Celebrity News

Kris Wu ကြောင့်လို့ နာမည်တပ်ရင်း အရူးအမူး‌ပံ့ပိုးကြတဲ့ Fan တွေကို ထိန်းချုပ်ဖို့ လုပ်ဆောင်နေ

Kris Wu ကတော့ ဖြေရှင်းချက်မရှိ ထိန်းချုပ်ခြင်းခံရပြီး အောင်မြင်ကျော်ကြားနေစဉ်မှာပဲ အနုပညာ‌နယ်ပယ်ထဲကနေ ဖယ်ရှားခံလိုက်ရပါတယ်။ ဒါပေမဲ့လည်း Kris ဟာ မတရားစွပ်စွဲအပြစ်ရှာခံရတာဖြစ်လို့ အဆုံးထိ ယုံကြည်ရပ်တည်နေကြတဲ့ပရိသတ်တွေကတော့ ကမ္ဘာအနှံ့မှာ အများအပြားပါပဲ။

Idol တစ်ယောက်ဖြစ်တာကြောင့် Kris ကို ဟိုးအရင်ကအားပေးခဲ့ကြတဲ့ အမာခံအရူးအနူးပရိသတ်တွေဟာ ကယ်ဆယ်ဖို့ စိတ်အားထက်သန်နေကြပြီး ထောင်ဖောက်ဖို့ကိုတောင် အစီအစဉ်ချနေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ပြန်ပါတယ်။

Kris ရဲ့ အမှုကိစ္စက လက်ရှိမှာ စုံစမ်းစစ်ဆေးနေဆဲဖြစ်တာကြောင့် အာဏာပိုင်ဖက်ကနေ ဒီလိုသတင်းတွေကို အနံ့ရသွားပြီး တန်းတန်းစွဲ fan culture ကို ထိန်းချုပ်ဖို့ စတင်လုပ်ဆောင်နေပါတယ်။

ဇူလိုင် ၃၁ ရက်နေ့ကတည်းက ထိန်းသိမ်းခံလိုက်ရတဲ့ Kris ကို August 16 မှာပဲ ဖမ်းဆီးလိုက်ကြပြီး Kris ရဲ့ လူမှုကွန်ရက် accounts တွေ၊ သီချင်း၊ ရုပ်ရှင်၊ အနုပညာဖန်တီးမှုအားလုံးကို အာဏာပိုင်တွေက ဖယ်ရှားလိုက်ပါတယ်။ CCTV ဖက်ကနေလည်း Kris ရဲ့ ပရိသတ်တွေကို စတင်ဖော်ထုတ်ပါတော့တယ်။

2019 ကတည်းက အခြားသောအနုပညာရှင်တွေနဲ့ public figure ‌တွေကို အသေရေဖျက်ခဲ့ပေါင်း အမှု ၃၀ ကျော်လောက်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ Kris ရဲ့ အရူးအမူးပရိသတ်တွေထဲမှာ ၇၀% လောက်က အသက် ၃၀ အောက် လူငယ်တွေဖြစ်ကြပြီး အသရေဖျက်မှုနဲ့ မသင့်တော်တဲ့စကားလုံးများကို သုံးစွဲခဲ့ကြတဲ့အပြင် မဟုတ်မမှန်သတင်းတွေကို လုပ်ကြံကာ ဖြန့်ဝေခဲ့တယ်ဆိုပြီး ခေါင်းစဉ်တပ်ကာ ဖော်ထုတ်ပြောဆိုခဲ့ကြပါတယ်။

ဒီလိုနဲ့ Kris ကြောင့်ဆိုပြီး ခေါင်းစဉ်တပ်ကာ ပရိသတ်အဖွဲ့အစည်းတွေကို စတင်ထိန်းချုပ်လာခဲ့ပြီး ဦးဆောင်သူတွေကနေတဆင့် အနုပညာရှင်တွေနဲ့ချိတ်ဆက်ပေးတဲ့အကျိုးဆောင်ကုမ္ပဏီတွေကိုပါ စတင်စစ်ဆေးစုံစမ်းပါတော့တယ်။

အနုပညာရှင်တွေကို ထောက်ပံ့ဖို့ ငွေကြေးကောက်ခံတာမျိုး၊ မွေးနေ့တွေမှာ ဈေးကြီးလွန်းတဲ့လက်ဆောင်‌ပစ္စည်းတွေကို ပေးတာမျိုး၊ ကိုယ်ကြိုက်တဲ့ Bias တွေပါတဲ့ပစ္စည်းတွေကို ဝယ်စုတာမျိုးတွေဟာ များပြားလာလွန်းတာကြောင့် ကန့်သတ်ဖို့ ပြင်ဆင်နေတာပါ။

CCTV ရဲ့ စစ်ဆေးရရှိချက်တွေအရ အနုပညာရှင်တွေကို ထောက်ပံ့ဖို့ ပရိသတ်တွေသုံးခဲ့တဲ့ငွေဟာ တစ်လတည်းနဲ့တင် CNY 150 million (သိန်းပေါင်း ၄ သောင်း ၃ ထောင်ကျော်) ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီလိုနဲ့ Kris ရဲ့အမည်ကို အသုံးချရင်း Fan Culture ကို ထိန်းချုပ်ကန့်သတ်ဖို့ပါ အစီအစဉ်ချနေပြီဖြစ်ပါတယ်။

Source: HK01
Photos: Twitter
Translated by Julix