲ့ ပိုင်ဆိုင်မှုအားလုံး​ပေါင်းက​တော့ ​ဒေါ်လာ သန်း ၃၀ ​လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

  • 2. Lee Hyori

နံပါတ် ၂ ​နေရာမှာရှိ​နေတာက​​တော့ K-Pop ပထမမျိုးဆက် Fin.K.L ရဲ့ အဖွဲ့ဝင်​ဟောင်း Lee Hyori ဖြစ်ပါတယ်။ ​သူမဟာ ​Solo Artist အဖြစ်ပွဲဦးထွက်ပြီး​နောက် လူကြိုက်အရမ်းများခဲ့ပြီး ​သတင်းစာ​တွေရဲ့ ​ခေါင်းကြီးပိုင်းမှာ ​နေ့တိုင်းပါခဲ့ပါတယ်။ Lee Hyori ဟာ ၂၀၀၆ ခုနှစ်မှာလည်း ဝင်​ငွေအများဆုံးရရှိတဲ့ မိန်းက​လေး Idol ဖြစ်ခဲ့ပါတယ်။

သူမဟာ ယခင်က Lotte ရဲ့ ဆိုဂျူတံဆိပ် “Chum Churum” ရဲ့ ​မော်ဒယ်လည်းဖြစ်ခဲ့ပြီး ​ကြော်ငြာများစွာရိုက်ကူးခဲ့ရပါတယ်။ အိမ်​ထောင်ပြုပြီး​နောက်မှာလည်း “Hyori’s Homestay” နဲ့ “Hangout With Yoo” အစီအစဉ်​တွေနဲ့ ပြန်လည်​ရေပန်းစားလာခဲ့ပါတယ်။ သူမရဲ့ ပိုင်ဆိုင်မှုစုစု​ပေါင်းက​​တော့ ​ဒေါ်လာ သန်း ၃၀ က​နေ သန်း ၄၀ ထိရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

  • 1. IU

နံပါတ် ၁ ​နေရာကို သိမ်းပိုက်ထားတာက​​တော့ IU ပါ။ သူမရဲ့ ပိုင်ဆိုင်မှုက​တော့ ​ဒေါ်လာ ၃၁ သန်းက​နေ ​ဒေါ်လာ ၄၅ သန်းကြားရှိပါတယ်။ IU ရဲ့ ဝင်​ငွေအများစုက​တော့ သီချင်းမူပိုင်ခွင့်​တွေက​နေ ရရှိတာပါ။ သူမ​ရဲ့ အနုပညာသက်တမ်းတစ်​လျှောက်မှာ သီချင်းအပုဒ်​ရေ ၅၀ ​ကျော်ကို ​ရေးသားခဲ့ပါတယ်။

​နောက်ထပ်ဝင်​ငွေ အရင်းအမြစ်က​တော့ drama ​တွေပါ။ IU ဟာ အဆို​တော်တစ်ဦးအ​နေနဲ့ နိုင်ငံတကာပရိသတ်​တွေရဲ့အချစ်ကို ရရှိထားတဲ့အပြင် “Hotel de Luna”, “Moon Lovers: Scarlet Heart Ryeo” တို့လို ဇာတ်လမ်းတွဲ​တွေနဲ့ K-drama ပရိသတ်​တွေရဲ့ နှလုံးသားကိုပါ အရယူခဲ့ပါတယ်။ ဒါ့အပြင် IU ဟာ ​J.estina, New Balance, Chamisul, CNP Laboratory အပြင် အခြားကုန်ပစ္စည်းများစွာရဲ့ ​မော်ဒယ်လည်းဖြစ်ပါတယ်။

Source : Kpopstarz
Photo : Pinterest
Written : ZL