Celebrity News

Kai ဘယ်လောက် ကံကောင်းမကောင်း ဆိုတာသိရမဲ့ Kai ရဲ့ ပထမဆုံး YouTube Vlog

EXO အဖွဲ့ဝင်တွေမှာ ကိုယ်ပိုင် YouTube Channel ရှိသူတွေဟာ Chen, Lay, Chanyeol နဲ့ Baekhyun တို့ ဖြစ်ကြပြီး ကျန် Member တွေကတော့ EXO YouTube channel မှာဘဲ video လေးတွေ တင်ပါတယ်။ ဟိုးတစ်ပတ်လောက်တုန်းက Kai ဟာ သူ YouTube Vlog ရိုက်နေတယ်လို့ အရိပ်အမြွက်ပေးခဲ့ပါတယ်။

ပရိသတ်တွေဟာ Kai ကိုယ်ပိုင် YouTube channel ထောင်တော့မလားလို့ ဆိုပြီး ဝမ်းသာနေခဲ့ကြတာပါ။ ဒါပေမဲ့ မနေ့က Kai ဟာသူ့ရဲ့ ပထမဆုံး YouTube Vlog ကို EXO official channel မှာဘဲ “KAIST” ဆိုပြီး တင်ခဲ့ပါတယ်။ ကြာချိန်ကတော့ 25 minute ဘဲရှိပြီး ထို vlog ဟာ သူဘယ်လောက်ကံကောင်းမကောင်း စမ်းသပ်တဲ့ အကြောင်းလေးကို ရိုက်ကူးထားတာပါ။

ပထမဆုံးအနေနဲ့ Kai ဟာ သူတနေကုန်ဝတ်မဲ့အဝတ်အစား ၃စုံထဲက အလယ် box (Mmmh video ထဲက outfit ) လေးကို ရွေးချယ်မိခဲ့ပါတယ်။ ထို outfit ဟာ MV ထဲမှာဆို ကိစ္စမရှိပေမဲ့ လူကြားထဲဝတ်ဖို့က နည်းနည်းကြောင်တောင်တောင်နိုင်ပါတယ်။ သူလဲဝတ်ပြီးတဲ့နောက်မှာတော့ ရှက်လို့ သူကိုယ်သူ “EXO အဖွဲ့ဝင် Suho” ပါဆိုပြီး ဟာသနှော မိတ်ဆက်ခဲ့ပါတယ်။

ပြီးတော့ သူ နောက်တနေရာကို သွားဖို့ ကံကြမ္မာဟောစာတမ်းလေးတွေပါတဲ့ Cookie လေး ၃ခုထဲက တစ်ခုကို ရွေးချယ်ခဲ့ပါတယ်။ (လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကားစီးခြင်း) ထဲကမှ စက်ဘီးစီးဖို့ မဲ ပါတာကို သူ ရွေးခဲ့မိပါတယ်။ ဒါကြောင့် Kai ဟာ စက်ဘီးစီးပြီး ခရီးဆက်ခဲ့ရပါတယ်။ အစက ငြီးနေပေမဲ့ ဟန်မြစ်တံတားကို ဖြတ်တဲ့နေရာမှာ မြစ်ရဲ့အလှကြောင့် Kai ဟာ ပျော်သွားခဲ့ပါတယ်။

နောက်ရပ်နားစခန်းရောက်တော့ အကြွေစီးခေါင်းပန်းလှန်ပြီး နိုင်သွားလို့ ရှေ့ဆက်သွားမဲ့ခရီးအတွက် Taxi နဲ့ သွားခွင့်ရခဲ့ပါတယ်။ သူသွားရမဲ့နေရာ Seoul forest ( SM building အသစ်) ကိုရောက်တော့ Kai ဟာ 7 ထပ် ကိုသွားဖို့အတွက် မဲနှိုက်ရပြန်ပါတယ်။ ကံကောင်းလို့ လှေကားတက်ပြီးသွားရမဲ့ “မဲ”ထက် ဓာတ်လှေကားနဲ့ တက်ရမဲ့ “မဲ”ကိုရွေးမိသွားပါတယ်။ ဒါပေမဲ့ သူ့မဲဟာ ဓာတ်လှေကားစီးခွင့်ရပေမဲ့ ခလုပ်နှိပ်ခွင့်မရတဲ့မဲပါ။

ဒါကြောင့် ဓာတ်လှေကားနဲ့လိုက်မဲ့ သူတွေကို စောင့်ရပြန်ပါတယ်။ တစ်ထပ်ပြီး တစ်ထပ် ၃ယောက်လောက် ဝင်လိုက်ဆင်းလိုက်နဲ့ နောက်ဆုံးမှ 7 ထပ်ကို သွားမဲ့သူ ပါလာလို့ Kai အလိုရှိရာ ရောက်ခဲ့ပါတယ်။ အပေါ်ရောက်သွားတော့ အမောပြေသောက်ဖို့ ရွေးချယ်စရာ menu 3 ခု ထဲကမှ A ကိုရွေးမိလို့ Hot Americano ကို သောက်ရပါတယ်။

B သာရွေးဖြစ်ရင် သူ ကြိုက်တဲ့ Ice latte ကို သောက်ရမှာပါ။ ဒါပေမဲ့ Kai ဟာ သူဟာ တနေကုန် စက်ဘီးစီးချွေးထွက်လာလို့ Hot americano သောက်ရလည်း အဆင်ပြေတယ်ဆိုပြီး သောက်ပါတယ်။ အမောပြေသောက်ပြီး meeting room တွေကို လှည့်ပတ်ကြည့်ရှုပြီးတဲ့နောက်မှာ နေ့လည်စာ meal အတွက် မြှားပစ် game ကစားခဲ့ရပါတယ်။ 7 မှတ်ရခဲ့တဲ့အတွက် Mmhh special buffet set စားခွင့်ရခဲ့ပါတယ်။

ထို buffet မှာ Jelly တွေလည်းပါလို့ စားရတာမာနေပေမဲ့ သူ့ကို wine တိုက်လို့တော်ပါသေးတယ်ဆိုပြီး Kai က ဖြည့်တွေးပေးခဲ့ပါတယ်။ နောက်ဆုံး အိမ်ပြန်ခွင့်ရမရ Cha..cha..cha ကစားနည်း ကစားခဲ့ပြီး သူတခါတည်းနိုင်သွားလို့ အိမ်ပြန်ခွင့်ရခဲ့ပါတယ်။

အားလုံးခြုံကြည့်ရင်တော့ Kai ဟာ ကံအရမ်းမကောင်းပေမဲ့ ကံ အသင့်အတင့်ရှိတာတော့ တွေ့ရမှာပါ။ ဒါကတော်ပါသေးတယ်။ ခါတိုင်းဆို Kai က ဘာဂိမ်းဘဲကစားကစား အမြဲရှုံးတာကို Kai variety show တွေ ကြည့်တဲ့သူဆို သိမှာပါ။ ဒါပေမဲ့ Kai ဟာ အကောင်းမြင်စိတ်ရှိတဲ့သူ ဖြစ်ကြောင်းလည်း ခု vlog မှာတွေ့နိုင်ပါတယ်။

Source: EXO official YouTube channel
Written: Violet