Celebrity News

ညံ့တဲ့အရာတစ်ခုရှိတယ်ဆိုပြီး BTS နဲ့အတူ ပွဲဦးမထွက်‌နိုင်တော့မလို ဖြစ်ခဲ့ဖူးရှာတဲ့ Jimin

Kpop Trainee တွေရဲ့အကြီးမားဆုံးမျှော်လင့်ချက်ကတော့ Idol အဖြစ် ပွဲဦးထွက်နိုင်ဖို့ပါပဲ။ ဒါပေမဲ့ အပြိုင်အဆိုင်များလွန်းသလို ကိုယ့်မှာ တစ်ခုခုလိုအပ်ချက်ရှိနေရင် ချွတ်ချောပြီး ပွဲဦးမထွက်နိုင်တာမျိုးတွေကလည်း အများကြီးပါပဲ။ Jimin ကလည်းပဲ အခြေအနေတစ်ခုကြောင့် BTS နဲ့အတူ Idol တစ်ဦးအဖြစ် ပွဲဦးထွက်ခွင့်မရတော့မယ့် အချိန်တွေလည်းရှိခဲ့ဖူးပါတယ်။

JTBC’s Please Take Care of My Refrigerator အစီအစဉ်မှာတုန်းက Jin နဲ့ Jimin ဟာ ပွဲဦးမထွက်စဉ်က အဖြစ်အပျက်တွေကိုပြောပြခဲ့ဖူးပါတယ်။ Jimin ဆိုတာက သူ့ရဲ့ အချိုးအစားကျပြီး ရင်သပ်ရှုမောဖွယ်အကကြောင့် နာမည်ကြီးသူတစ်ယောက်ပါ။

ဒါပေမဲ့ အဖွဲ့နဲ့ ပွဲဦးမထွက်နိုင်မယ့်အကြောင်းအရင်းကိုပြောပြခဲ့တဲ့အခါမှာတော့ အားလုံးလန့်သွားခဲ့ပါတယ်။ Jimin က “ကျွန်တော်လေ BTS အဖွဲ့နဲ့ ပွဲဦးထွက်ခွင့် မရနိုင်တော့မယ့်အခြေအနေတောင် ဖြစ်ခဲ့ဖူးတယ်။ ဘာလို့လဲဆိုတော့ အဲ့တုန်းက အကမတော်ခဲ့ဘူး။

ကျွန်တော်က ခေတ်ပေါ်အကကို အထူးပြုယူခဲ့သူဆိုတော့ Idol အဖွဲ့အတွက် ကကွက်တွေနဲ့ယှဉ်ရင် တော်တော်ကွဲထွက်နေခဲ့ပါတယ်။ အကစတိုလ်ကိုပြောင်းဖို့အတွက် တော်တော်လေး ခက်ခဲတဲ့စိန်ခေါ်မှာဖြစ်ခဲ့ပါတယ်။ Jin ကဆိုရင် ကျွန်တော့်ကို တည့်တည့်ကြည့်ပြီး ကျွန်တော်က အဖွဲ့ကနေ အထုတ်ခံရမယ်ဆိုပြီးတော့တောင် ပြောခဲ့သေးတယ်” ဆိုပြီး Jin ကို စနောက်ရင်း ‌ပြောပြခဲ့ရှာပါတယ်။

Jin ကတော့ Jimin ရဲ့စကားကို ပြန်လည်ချေပရင်း ချီးကျူးနေခဲ့ပါတော့တယ်။ “Jimin က မွေးလာတဲ့ကတည်းက ရိုးရိုးကုပ်ကုပ်နဲ့ မာန်ချပြီးနေတတ်တဲ့ကောင်လေးမျိုး.. ကျွန်တော်ကျတော့ ကမ္ဘာပေါ်မှာ ငါ့မျက်နှာက အခန့်ညားဆုံးပဲဆိုပြီး ဂုဏ်ယူရင်းပြောဆိုနေတတ်တဲ့သူမျိုး… အဲ့တော့ ဆန့်ကျင်ဖက်ပဲ” ဆိုပြီး ဝေါ်လ်ဝိုက်ဟမ်းဆမ်းကြီးပီပီ ပြောချခဲ့ပြန်ပါသေးတယ်။

ပျော်ပျော်နေတတ်တဲ့အဖွဲ့သားတွေနဲ့ ပွဲဦးထွက်ခွင့်ရခဲ့တဲ့ Jimin ကတော့ ဒီမတိုင်ခင်က တော်တော်လေးကြိုးစားခဲ့ရရှာပါတယ်။ အဖွဲ့ကနေ ထုတ်ခံရမလို (၈) ခါတိတိဖြစ်ခဲ့ဖူးပေမဲ့ သူဟာ BTS အဖွဲ့အတွက် မရှိမဖြစ်အဖွဲ့ဝင်ဖြစ်ကြောင်းကို စင်မြင့်ထက်မှာနေရင်း သက်သေထူနေပါပြီနော်။

Source: Koreaboo
Photos; Koreaboo
Translated by Julix