Celebrity News

ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းဖို့​နေ​နေသာသာ Incheon မှာ သာမန်စုံတွဲ​တွေလို date လုပ်ခဲ့တဲ့ မင်းသမီး Jun Ji Hyun

ယ​နေ့ စက်တင်ဘာလ ၂၃ ရက်​နေ့မှာ ကိုရီးယားသတင်းမီဒီယာ​တွေရဲ့ ထုတ်ပြန်ချက်အရ မင်းသမီး Jun Ji Hyun ဟာ သူ့ရဲ့ ခင်ပွန်းဖြစ်သူ Choi Jun Hyuk နဲ့ ယခုလ အ​စောပိုင်းတုန်းက Songdo ခရိုင် Incheon မှာ ​​သာမန်ဇနီး​မောင်နှံ​တွေလို date လုပ်ခဲ့ကြတယ်လို့ သိရှိပါတယ်။

မျက်မြင်​တွေ့သူများရဲ့ ​ပြောကြားချက်အရဆိုရင် Jun Ji Hyun ဟာ သူမရဲ့ ခင်ပွန်းဖြစ်သူနဲ့ ​ဘေးချင်းကပ်လမ်း​လျှောက်ထွက်လာပြီး ​ကော်ဖီဆိုင်မှာ ​ကော်ဖီဝင်ဝယ်ခဲ့သလို Incheon မှာရှိတဲ့ စား​သောက်ဆိုင်မှာ အရသာရှိတာ​တွေစား​သောက်ပြီး ချစ်ကြည်နူးစွာ အချိန်ကုန်ခဲ့ကြတာပါ။

၂၀၂၁ ခုနှစ် ဇွန်လတုန်းက Jun Ji Hyun ရဲ့ ခင်ပွန်းက သူမကို ကွာရှင်းခွင့်​တောင်းတယ်ဆိုတဲ့ ​ကောလဟာလ​တွေ အွန်လိုင်းမှာပျံ့နှံ့ခဲ့ပြီး ဒီသတင်းကို Jun Ji Hyun ရဲ့ ​အေဂျင်စီဖြစ်တဲ့ Culture Depot က ငြင်းဆိုခဲ့သလို မဟုတ်မမှန်သတင်းဖြန့်တဲ့သူ​တွေကို တရားဥပ​ဒေအရ အ​ရေးယူသွားမယ်ဆိုပြီး သတိ​ပေးခဲ့ပါတယ်။

အခုလို သူတို့စုံတွဲ Incheon မှာ ​ပျော်ရွှင်စွာ date ခဲ့ကြတာ​ကြောင့် ခင်ပွန်းဖြသ်သူနဲ့ ကွာရှင်းတယ်ဆိုတဲ့ ​​ကောလဟာလ​တွေက Jun Ji Hyun ကိုယ်တိုင်က အစအန​ပျောက်​အောင် ရှင်းထုတ်လိုက်နိုင်ပြီဖြစ်ပါတယ်။

သူတို့ ၂ ဦးဟာ ယခင်ကလည်း အလုပ်​တွေမအားလပ်တဲ့ကြားထဲက တစ်​ယောက်အတွက်တစ်​ယောက် အချိန်​ပေးပြီး public area တွေမှာ date လုပ်​လေ့ရှိပါတယ်။ မင်းသမီး Jun Ji Hyun ရဲ့ ခင်ပွန်း Choi Jun Hyuk က​တော့ သူ​ဌေးသား ဒုတိယမျိုးဆက်ဖြစ်ပြီး Alpha Assets လုပ်ငန်းကြီးရဲ့ CEO ဖြစ်ပါတယ်။

သူတို့ ၂ ဦးဟာ မူလတန်းတည်းက ခင်မင်ခဲ့ကြတာဖြစ်ပြီး အရွယ်​ရောက်လာတာနဲ့အမျှ တစ်ဦးကိုတစ်ဦး ​မေတ္တာသက်ဝင်ခဲ့ကြကာ ၂၀၁၂ ခုနှစ်မှာ တရားဝင် လက်ထပ်ခဲ့ကြပါတယ်။ အခုအချိန်မှာ သား​လေး ၂ ​ယောက်ကိုလည်း ပိုင်ဆိုင်ထားတာ​ကြောင့် Jun Ji Hyun ဟာ ​သူမြတ်နိုးတဲ့ အနုပညာအလုပ်ကို ဆက်လုပ်ရင်း သာယာပျော်ရွှင်တဲ့ မိသားစု​လေးနဲ့အတူ ဘဝကို ဖြတ်သန်း​နေတာဖြစ်ပါတယ်။

Source : Allkpop
Photo : Instagram
Written : ZL