Celebrity News

Jin နဲ့အတူ တွဲဖက်ပြီး ဇာတ်လမ်းရိုက်ကူးဖို့အကြံပြုချက်ကို လက်ခံခဲ့တဲ့ Simon Pegg

BTS’s Jin ဟာ သရုပ်ဆောင်မေဂျာကို အဓိကယူထားပြီး ကျောင်းပြီးခဲ့တာကို အားလုံးသိထားကြမှာပါ။ ပြစ်ချက်မရှိ အပိုအလိုကင်းမဲ့စွာနဲ့ သရုပ်ဆောင်နိုင်တဲ့ Jin ရဲ့အရည်အချင်းကြောင့် မင်းသားတစ်‌ယောက်အဖြစ် မြင်တွေ့လိုကြတာ ပရိသတ်တွေရဲ့ ဆဒ္ဒပဲဖြစ်ပါတယ်။

ဟောလီးဝုဒ်မင်းသားဖြစ်သူ Simon Pegg ကလည်း Jin နဲ့အတူ K-drama တစ်ခုလောက် တွဲဖက်ရိုက်ကူးချင်ကြောင်း အကြောင်းပြန်ထားပါတယ်။ စက်တင်ဘာလ ၂၆ ရက်နေ့တုန်းကပဲ Simon Pegg ဟာ BTS’s Jin ရဲ့ ရုပ်ပုံနဲ့ တွဲဖက်ကာရိုက်ကူးထားတဲ့ဓာတ်ပုံကတော့ အင်တာနက်တခွင် အုန်းအုန်းကြွသွားပါတော့တယ်။

နာမည်ကျော် အင်္ဂလိပ်မင်းသားဖြစ်တဲ့ Simon Pegg က ဟာသပညာရှင်၊ ဇာတ်ညွှန်းရေးဆရာ၊ ထုတ်လုပ်သူ စသဖြင့် အနုပညာနယ်ပယ်ပေါင်းစုံမှာ တက်မြောက်ကျွမ်းကျင်သူပါ။ September 26 ရက်နေ့မှာပဲ Simon Pegg က IG ကနေတဆင့် live လွှင့်ခဲ့ပြီး ပရိသတ်တွေရဲ့ မေးခွန်းပေါင်းများစွာကို ဖြေပေးခဲ့ပါတယ်။

ပရိသတ်တွေကတော့ Jin နဲ့အတူ Squid Game 2 မှာ ပါဝင်ရိုက်ကူးသင့်ကြောင်း အကြံပြုပြောဆိုခဲ့ကြပါတယ်။ ဒါကိုမြင်သွားတဲ့ Simon က အဆိုပါအကြံကို သဘောတူထောက်ခံခဲ့ပါတယ်။ Simon ကိုယ်တိုင်လည်း Jin နဲ့အတူ K-drama ‌တစ်ခုရိုက်ကူးချင်နေပုံပါပဲ။

ပရိသတ်တွေကတော့ နာမည်ကြီး (၂) ယောက် တွဲဖက်ရိုက်ကူးမှုက ဖြစ်လာနိုင်တယ်ဆိုပြီး မျှော်လင့်နေကြပါတယ်။ Jin ကလည်း သရုပ်ဆောင်မေဂျာ အထူးပြုကျောင်းသားအဖြစ် ဘွဲ့ရထားပြီးသားဖြစ်သလို သူ့ရဲ့အရည်အချင်းကြောင့် အားလုံးက မင်းသားအဖြစ် အလိုရှိနေကြသူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဇာတ်ကောင်ကမ်းလှမ်းမှုတွေလည်း များစွာရရှိနေသူဖြစ်တာကြောင့် Jin ရဲ့ မင်းသားအဖြစ် ပွဲဦးထွက်ဇာတ်လမ်းဟာ Simon နဲ့ ဖြစ်မလားဆိုတာကတော့ ရင်ခုန်စရာပါပဲ။ Simon Pegg ကိုယ်တိုင်ကလည်း Jin ကို Squid Game season 2 မှာ ပါဝင်သရုပ်ဆောင်တာမျိုးကို မျှော်လင့်မိကြောင်း ပြောဆိုထားပါသေးတယ်။

Source: Allkpop
Photos: Allkpop
Translated by Julix