Celebrity News

XNINE Hangzhou Concert မှာ Fan တွေကို ပြောခဲ့တဲ့ Xiao Zhan ရဲ့ နွေးထွေးချိုသာတဲ့စကားလေးများ

လွန်ခဲ့တဲ့ ၃ နှစ်၊ ၂၀၁၈ တုန်းက XNINE အဖွဲ့ဟာ Hangzhou Concert ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အောက်တိုဘာလ (၄) ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်လို့ (၅) နေ့မှာကျရောက်မယ့် Xiao Zhan ရဲ့ မွေးနေ့ကိုလည်း ပရိသတ်တွေနဲ့အတူ ဆင်နွှဲခဲ့ပါသေးတယ်။ ထိုပွဲမှာပဲ Xiao Zhan ဟာ ပရိသတ်တွေကို ပြောခဲ့တဲ့ စကားလုံးလေးတွေဟာ ပြန်လည်ဖတ်ရှုတိုင်း ရင်ထဲနွေးနေစေမှာပါ။

ထိုပွဲမှာတုန်းက Xiao Zhan ဟာ Red Ocean ရှေ့မှာ ပထမဆုံးအကြိမ်အဖြစ် “Satisfied” သီချင်းလေးကို ဖျော်ဖြေခဲ့ပါတယ်။ ဒီသီချင်းလေးကို သီဆိုပြီးနောက် Xiao Zhan ဟာ လွန်စွာအဓိပ္ပါယ်လေးနက်တဲ့ ဖွင့်ဆိုချက်ကို ပရိသတ်တွေရှေ့မှာပဲ နွေးထွေးစွာ ပြောဆိုခဲ့ဖူးပါတယ်။ “Concert ကို အဝေးကြီးကနေတောင် လာရောက်အားပေးတဲ့ ပရိသတ်‌တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ “Satisfied” ဆိုတဲ့ သီချင်းလေးကိုကြားတော့ ဘယ်အရာကများ ကျေနပ်အားရဖြစ်စေသလဲ, ဆိုပြီး ကျွန်တော်တွေးခဲ့တယ်။

(ညီမတို့ရဲ့ >>Telegram Channel<< လေးကို ကျေးဇူးပြုပြီး Join ပေးထားပါဦးရှင့်)

ပရိသတ်တွေ ကြိုးစားအားထုတ်တာတွေ၊ ကျွန်တော်တို့ကို အားပေးထောက်ပံ့တာတွေ.. အားလုံးကလည်း နှစ်ထောင်းအားရမှု တစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်တော်က ပိုပြီး တိကျလေးနက်စွာနဲ့ အဓိပ္ပါယ်ဖွင့်ဆိုချင်လို့ ရှာဖွေခဲ့တော့ အွန်လိုင်းမှာ တစုံတစ်‌ယောက်တင်ထားတာလေးကို တွေ့မိတယ်။ “ကျေနပ်အားရခြင်း (Satisfied)” ဆိုတာ “တိုးပွားဖြစ်ထွန်းလာခြင်း” ပါပဲ။ ကျွန်တော်လည်း ပြောချင်ပါတယ်.. ဘာမှမဟုတ်တဲ့ သာမန်လူသားတစ်ယောက်အဖြစ်မှ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေ၊ အားပေးပံ့ပိုးခြင်းတွေကို ရရှိနိုင်ခဲ့တာဟာ ကျွန်တော့်အတွက်တော့ “တိုးများဖြစ်ထွန်းလာမှု” ပါပဲ။ မင်းတို့အားလုံးက ကျွန်တော့်ဘေးမှာ ဆိုးတူ၊ကောင်းဖက် အတူရှိပေးတယ်.. ပြီးတော့ ကျွန်တော်တို့အတူ ကြီးပြင်းလာကြတယ်။

ဒါက ကျွန်တော့်အတွက် တိုးပွားလာမှုဖြစ်တာကြောင့် ပရိသတ်တွေအားလုံးက ကျွန်တော့်အတွက် “ကျေနပ်အားရမှု” နဲ့ ထပ်တူကျနေပါတယ်။ ကျွန်တော်ဟာ သိပ်ကိုကံကောင်းတဲ့ လူတစ်ယောက်လို့တောင် ထင်မိပါတယ်။ သာမာန်ကောင်လေးတစ်ယောက်ကနေ အခုလို စင်မြင့်ထက်မှာရပ်တည်နိုင်ခဲ့ပြီး အားလုံးနဲ့ အချိန်အကြာကြီး အတူရှိပေးနိုင်ခဲ့ပါပြီ။ လူတိုင်းအတွက် အရာရာဟာ ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ ပြောရင်း မျက်ရည်တွေဝဲကာ ကျေနပ်နေခဲ့ပါတော့တယ်။

လာမယ့် October (5) ရက်နေ့ဟာ Xiao Zhan ရဲ့ အသက် (၃၀) နှစ်ပြည့်မွေးနေ့ပါပဲ။ လောကဓံအနိမ့်အမြင့်တွေကို ပရိသတ်တွေရဲ့အားပေးမှုနဲ့ ဖြတ်ကျော်နိုင်ခဲ့တဲ့ Xiao Zhan ဟာ XFX တွေကို လွန်စွာတန်ဖိုးထားပြီး ထိန်းကျောင်းတတ်ပြန်ပါသေးတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က ပြောခဲ့တဲ့စကားလေးတွေကတောင် ပရိသတ်ကို လွန်စွာတန်ဖိုးထားကြောင်း ပေါ်လွင်နေပါတော့တယ်။ Xiao Zhan ရဲ့ ကျေနပ်အားရမှုဖြစ်တဲ့ Red Ocean အသိုင်းအဝိုင်းကြီးကတော့ ရှောင်းကျန့်အတွက်ဆိုရင် ဂရုတစိုက်နဲ့ နှစ်ပေါင်းများစွာ အားပေးရင်း ဘေးရန်မှန်သမျှကနေ ကာကွယ်ပေးနေဦးတော့မှာဖြစ်ပါတော့တယ်။

Written by Julix
Photos: Weibo