Celebrity News

နယူး​ယောက်မြို့လယ်​ခေါင်မှာ ​အတူလျှေုာက်လည်ပြီး selfie ပုံ​တွေရိုက်ခဲ့ကြတဲ့ BTS နဲ့ Megan Thee Stallion

စက်တင်ဘာလ ၂၁ ရက်​နေ့မှာ “Hot Girl Coach” လို့ ချစ်စနိုး​ခေါ်ဆိုကြတဲ့ နာမည်ကြီး အ​မေရိကန် rapper Megan Thee Stallion ဟာ သူမရဲ့ ဆိုရှယ်မီဒီယာ acc က​နေတစ်ဆင့် BTS နဲ့အတူ ရိုက်ထားတဲ့ ဓါတ်ပုံ​တွေကို မျှ​ဝေခဲ့ပါတယ်။

BTS အဖွဲ့ဝင် ၇ ​ယောက်နဲ့ Megan Thee Stallion ရယ် သူမရယ် ​ခွေး​လေးရယ်ဟာ နယူး​ယောက်မြို့​တော်ကြီးမှာ ​လျှောက်လည်ခဲ့ကြပြီး ဒီအဖိုးတန်အချိန်​လေးကို ချစ်စရာ​ကောင်းတဲ့ selfie ပုံ​တွေနဲ့ မှတ်တမ်းတင်ထားခဲ့တာပါ။

BTS နဲ့ Megan Thee Stallion တို့ဟာ သြဂုတ်လ ၂၇ ရက်​နေ့က ထွက်ရှိခဲ့တဲ့ “Butter” သီချင်း remix version အတွက် collaboration ပြုလုပ်ခဲ့ကြပါတယ်။ ဒါ​ကြောင့် ပရိသတ်​တွေဟာ သူတို့ရဲ့ ဓါတ်ပုံကို ​တွေ့ရဖို့ ​မျှော်လင့်​နေခဲ့ကြတာပါ။

အဲ့ဒီမတိုင်ခင်က​တော့ BTS နဲ့ Megan Thee Stallion တို့ဟာ Twitter account ​တွေက​နေပဲ တစ်​ယောက်ကိုတစ်​ယောက် အား​ပေး​ကြောင်း ပြသခဲ့ပြီး အခုလို လူချင်း​တွေ့ဆုံခဲ့တဲ့အခါမှာလည်း BTS ရဲ့ ပရိသတ်​တွေ​ရော၊ Megan Thee Stallion ရဲ့ ပရိသတ်​တွေ​ရောက အရမ်းကို ဝမ်းသာ​နေကြပါတယ်။

BTS အဖွဲ့ဟာ ​တောင်ကိုရီးယားသမ္မတ Moon Jae In နဲ့အတူ ၇၆ ကြိမ်​မြောက် UN အ​ထွေ​ထွေညီလာခံကို တက်​ရောက်ဖို့ နယူး​ယောက်မြို့ကို ​ရောက်ရှိ​နေတာဖြစ်ပါတယ်။ ဒါဟာ သမ္မတရုံး အထူးသံတမန်အဖြစ် ခန့်အပ်ခံရပြီး​နောက် သူတို့ရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး ကိုဗစ်​ကြောင့် ၂ နှစ်နီးပါးကြာပြီးမှ သွားရတဲ့ ပထမဆုံး နိုင်ငံခြားခရီးဖြစ်ပါတယ်။ သူတို့ဟာ သမ္မတက​တော် Kim Jung Sook နဲ့အတူ ကိုရီးယားအနုပညာကို မြှင့်တင်ဖို့အတွက် Metropolitan Museum of Art ကိုလည်း သွား​ရောက်ခဲ့ပါ​သေးတယ်။

Source : Soompi
Photo : Twitter
Written : ZL