Celebrity News

Music Chart နဲ့ ဆု​တွေကို တစ်သီကြီး သိမ်းပိုက်ဖို့ အ​စွမ်းကုန် ကြိုးစားပြင်ဆင်​​နေပြီဖြစ်တဲ့ Hwasa

Hwasa ဟာ MAMAMOO အဖွဲ့ဝင်အဖြစ် ၂၀၁၄ ခုနှစ်မှာ စတင်ပွဲဦးထွက်ခဲ့ပြီး သူမရဲ့ အား​ကောင်းတဲ့ အသံပါဝါ၊ သြဇာတိက္ကမနဲ့ stage presence ​တွေ​ကြောင့် K-Pop ​လောကမှာ ​မသိသူမရှိ​လောက်​အောင် ​အောင်မြင်​ကျော်ကြားတဲ့ စတားတစ်​ယောက်ဖြစ်ပါတယ်။

အဲ့ဒီ​နောက် ၂၀၁၉ ခုနှစ်မှာ Solo Artist အ​နေနဲ့ ပွဲဦးထွက်ခဲ့ပြီး လက်ရှိမှာလည်း ထိပ်တန်း K-Pop အမျိုးသမီး Solo Artist ​တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ ပွင့်လင်းတဲ့ အကျင့်စရိုက်နဲ့ အစားအစာကို ချစ်မြတ်နိုးမှု​ကြောင့် variety show ​လောကမှာလည်း လူသိများပါတယ်။

ဒီလိုမျိုး အဘက်ဘက်က ထူးချွန်​နေတဲ့ Hwasa ဟာ စက်တင်ဘာလ ၂၉ ရက်​နေ့မှာ Sports Chosun ရဲ့ ​ပြောကြားချက်အရဆိုရင် ယခုနှစ်အတွင်း Solo Artist အ​နေနဲ့ Comeback ပြုလုပ်​တော့မှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး Hwasa ရဲ့ ​အေဂျင်စီဖြစ်တဲ့ RBW Entertainment က “Hwasa ဟာ သူမရဲ့ တစ်ကိုယ်​တော် album အတွက် တစ်စိုက်မတ်မတ် ပြင်ဆင်လျက်ရှိပါတယ်။ ဒါ​​ပေမဲ့ album ထွက်ရှိမယ့် အချိန်အတိအကျကို​တော့ မဆုံးဖြတ်ရ​သေးပါဘူး။ ဆုံးဖြတ်ပြီးသွားတဲ့အခါ ကျွန်​တော်တို့ဘက်က အသိ​ပေး​ကြေငြာသွားပါ့မယ်” လို့ YTN News ကို ​ပြောကြားခဲ့ပါတယ်။

Hwasa ဟာ ၂၀၁၉ ခုနှစ် ​ဖေ​ဖော်ဝါရီလက “Twit” ဆိုတဲ့ single album နဲ့ solo artist အဖြစ် ပွဲဦးထွက်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဇွန်လမှာ “Maria” သီချင်းနဲ့ comeback ပြုလုပ်ခဲ့ပါတယ်။ ဒါ​ကြောင့် ဒီတစ်​ခေါက် ထွက်ရှိမယ့် album ဟာ “Maria” သီချင်းထွက်ရှိပြီး တစ်နှစ်ကြာမှ ထွက်ရှိမယ့် solo album လည်းဖြစ်ပါတယ်။

Hwasa ရဲ့ တစ်ကိုယ်​တော်သီချင်း​တွေဟာ ပြည်တွင်းပြည်ပ music chart ​တွေရဲ့ ထိပ်ပိုင်းကို သိမ်းပိုက်နိုင်ခဲ့ရုံမက ဆုကြီးများစွာကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါ​ကြောင့် ပရိသတ်​တွေဟာ သူမရဲ့ comeback သတင်းကို ကြားပြီး​နောက် အလွန်ရင်ခုန်စိတ်လှုပ်ရှား​​နေကြပြီး ဒီတစ်​ခေါက် album ဟာ ယခင် album ​တွေထက် စံချိန်သစ်တင်တဲ့ ​အောင်မြင်မှုကို ရရှိလိမ့်မယ်လို့ ​မျှော်လင့်​နေကြပါတယ်။

Source : Soompi
Photo : Pinterest
Written : ZL