Celebrity News

‘2021 TMA’ စင်မြင့်ထက်မှာ ချစ်‌စရာကောင်းတဲ့ BFF Vibe ကို ပြသခဲ့တဲ့ V နဲ့ Park Hyung Sik

နာမည်ကြီးအနုပညာရှင်အဖွဲ့ဖြစ်တဲ့ Wooga Squad ထဲက BTS’s V နဲ့ မင်းသား Park Hyung Sik တို့ကတော့ ‘2021 TMA’ ဆုပေးပွဲရဲ့စင်မြင့်ထက်မှာ ချစ်စရာကောင်းတဲ့ BFF Vibe ကို ပေးသွားခဲ့ပါတယ်။ ဆုပေးပွဲမှာ Park Hyung Sik ဟာ BTS အဖွဲ့ရရှိမယ့် ဆုကို လက်ခံကြေညာပေးခဲ့ပြီး စင်မြင့်ထက်မှာပဲ သူငယ်ချင်းနှစ်‌ယောက် ကြည်နူးနေခဲ့ကြတာပါ။

October 2 မှာ ကျင်းပခဲ့တဲ့ ‘2021 TMA’ ဆုပေးပွဲမှာ Park Hyung Sik က Artist of The Year ဆုကို ရရှိခဲ့တဲ့ BTS အဖွဲ့အတွက် ဆုကြေညာပေးမယ့်သူအဖြစ် ပါဝင်လာခဲ့ပါတယ်။ ထိုအချိန်မှာပဲ သူငယ်ချင်းဖြစ်သူ BTS’s V အကြောင်းလေးကို ဂုဏ်ယူစွာပြောရင် ဝမ်းမြောက်နေခဲ့ပါတော့တယ်။ Park Hyung Sik က “V ရေ.. ဇာတ်လမ်းမလွှင့်ခင် မင်းက ငါ့ကို ဆိုင်ကောင်းကောင်းမှာ လိုက်ကျွေးခဲ့တယ်နော်။ အခုချိန်မှာ ကျွန်တော့်ရဲ့သူငယ်ချင်းကို စင်မြင့်ထက်မှာ အားပေးနိုင်လို့ အလွန်ကို ကျေနပ်နေပါတယ်။

ဒီ Bonsang ဆုကို BTS အဖွဲ့အတွက် ချီးမြှင့်ရမယ့် ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူမိပါတယ်” လို့ ပြောရင်း BTS အဖွဲ့အတွက်ကော V အတွက်ပါ ဂုဏ်ယူရင်း ပျော်ရွှင်နေပါတော့တယ်။ စင်မြင့်ထက်မှာ တဖန်ဆုံတွေ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့အကြည့်တွေ၊ အပြုံးတွေကတော့ တကယ်ကို နွေးထွေးလွန်းလှပြီး နှစ်ယောက်ကြားက လှပလွန်းတဲ့ Friendship ကို ဖော်ပြနေခဲ့ပါတော့တယ်။

Park Hyung Sik နဲ့ BTS’s V ဟာ ၂၀၁၅ က ထုတ်လွှင့်ပြသခဲ့တဲ့ KBS2 ဒရမ်မာ ‘Hwarang’ ကို အတူတူရိုက်ကူးပြီးကတည်းက အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ်။ နာမည်ကြီးအနုပညာရှင်တွေဖြစ်ပေမဲ့ အချိန်ပေးကာ အတူတူလျှောက်လည်လေ့ရှိတာကြောင့်လည်း ပရိသတ်တွေက တကယ်အားကျနေကြတာပါ။ ဒီတစ်ခါမှာလည်း စင်မြင့်ထက်မှာကို နွေးထွေးတဲ့ Friendship ကို ပြသသွားခဲ့ပြန်ပါပြီ။ BTS အဖွဲ့ကလည်း ဂုဏ်ယူစရာကောင်းလောက်အောင် Daesang, Artist of the Year (Bonsang), Listener’s Choice, Fan N Star Most Voted (Group) နဲ့ U+ Idol Live Popularity Award ဆိုပြီး ဆု (၅) ဆုတိတိကို သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။ အားလုံးအတွက် ဂုဏ်ယူရမယ့်နေ့တ‌စ်နေ့ဖြစ်ခဲ့ပြီး V နဲ့ Park Hyung Sik တို့ရဲ့ နွေးထွေးမှုကိုပါ မြင်တွေ့ခဲ့ရတာကြောင့် ကြည်နူးနေခဲ့မိကြမယ်လို့ ထင်ပါတယ်။

Source: Allkpop
Photos: Allkpop
Translated by Julix