Celebrity News

Collab အလုပ်ချင်ဆုံး idol တစ်ယောက်ကို ရွေးချယ်ပေးခဲ့ဖူးသူလေး TWICE’s Tzuyu

Kpop နယ်ပယ်ထဲမှာ idol ပေါင်းများစွာရှိကြသလို တစ်ယောက်နဲ့တစ်‌ယောက်ကတော့ ချစ်ခင်ရင်းနှီးနေကြပါတယ်။ ပြည်တွင်းပြည်ပမှာ နာမည်ကြီးတဲ့ TWICE အဖွဲ့ဝင်တွေမှာလည်း ရင်းနှီးတဲ့ idol မိတ်ဆွေတွေအများကြီးပါပဲ။ အဖွဲ့ရဲ့ အငယ်ဆုံးလေးဖြစ်သလို အနေတည်ပြီး လှပကျော့ရှင်းသူလေး Tzuyu ဟာ Collab လုပ်လျင်တဲ့ စီနီယာ idol တစ်ဦးကို ရွေးချယ်ဖော်ပြခဲ့ဖူးပါတယ်။

Ilgan Sports နဲ့ ပြုလုပ်ခဲ့တဲ့ အမေးအဖြေကဏ္ဍမှာပဲ Tzuyu က သူမကဲ့ဆန္ဒလေးကို ထုတ်ဖော်ပြေပြခဲ့တာပါ။ Tzuyu အတွက် အတူပေါင်းဖက်ပြီး Collaboration လုပ်ချင်မိသူကတော့ “Red Velvet’s Seulgi” ပါတဲ့။ အကြောင်းပြချက်လေးကလည်း ရိုးရှင်းလှပါတယ်။ “ကျွန်မက Seulgi ကိုကြိုက်တယ်။ စီနီယာက တော်တော်လန်းလို့ပါ” ဆိုပြီး သူမရဲ့ပုံစံလေးအတိုင်း Tzuyu က‌ ဖြေဆိုပေးခဲ့ပါတယ်။

Tzuyu နဲ့ Seulgi တို့က အဖွဲ့ရဲ့ အကကောင်းသူတွေအဖြစ် နာမည်ကြီးသူလေးတွေပါ။ ရုပ်ရှည်ပိုင်းမှာလည်း ကိုယ်ပိုင်ထူးခြားချက်တွေရှိတဲ့ အလှပဂေးလေးတွေဖြစ်တာကြောင့် Tzuyu လေးရဲ့ဆန္ဒအတိုင်း Seulgi နဲ့သာ တွဲဖက်ဖြစ်မယ်ဆိုရင် ဒီ collab ကတော့ အလန်းစားကြီးဖြစ်နေတော့မှာပါပဲ။

Source: Koreaboo
Photos: Koreaboo
Translated by Julix