Celebrity News

“My Girl” နဲ့ဆင်တူတဲ့ drama အသစ်မှာ ဟန်​ဆောင်​မောင်နှမအဖြစ် ​ပေါင်းဆုံသွားမယ့် Kang Ha Neul နဲ့ Son Ye Jin

ကိုရီးယားရုပ်ရှင်လောကမှာ မသိသူမရှိ​​တဲ့ ဒိတ်ဒိတ်ကြဲ သရုပ်​ဆောင်​တွေဖြစ်ကြတဲ့ မင်းသမီးကြီး Youn Yuh Jung, မင်းသား Kang Ha Neul နဲ့ မင်းသမီး Son Ye Jin တို့ဟာ “Trees Die on Their Feet” ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရတယ်လို့ စက်တင်ဘာလ ၂၉ ရက်​နေ့မှာ ကိုရီးယားအနုပညာနယ်ပယ်က အတွင်းလူ​တွေက ​ပြည်တွင်းမီဒီယာ​တွေထံ ပြောကြားလာပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ Youn Yuh Jung ရဲ့ ​အေဂျင်စီဖြစ်တဲ့ Hook Entertainment က “သူမဟာ ဇာတ်လမ်းတွဲအတွက် ကမ်းလှမ်းခံထားရပြီး ​ဆွေး​နွေး​နေတုန်းပါ” လို့ ​ပြောကြားခဲ့ပါတယ်။

Kang Ha Neul ရဲ့ ​အေဂျင်စီဖြစ်တဲ့ Thcompany က​တော့ “မင်းသားက အခုမှ ဇာတ်ညွှန်းရထားရုံပဲ ရှိပါ​သေးတယ်” လို့ ​တုံ့ပြန်ခဲ့ပြီး Son Ye Jin ရဲ့ ​အေဂျင်စီဖြစ်တဲ့ MSTeam Entertainment ကလည်း “သူမဟာ ‘Trees Die on Their Feet’ ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်အတွက် ကမ်းလှမ်းခံထားရပြီး ဇာတ်ညွှန်းရထားတုန်းပဲရှိပါ​သေးတယ်။ ဘာမှ မဆုံးဖြတ်ရ​သေးပါဘူး” ဆိုပြီး မီဒီယာ​တွေကို အသိ​ပေးခဲ့ပါတယ်။ “Trees Die on Their Feet” ဇာတ်လမ်းတွဲဟာ ​မြောက်ကိုရီးယားက​နေ ​တောင်ကိုရီးယားကို ​ရောက်လာပြီး လက်ရှိမှာ အသက်ရှင်ဖို့ အချိန်သိပ်မကျန်​တော့တဲ့ အဘွားအိုတစ်​ယောက်နဲ့ သူမရဲ့ ​နောက်ဆုံးဆန္ဒ​တွေကို ဖြည့်ဆည်း​ပေးဖို့ သူမရဲ့ ​မြေးအဖြစ် ​နေ​ပေး​နေတဲ့ ပြဇာတ်သရုပ်​​ဆောင်​ကောင်​လေးတစ်​ယောက်အ​ကြောင်းကို ရိုက်ကူးပုံ​ဖော်သွားမှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာ မင်းသမီးကြီး Youn Yuh Jung က ​၁၉၃၀ ခုနှစ်အတွင်း ​မြောက်ကိုရီးယားမှာ ​မွေးဖွားခဲ့ပြီး ​စစ်ပွဲအတွင်း တောင်ကိုရီးယားသို့ ထွက်​ပြေးလွတ်​မြောက်လာကာ မိသားစုနဲ့ ကွဲကွာ​နေခဲ့ပြီး ​နောက်ပိုင်း ​တောင်ကိုရီးယားရဲ့ ဟိုတယ်လုပ်ငန်းစုကြီးဖြစ်တဲ့ Hotel Nakwon ကို တည်​​ထောင်ခဲ့တဲ့ Ja Geum Soon အဖြစ် သရုပ်​ဆောင်ဖို့ ကမ်းလှမ်းခံထားရတာဖြစ်ပါတယ်။ Kang Ha Neul က​တော့ ဒီဇာတ်လမ်းတွဲကို လက်ခံခဲ့မယ်ဆိုရင် Ja Geum Soon ရဲ့ ဆန္ဒ​တွေကို ​ဖြည့်ဆည်း​ပေးဖို့ ​ဟန်​ဆောင်မြေးအဖြစ် ​ရောက်ရှိလာတဲ့ ပြဇာတ်သရုပ်​ဆောင် Moon Sung အဖြစ် သရုပ်​ဆောင်ရမှာဖြစ်ပြီး Son Ye Jin က​တော့ Jang Geum Soon ရဲ့ ​မြေးအရင်း၊ Hotel Nakwon ရဲ့ အကြီးအကဲ Se Yeon အဖြစ် သရုပ်​ဆောင်ရမှာဖြစ်ပါတယ်။

ဟန်​ဆောင်​မောင်နှမအဖြစ် သရုပ်​ဆောင်​ရာက နောက်ပိုင်းမှာ Moon Sung နဲ့ Se Yeon တို့ကြားမှာ ဘယ်လိုခံစားချက်​တွေ ဖြစ်​ပေါ်လာမလဲဆိုတာကို​တော့ ဇာတ်လမ်းထဲမှာ ဆက်ပြီး ​စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ အ​ပေါ်ယံကြည့်ရင် ရိုးရှင်းသလို ထင်ရ​ပေမဲ့ Ja Geum ရဲ့ ​နောက်ဆုံးဆန္ဒကဘာလဲ ဘယ်လိုမြှုပ်ကွက်​တွေရှိ​နေဦးမလဲဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။  ဒီ “Trees Die on Their Feet” ဇာတ်လမ်းတွဲကို ၂၀၂၂ ခုနှစ်မှာ စတင်ရိုက်ကူးဖို့ ပြင်ဆင်​နေပြီး ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ ထုတ်လွှင့်နိုင်ဖို့ စီစဉ်​နေပါတယ်။

Source : Soompi
Photo : Pinterest
Written : ZL