Celebrity News

အလုပ်များ​နေတဲ့ကြားက ဒဏ်ရာရ​နေတဲ့ အစွန့်ပစ်ခံ ကြောင်​လေးတစ်​ကောင်ကို ကယ်တင်ခဲ့တဲ့ J-Hope

BTS အဖွဲ့ဝင် J-Hope ဟာ ​ကောင်းမွန်တဲ့ အဓိပ္ပါယ်ကို​​ဆောင်တဲ့နာမည်ရှိရုံတင်မကပဲ စိတ်ထားကလည်း ဖြူစင်ပြီး သူတစ်ပါးကို သနားကြင်နာတတ်ကာ ကူညီလိုစိတ်အပြည့်ရှိသူလည်းဖြစ်ပါတယ်။ J-Hope ပြုလုပ်ခဲ့တဲ့ ​ကောင်းမှုကုသိုလ်တွေကလည်း ​ပြောမကုန်​လောက်​အောင်ပါပဲ။

သူဟာ ChildFund Korea ရဲ့ “Green Noble Club for Children” အဖွဲ့ဝင်လည်းဖြစ်ပါတယ်။ အဲ့ဒီ ကလပ်ဟာ ဝမ်သန်း ၁၀၀ အထက် လှူဒါန်းသူ​တွေသာ ဝင်​ရောက်ခွင့်ရတာပါ။ J-Hope ဟာ လူ​တွေကိုသာမက တိရစ္ဆာန်​လေး​တွေကိုလည်း သနားကြင်နာတတ်သူဖြစ်ပါတယ်။

မကြာ​သေးခင်က သူ့ရဲ့ ​မွန်မြတ်တဲ့ လုပ်ရပ်တစ်ခုကို ARMY တစ်​ယောက်က မျက်မြင်ကိုယ်​တွေ့​တွေ့ခဲ့ရပါတယ်။ ထို ARMY ရဲ့ ​ပြောကြားချက်အရဆိုရင် J-Hope ဟာ ဒဏ်ရာရ​နေတဲ့ လမ်း​ဘေး​ကြောင်​လေးကို ​ဆေးကု​ပေးဖို့ တိရစ္ဆာန်​ဆေးကုခန်းကို သွားခဲ့တာပါ။

“အ​မေရိကန်ကို (UN ညီလာခံတက်ဖို့) မသွားခင်မှာပဲ J-Hope က ဒဏ်ရာရ​နေတဲ့ လမ်း​ဘေး​ကြောင်​လေးကို ​ဆေးကု​ပေးဖို့ ကျွန်မ​နေထိုင်တဲ့ ရပ်ကွက်ထဲမှာရှိတဲ့ တိရစ္ဆာန်​ဆေးကုခန်းကို လာခဲ့တယ်။

သူက ​ကြောင်​လေးကို ​သေချာကြည့်​ရှု ​စောင့်​ရှောက်ပေးဖို့ ဆရာဝန်ကို ​တောင်းဆိုခဲ့ပြီး ​ဆေးကုသစရိတ်​တွေကိုလည်း သူကုန်ကျခံပါမယ်လို့​ ပြောခဲ့တယ်” ဆိုပြီး သူမရဲ့ social media မှာ ​ရေးသားခဲ့တာပါ။

အဲ့ဒီ ပရိသတ်ရဲ့ ​ပြောကြားချက်အရဆိုရင် ​ထို​ဆေးခန်းဟာ ဆိုးလ်မြို့မှာရှိတာမဟုတ်ပါဘူး။ ဒါ​ကြောင့် J-Hope ဟာ ဘယ်​​လောက်ပဲ​​ဝေး​ဝေး ​ကြောင်​လေးကို အ​ကောင်းဆုံး​စောင့်​ရှောက်ကုသမှု​ပေးနိုင်မယ့်​ဆီကို ​ခေါ်လာခဲ့တယ်ဆိုတာ သိနိုင်ပါတယ်။

“Mickey (J-Hope ရဲ့ puppy ​လေး) ကလည်း ဒီ​ဆေးခန်းကိုပဲ ပြ​နေကြမို့ ဒီ​နေရာကိုပဲ လာခဲ့တယ်လို့ ကျွန်မထင်တယ်။ J-Hope က တကယ့်နတ်သား​လေးပါပဲ။ သူက အရမ်းအံ့သြဖို့​ကောင်းတယ်” ဆိုပြီး​တော့လည်း မျက်မြင်​တွေ့ခဲ့တဲ့ ARMY က ​ပြောထားပါ​သေးတယ်။

J-Hope ဟာ Mickey ကို ပြ​နေကြဖြစ်ပြီး ရင်းနှီးယုံကြည်ရတဲ့ ​ဆေးခန်းမို့ ​ကြောင်​လေးကိုလည်း ဒီ​ဆေးခန်းကိုပဲ ​ခေါ်လာဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။ လမ်းမှာ​တွေ့တဲ့ လမ်း​ဘေး​ကြောင်​လေးတစ်​ကောင်ကို ဒီတိုင်းပစ်ထားခဲ့လို့လည်း ရ​ပေမဲ့ ခုလို ​​​ဆေးကု​ပေးခဲ့တာဟာ တကယ်ကို မွန်မြတ်တဲ့ လုပ်ရပ်ပါပဲ။

J-Hope ဟာ ယခင်ကလည်း Paw In Hand ဆိုတဲ့ app ကို သုံးစွဲပြီး တိရစ္ဆာန်​လေး​တွေကို ဘယ်​လောက်ထိချစ်​ကြောင်းပြသခဲ့ဖူးပါတယ်။ အဲ့ဒီ app ဟာ စွန့်ပစ်ခံရတဲ့ တိရစ္ဆာန်​လေး​တွေကို ​သခင်အသစ်ရှာ​ပေးပြီး ​ပျောက်ဆုံး​နေတဲ့ အိမ်​မွေးတိရစ္ဆာန်​လေး​တွေကို ရှာ​ပေးတဲ့ app ဖြစ်ပါတယ်။

သူဟာ သူ့ရဲ့ puppy ​​လေး Mickey ကိုလည်း အရမ်းဂရုစိုက်ပြီး ချစ်စရာ​ကောင်းပြီး ​ခေတ်ဆန်တဲ့ အဝတ်အစား၊ အသုံးအ​ဆောင်​တွေ ဝယ်​ပေး​လေ့ရှိပါတယ်။ ဒါ​ကြောင့်လည်း J-Hope ဟာ တစ်ကိုယ်​ကောင်းမဆန်သူ၊ နှိမ့်ချတတ်သူအဖြစ် နာမည်ကြီးပြီး ARMY ​တွေအတွက် စံပြပုဂ္ဂိုလ်ဖြစ်​နေတာဖြစ်ပါတယ်။

Source : Life of KPOP
Photo : Instagram
Written : ZL