Celebrity News

EXO L တွေကိုဆို နွေးထွေးကြင်နာတတ်ပေမဲ့ sasaeng fan တွေကိုဆိုသွေးအေးအေးနဲ့ တုန့်ပြန်တတ်တဲ့ Baekhyun

EXO အဖွဲ့ဝင် Baekhyun ဟာ သူ့ရဲ့ fan တွေနဲ့ တရင်းတနှီးနေပြီး fan တွေမကြိုက်တာမလုပ်ဘဲ fan တွေအတွက်ဆို အမြဲအသင့်ရှိပေးနေမဲ့ idol တစ်ယောက်ပါ။ Fan တွေကို သူ့ရဲ့ သမီးလေးတွေ (Aeri) လို့နာမည်ပေးထားပြီး သူကိုယ်တိုင်က Appa role ကိုယူထားပြီး အမြဲဂရုစိုက်ကြင်နာပါတယ်။

fan စစ်စစ်တွေဟာ Idol တွေကို support ပြီး နားလည်မှုရှိရှိ အားပေးကြပေမဲ့ Privacy မသိ အမြဲတကောက်ကောက်လိုက် နှောင့်ယှက်နေတဲ့ sasaeng လို့ ခေါ်တဲ့ fan တွေလည်းရှိပါတယ်။ ထိုကဲ့သို့ fan တွေကို idol တိုင်းက မနှစ်မြို့ကြပေမဲ့ တချို့ idol တွေ ကတော့ သည်းခံချုပ်တည်းပြီး ဘာမှ ပြန်မပြောကြပါဖူး။

Baekhyun ကတော့ member တွေနဲ့ဖြစ်ဖြစ် fan တွေနဲ့ဘဲဖြစ်ဖြစ် အမြဲစနောက်၊ပျော်ပျော်နေတတ်ပေမဲ့ ထိုကဲ့သို့ sasaeng fan တွေနဲ့ ကြုံရင်တော့ မျက်နှာတည်သွားပြီး ခပ်တန်းတန်းဆက်ဆံပါတယ်။ အဆိုပါ fan တွေကလည်း အရမ်းဆိုးပါတယ်။

Baekhyun ရဲ့ အကို မင်္ဂလာဆောင်ထိ လာပြီး ရုတ်ရုတ်သဲသဲဖြစ်အောင် အနှောင့်အယှက်လည်း ပေးကြပြီး baekhyun နောက်ကို ထပ်ချပ်မကွာ အမြဲလိုက်နှောင့်ယှက်နေကြတာပါ။ Baekhyun live လွှင့်ရင်လည်း ph ဆက်နှောင့်ယှက်ကြပြီး အဆိုးဆုံးက မနက် ၄ နာရီထိုးကြီး အိပ်နေတဲ့အချိန်ကို ph လှမ်းဆက်တာပါဘဲ။

ထိုကဲ့သို့ လာနှောင့်ယှက်တာတွေကို Baekhyun က အသံမာမာနဲ့ ပညာသားပါပါ ပြန်ပြောလွှတ်လိုက်တာချည်းပါဘဲ။ Public မှာလည်း သူ sasaeng fan တွေကို အရမ်းမုန်းတဲ့အကြောင်း၊EXO L တွေကိုတော့ ချစ်ကြောင်း ခဏခဏထုတ်ပြောဖူးပါတယ်။ မင်မင်အမြင်ကတော့ Idol လည်း လူသားတစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်အချိန်နဲ့ နေချင်တာဘဲမို့ စည်းစောင့်ပေးမယ်ဆို အားလုံးအဆင်ပြေသွားမယ်လို့ ထင်ပါတယ်။

Source: Twitter
Written: Violet