Celebrity News

အတည်ပေါက်ကြီးနဲ့ စနောက်ခဲ့တဲ့ V ကြောင့် မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ငိုခဲ့ရဖူးတဲ့ Beomgyu

BTS နဲ့ TXT အဖွဲ့က တကယ်ချစ်စရာကောင်းတဲ့ အဆက်အဆံလေးတွေရှိကြတာကို သိကြမှာပါ။ Beomgyu ကတော့ BTS’s V ထံကနေ အတည်ပေါက်ကြီးစနောက်ခံရပြီး ရလဒ်ကတော့ ထင်မထားလောက်အောင် ဖြစ်ဖူးတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

Naver V Live မှာ Beomgyu နဲ့ Soobin က သူတို့ရဲ့ cover performance တွေကို ပြန်ကြည့်ရင်း BTS’s “Boy in Luv” သီချင်းနဲ့ပတ်သက်လို့ အမှတ်တရတွေကို ပြန်ပြောပြခဲ့ပါတယ်။ Beomgyu က “Boy in Luv” ထဲက V အပိုင်းကိုကရင်း ဘယ်သူမှသတိမထားမိတဲ့ အမှားသေးသေးလေးလုပ်ဖူးကြောင်းကိုပါ ထည့်ပြောသွားပါတယ်။

အမှတ်တရတွေနဲ့ပတ်သက်လို့ Beomgyu က “အဲ့တင်ဆက်မှုအတွက် အစ်ကို Taehyung ကိုဖုန်းဆက်ပြီး ‘Hyung, “Boy in Luv” ကိုဆိုတော့ အစ်ကို့အသံကို ဘယ်လိုပြင်ဆင်ခဲ့လဲ?’, ‘ကျွန်တော့်အတွက် ဘယ်လိုမျက်နှာထားမျိုးက ပိုပြီးကောင်းမယ်ထင်လဲ?’ အဲ့လိုတွေတောင် မေးမိသေးတယ်။

BTS သီချင်းကို ပထမဆုံးအကြိမ် Cover ရတာမို့လို့ အကောင်းဆုံးလုပ်ပြချင်ခဲ့တာ။ အဲ့လိုတွေမေးတော့ Taehyung က ‘ကောင်းကောင်းလုပ်နော်’ ဆိုပြီး ပြောသေးတယ်။ ဒီလိုနဲ့ စင်ပေါ်လည်းတက်ကော ‘ဒီနေ့ stage ကိုတော့ အလန်းဆုံးဖြစ်အောင် လုပ်မယ်!’ ပေါ့။

ဒါပေမဲ့ အဲ့မှားသွားတဲ့အပိုင်းရောက်မှ မိုက်ကြီးက ပါးစပ်ထဲကို ဝင်ဝင်ချလာတော့ ဖယ်ဖို့လုပ်ရင်း အမှားတွေဖြစ်ကုန်ရော။ တော်တော်ကို စိတ်တိုတာ။ hyung တွေကို အားနာလို့ အဝတ်အစားလဲတဲ့အခန်းကို ပြန်လာတော့ ငိုသေးတယ်။

BTS hyung တွေကို သွားနှုတ်ဆက်မယ်ဆိုတော့ အငိုတိတ်သွားတုန်းရှိသေး အစ်ကို Taehyung က ကျွန်တော့်ကို prank လုပ်ကော။ hidden-camera prank လုပ်တာပေါ့နော်။ ဘယ်လိုတုန်းဆို ရုပ်တည်ကြီးနဲ့ ‘မင်း ဘာလို့ အကောင်းဆုံးမလုပ်တာလဲ? ဘာလို့ အကုန်လုံး ပျက်ဆီးအောင်လုပ်ပစ်တာလဲ?’ ဆိုပြီး စပြီး‌ဆူရော။

အဲ့တုန်းက မကြောက်ပေမဲ့ တော်တော်လေးဝမ်းနည်းပြီး စိတ်မကောင်းလည်းဖြစ်သွားတာ။ အဲ့တာနဲ့ အဲ့နားတင် ငိုချင်းချတော့တာပေါ့။ သဲသဲမဲမဲကြီးကို ငိုတော့တာ။ ကျွန်တော်ငိုတာလည်းမြင်ကော Taehyung က လန့်သွားပြီး ကျွန်တော့်ကို ဖက်ရင်း ‘Hey, hey, အစ်ကို တောင်းပန်ပါတယ်ကွာ! မင်းအကောင်းဆုံးလုပ်ခဲ့ပါတယ်။

တကယ်ကို အကောင်းဆုံးလုပ်ခဲ့တာပါ!’ ဆိုပြီး ပြန်ပြောခဲ့ပါတယ်” လို့ အဖြစ်အပျက်စုံကို လူသိရှင်ကြား ပြောချပါတော့တယ်။ Soobin ကလည်း “တခြား BTS အဖွဲ့ဝင်တွေကလည်း prank လုပ်တဲ့အထဲ ပါတယ်။

V က Beomgyu ကို ဆူလို့ ငိုလည်းငိုရော အကုန်လုံးက ‘Hey, Kim Taehyung… မင်း ဘယ်လိုတောင် စနေတာတုန်း? Beomgyu လေးကို ဘာလို့ငိုအောင်လုပ်တာတုန်း?’ ဆိုပြီး ဘေးကနေ အော်ဟစ်လိုက်ကြသေးတယ်” လို့ အမှတ်တရတွေကို ပြန်ပြောပြခဲ့ပါတော့တယ်။

Beomgyu ကလည်း ရီရင်း “အစ်ကို Taehyung က ကျွန်တော့်ကို ဆက်ပြီး ပွေ့ဖက်ရင်း ကျွန်တော်အကောင်းဆုံးလုပ်နိုင်ခဲ့ကြောင်း တဖွဖွပြောပေးခဲ့ပါသေးတယ်။ Taehyung က ကျွန်တော့်ကို တကယ်ကို ဂရုစိုက်ပေးပါတယ်” လို့ ပြောပြခဲ့ပါတော့တယ်။

BTS အဖွဲ့သားတွေနဲ့ TXT အဖွဲ့သားတွေက တအားရင်းနှီးပြီး ဂိမ်းတွေလည်း အတူဆော့ကြပါသေးတယ်။ ညီပေါက်စလေးတွေရနေတဲ့ BTS ကတော့ စလိုက်နောက်လိုက်လုပ်ရင်း ပျော်နေတော့မှာပါပဲ။

Source: Soompi
Photos: Naver
Translated by Julix