Celebrity News

နာမည်ကြီးတွေကို တွဲခိုင်းပြီး ရိုက်ကူးထားသမျှ ဇာတ်လမ်းသစ် (၁၀) ခုကို ချပြမယ့် Thai TV3

Thai TV3 show တစ်ခုဖြစ်တဲ့ ‘Krob Krua Banterng Online’ ကတော့ မကြာခင်မှာ ဆက်တိုက်ပြသသွားမယ့် ဇာတ်လမ်းသစ် (၁၀) ခုစာရင်းကို ဖော်ပြသွားခဲ့ပြီး တကယ့်နာမည်ကြီးအနုပညာရှင်တွေကို စုံတွဲတွေအဖြစ် တွဲဖက်ရိုက်ကူးထားတာကြောင့် တကားမှမလွတ်ဘဲကြည့်ဖို့ အားယူနေကြပါပြီ။

Tai Ngao Tawan
Mark Prin နဲ့ Bow Maylada တို့ကို ဇာတ်လမ်းစုံတွဲတွေအဖြစ် မြင်တွေ့ရမယ့် “Tai Ngao Tawan” ကတော့ ၂၀၂၂ အတွင်းပြသမယ့်ဇာတ်လမ်းတွေထဲမှာ စောင့်ကြည့်မှုအများဆုံးဇာတ်လမ်းပါပဲ။

You Touched My Heart
Dj Push နဲ့ Patricia Good တို့ရဲ့ တွဲဖက်မှုသတင်းက ဟိုးလေးတကျော်ပါပဲ။ “You Touched My Heart” နာမည်ရတဲ့ ဇာတ်လမ်းသစ်ကိုတော့ အောက်တိုဘာလမှာ စတင်ရိုက်ကူးတော့မှာပါ။

Matalada
James Jirayu ကတော့ Toey Jarinporn နဲ့ “Matalada” ဇာတ်လမ်းသစ်ထဲမှာ ထပ်မံတွဲဖက်ရိုက်ကူးထားပါတယ်။ အရင်ကတည်းက အတွဲညီတာ‌မို့လို့ ဒီကားလေးကိုကြည့်ရမှာ တန်နေပါပြီ။

Prao Ruk
James Ma နဲ့ Pie Rinrada တို့ရဲ့ ပထမဆုံးတွဲဖက်မှုဖြစ်လာတဲ့ “Prao Ruk” ဇာတ်လမ်းကတော့ ခုကတည်းက နာမည်ကြီးနေပါတယ်။ သရုပ်ဆောင် ၂ ယောက်စလုံးရဲ့ မန်နေဂျာကလည်း P’ Ar ဖြစ်တာကြောင့် ရိုက်ကူးရေးဟာ အဆင်ချောနေတော့မှာပါ။

Sup Tar 2550
Ken Theeradeth နဲ့ Anne Thongprasom တို့က အရင်ကတည်းက အတွဲညီလွန်းတဲ့ ဇာတ်လမ်းစုံတွဲပါ။ ၁၁ နှစ်ကြာပြီးတဲ့နောက် “Sup Tar 2550” ဇာတ်လမ်းနဲ့ ထပ်မံ ဆုံတွေ့ကြပါပြီ။

Mat Huajai Yai Sup Tar
Janie Thienphosuwan နဲ့ Thai TV3 ရဲ့ ဂျူနီယာမင်းသားသစ် Mew Kanawut တို့ကတော့ “Mat Huajai Yai Sup Tar” ကို ပထမဆုံးအကြိမ် အတူတွဲဖက်ရိုက်ကူးထားပြီး အသက်ကွာခြားတဲ့ ဇာတ်လမ်းစုံတွဲအဖြစ် သတင်းမွှေးနေပါတယ်။

Mor Luang
Mario Maurer နဲ့ Kimmy Kimberley တို့အတွဲကတော့ “Mor Luang” ဇာတ်လမ်းမှာ ပြန်ဆုံကာ တွဲဖက်ရိုက်ကူးထားပြီး ဒီဇာတ်လမ်းသစ်က “Thong Aek: The Herbal Master” ရဲ့ Season 2 လည်း ဖြစ်ပါတော့တယ်။

Sapai Sai Strong
Pon Nawasch နဲ့ Nychaa Nuttanicha ကတော့ “Sapai Sai Strong” ဇာတ်လမ်းသစ်အတွက် ထပ်မံတွဲဖက်ရိုက်ကူးကြပြီဖြစ်လို့ စုံတွဲလေးကို ကြည့်ရဦးမှာပါ။

Prom Likit
“Prom Likit” ကတော့ နာမည်ကြီးဇာတ်လမ်း “Buppesunnivas” ရဲ့ Season 2 ဖြစ်ပြီး နိုဝင်ဘာလမှာပဲ ရိုက်ကူးတော့မှာပါ။ Pope Thanawat နဲ့ Bella Ranee တို့အတွဲကတော့ ပရိသတ်အခိုင်အမာကို ရထားပြီးသားပါပဲနော်။

Lai Kinnaree
“Lai Kinaree” ဇာတ်လမ်းက တကယ့်ချစ်သူတွေဖြစ်တဲ့ Nadech Kugimiya နဲ့ Yaya Urassaya တို့ရဲ့ ဇာတ်လမ်းသစ်ဖြစ်တာကြောင့် အားလုံးကမျှော်နေကြတာပါ။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix