Celebrity News

ဆွတ်ပျံ့ကြည်နူးဖွယ် သီချင်းကောင်းလေးတစ်ပုဒ်ကို ထွက်ရှိပေးခဲ့တဲ့ Wang Yibo

ပုံမှန်စကားပြောရင် တိုတိုပြတ်ပြတ်ပဲပြောတတ်ပေမဲ့ သီချင်းဆိုတဲ့အခါမှာတော့ စာသားအလိုက် ပျားသကာလေးလို ချိုမြိန်နေအောင် သီဆိုနိုင်သူကတော့ Wang Yibo လေးပါပဲ။ Yibo က Rap ပိုင်းကအစ Vocal ပိုင်းအထိ အကောင်းဆုံးသီဆိုနိုင်တာဖြစ်လို့ သူ့ရဲ့သီချင်းလေးတွေကို အများက နှစ်ခြိုက်ကြပါတယ်။

အသက်ငယ်ငယ်လေးနဲ့ ဘက်စုံထူးချွန်နေတာကြောင့် လူငယ်အများစုရဲ့ စံပြအနုပညာရှင်ဖြစ်နေတဲ့ Yibo ဟာ အခုတခါမှာလည်း ချီးမွမ်းခံရမှုတွေကို တလုံးတခဲကြီး ရရှိနေပြန်ပါတယ်။

October (1) ရက်နေ့၊ ချိုင်းနားအ‌မျိုးသားနေ့မှာ Yibo ဟာ ကိုယ်စားပြုသီချင်းလေးဖြစ်တဲ့ “Mountain, River, Starlight” ကို သီဆိုကာ အားလုံးနားဆင်နိုင်ဖို့အတွက် တရားဝင်ထွက်ရှိပေးထားပါတယ်။

လူငယ်ထုရဲ့ ဆန်းသစ်တဲ့စွမ်းအင်တွေကို ဖော်ကြူး‌သီဆိုထားတာလည်းဖြစ်ပါတယ်။ မြင်တွေ့နေကျ တေးသံအမိုက်စား၊ စာသားအလန်းစားတွေမျိုးမဟုတ်ဘဲ တည်ငြိမ်အေးဆေးမှုမှာ ပျားသကာလောင်းထားသလို ချိုမြိန်မှုခံစားချက်ကို ရအောင် Wang Yibo ဟာ တကယ်ကို သီဆိုနိုင်ခဲ့ပါတယ်။

လူကြီးတွေကတဆင့် အနာဂတ်ကိုဦး‌‌ဆောင်မယ့် လူငယ်မျိုးဆက်သစ်တွေကို သင်ကြားပြသရင်း ဘဝနည်းနာတွေကို လက်ဆင့်ကမ်းဖို့ ဆော်‌ဩထားတဲ့ ပုံစံလေးပါပဲ။ Wang Yibo ဟာ အရင်ကလည်း “Youth Comes in Time” ဆိုတဲ့ သီချင်းလေးကြောင့် လူကြီးလူငယ်မရွေး အားပေးခြင်းကို လက်ခံရရှိထားတာပါ။

ပုံမှန်ဆို ဝေဖန်မှုကြမ်းတဲ့ နိုင်ငံဖြစ်ပေမဲ့ Yibo ရဲ့ သီချင်းသစ် “Mountain River Starlight” ကတော့ ချီးကျူးခံနေရပြီး online platforms တွေမှာလည်း နာမည်ကြီးနေပါတယ်။ စာသားလေးတွေကအစ လှပလွန်းတာကြောင့် နားဆင်သူမှန်သမျှကို ပျော်ရွှင်ကြည်နူးမှုကို ခံစားလာနိုင်ကြောင်း သတင်းမွှေးနေပါတော့တယ်။

Source: Sohu
Photos: Weibo
Translated by Julix