Celebrity News

‘BTS In The Soop Season 2’ ရိုက်ကွင်း​နေရာကို ​ဝမ် ၁.၂၉၅ ဘီလီယံနဲ့ ဝယ်ယူခဲ့တဲ့ HYBE Labels

BTS အဖွဲ့ဟာ မကြာ​သေးခင်က “In The SOOP Season 2” ရဲ့ preview နဲ့အတူ ပရိသတ်​တွေကို အံ့အားသင့်​စေခဲ့ပါတယ်။ ဘာ​ကြောင့်လဲဆို​တော့ ဒီအစီအစဉ်မှာ BTS အဖွဲ့ဟာ ​တော​တောင်​တွေဝန်းရံထားပြီး သာယာလှပတဲ့ တန်ဖိုးကြီးဇိမ်ခံ အပန်း​ဖြေစံအိမ်ကြီးမှာ ​နေထိုင်ရမယ့်အပြင် ထိုအိမ်ကြီးမှာ တင်းနစ်ကွင်း၊ ​ရေကူးကန်၊ ​Gym ၊ နောက်ထပ်အိမ်တစ်လုံးနဲ့ ကြီးမားတဲ့ ပန်းခြံတို့လည်း ပါရှိ​နေတာ​ကြောင့်ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာဆိုရင် BTS အဖွဲ့အတွက် ထုတ်လုပ်​ရေးအဖွဲ့က အိမ်အပြင်ပိုင်းနဲ့ အတွင်းပိုင်း​တွေကို ပြန်လည်ပြင်ဆင်ခဲ့တာကိုလည်း ​တွေ့ရမှာပါ။ အဲ့လို တန်ဖိုးကြီးတဲ့ အပန်း​ဖြေစံအိမ်ကြီးနဲ့ အနီးအနားက ​မြေကွက်​တွေကို HYBE Labels က ဝယ်ယူထား​ကြောင်း အိမ်ခြံ​မြေကုမ္ပဏီတစ်ခုမှာ မှတ်ပုံတင်ထားတဲ့ စာချုပ်စာတမ်း​တွေ ထွက်​ပေါ်လာခဲ့ပါတယ်။

ဒီ ‘BTS In The Soop Season 2’ ရိုက်ကွင်း​နေရာဟာ Pyeongchang-gun, Gangwon-do မှာ တည်ရှိပြီး HYBE Lables ဟာ ဒီ​နေရာကို ဝယ်ယူဖို့ ဝမ် ၁.၂၉၅ ဘီလီယံ ကုန်ကျခဲ့ပါတယ်။ အဓိက အပန်း​ဖြေစံအိမ်ကြီးဟာ အထပ် ၂ ထပ်ပါရှိပြီး ၁၉၇.၈ မီတာ ကျယ်ဝန်းပါတယ်။

‘BTS in the Soop’ အစီအစဉ်က​တော့ BTS အဖွဲ့ရဲ့ reality show တစ်ခုဖြစ်ပြီး JTBC နဲ့ HYBE တို့က ပူး​ပေါင်း ထုတ်လုပ်တာ ဖြစ်ပါတယ်။ Season 1 ကို​တော့ JTBC နဲ့ Weverse တို့ကတစ်ဆင့် ပြသခဲ့ပြီး BTS အဖွဲ့ရဲ့ အားလပ်ချိန်မှာ အပန်း​ဖြေအနားယူပုံ​တွေကို ကြည့်ရှုလို့ရတာ​ကြောင့် ပရိသတ်​တွေက အလွန်ကြိုက်နှစ်သက်ခဲ့ပါတယ်။

ဒါ​ကြောင့် လာမယ့် ​အောက်တိုဘာလထဲမှာ Season 2 ကို ထုတ်လွှင့်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒီလိုမျိုး HYBE Labels က​ ရိုက်ကွင်း​နေရာကို ဝယ်ယူလိုက်တာနဲ့ ပတ်သက်ပြီး ပရိသတ်​တွေကြားမှာ​တော့ ​မေးခွန်းထုတ်စရာ​တွေဖြစ်လာခဲ့ပါတယ်။

ဒါ​ပေမဲ့ ​​တော်​တော်များများက​တော့ ဒီ​​နေရာကို ကိုရီးယား​ပရိသတ်​တွေအပြင် ကမ္ဘာတစ်ဝှမ်းက ခရီးသွားတွေအတွက်ပါ ထူးခြားတဲ့ လည်ပတ်စရာ​နေရာတစ်ခုအဖြစ် ပြန်လည်အသုံးချလိမ့်မယ်လို့ ​မျှော်လင့်ထားကြပါတယ်။ HYBE က​တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာ​တွေရဲ့ ဆက်သွယ်မှုကို လက်ခံ​ဖြေကြားထားခြင်း မရှိ​သေးပါဘူး။

Source : Koreaboo
Photo : Koreaboo, Twitter
Written : ZL