Celebrity News

သူမရဲ့ ​အောင်မြင်မှုအတွက် ​အ​ပျော်ရွှင်ဆုံးနဲ့ ​ကျေးဇူးအတင်ရဆုံးသူက Jennie ပဲဖြစ်မယ်ဆိုတဲ့ Jung Ho Yeon

​​အောင်မြင်​ကျော်ကြားတဲ့ မော်ဒယ်တဖြစ်လဲ မင်းသမီး Jung Hoyeon ဟာဆိုရင် နာမည်ကြီး K-Pop မိန်းက​လေးအဖွဲ့ဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် Jennie က ‘Squid Game’ ဇာတ်လမ်းတွဲ ကမ္ဘာနဲ့အဝှမ်း​အောင်မြင်လာတာနဲ့အမျှ သူမအတွက် ဝမ်းသာဂုဏ်ယူ​နေခဲ့တယ်လို့ ​ပြောပြခဲ့ပါတယ်။

​Jung Ho Yeon ဟာ လက်ရှိ ကမ္ဘာနဲ့အဝှမ်း နာမည်​ကျော်ကြား​နေတဲ့ Netflix ဇာတ်လမ်းတွဲ ‘Squid Game’ နဲ့ ပတ်သက်တဲ့ အ​ကြောင်းအရာ​တွေကို မျှ​ဝေဖို့အတွက် ​အောက်တိုဘာလ ၁ ရက်​နေ့မှာ အင်တာဗျူးတစ်ခုပြုလုပ်ခဲ့ပါတယ်။

‘Squid Game’ ဟာဆိုရင် Netflix ရရှိတဲ့ နိုင်ငံ​ပေါင်း ၈၃ နိုင်ငံထဲက ၈၂ နိုင်ငံမှာ လူကြည့်အများဆုံး ဇာတ်လမ်းတွဲဖြစ်​နေပြီး ဝင်​ငွေအများဆုံး Netflix series ဖြစ်လာမယ်လို့လည်း ခန့်မှန်း​နေကြပါတယ်။ ဒီ ‘Squid Game’ ဇာတ်လမ်းတွဲထဲမှာ Jung Hoyeon က ​မြောက်ကိုရီးယားက ထွက်​ပြေးလွတ်​မြောက်လာပြီး သူမရဲ့ မိသားစုကို ​မြောက်ကိုရီးယားက ကယ်ထုတ်ဖို့အတွက် ဂိမ်းကို ဝင်​ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ‘Sae-byeok’ ​ဆိုတဲ့ အဓိကဇာတ်​ဆောင်အဖြစ် သရုပ်​ဆောင်ခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲရဲ့ ​အောင်မြင်မှုနဲ့အတူ Jung Hoyeon ရဲ့ Instagram follower အ​ရေအတွက်ကလည်း ၄ သိန်းက​နေ ၁၀ သန်းကို ၂ ပတ်အတွင်း​ရောက်ရှိခဲ့ပါတယ်။ ဒီလို ​အောင်မြင်မှုနဲ့ ပတ်သက်ပြီး​တော့ သူမအ​နေနဲ့ တကယ့်ကို ယုံကြည်ဖို့ ခက်ခဲ​ကြောင်း၊ အဖြစ်အပျက်​တွေက မြန်ဆန်လွန်းလို့ လက်​တွေ့လို့ မခံစားရ​ကြောင်း ​ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီး Jung Hoyeon က “ကမ္ဘာအဝှမ်းက ရရှိ​နေတဲ့ အချစ်​တွေနဲ့ အား​ပေးမှုအတွက် ​ကျေးဇူးတင်ပါတယ်။ အဲ့အတွက်လည်း ကျွန်မ ​ဝမ်းသာမိပါတယ်” လို့လည်း ပြုံးရယ်ရင်း ​ပြောကြားခဲ့ပါတယ်။

အဲ့ဒီ​​နောက် Jung Hoyeon က ‘Squid Game’ ရဲ့ ​အောင်မြင်မှုနဲ့ ပတ်သက်ပြီး သူမရဲ့ မိတ်​ဆွေတွေက ဘယ်လိုတုံ့ပြန်ခဲ့လဲဆိုတာကိုလည်း ​ထုတ်​ဖော်​ပြောပြခဲ့ပါတယ်။ သူမက “Jennie က ကျွန်မရဲ့ ​အောင်မြင်မှုအတွက် ဂုဏ်ပြု​ပေးခဲ့တယ်။ သူမရဲ့ ​အောင်မြင်မှုလိုပဲ ထပ်တူခံစားပြီး တကယ်ကို ဝမ်းသာ​နေခဲ့တယ်။

ကျွန်မလည်း သူမက တကယ့်ကို နတ်သမီး​လေးပါပဲလားလို့​တောင် ​တွေးမိခဲ့တယ်။ ကျွန်မ ‘Squid Game’ မှာ ဇာတ်​ကောင်တစ်ခုရရှိတည်းက သူမက အစွမ်းကုန်အား​ပေးကူညီခဲ့တယ်။ ရိုက်ကွင်းကို ​ကော်ဖီကား​တောင် ပို့​ပေးပြီး ရိုက်ကူး​ရေးလုပ်​နေတုန်း ကျွန်မဆီ လာလည်ခဲ့တယ်” ဆိုပြီး ​ရှင်းပြခဲ့တာပါ။

ဒါ့အပြင် “Jennie က ကျွန်မ ​ကျေးဇူးတင်ရမယ့်လူ​တွေထဲမှာ အမြဲထိပ်ဆုံးကပါတယ်” လို့လည်း ​​ပြောကြားခဲ့ပါတယ်။ Jung Hoyeon ဟာ ၂၀၁၀ ခုနှစ်မှာ ​မော်ဒယ်အဖြစ်နဲ့ အနုပညာ​လောကထဲကို စတင်ဝင်​ရောက်လာခဲ့ပြီး ၂၀၂ ၀ ခုနှစ် ဇန်နဝါရီလမှာ Saram Entertainment နဲ့ လက်တွဲခဲ့ပါတယ်။

Jung Ho Yeon နဲ့ Jennie တို့ဟာ ယခင်တည်းက တစ်ဦးကို တစ်ဦးအား​ပေးချစ်ခင်တဲ့ မိတ်​ဆွေ​ကောင်းတွေဖြစ်ခဲ့ကြတာပါ။ ယခုနှစ် စက်တင်ဘာလ ၁၇ ရက်​​နေ့က ပြသခဲ့တဲ့ ‘Squid Game’ ဇာတ်လမ်းတွဲဟာ သူမရဲ့ ပထမဆုံး ပွဲဦးထွက် ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။

Source : SBS Star
Photo : Instagram, Pinterest
Written : ZL