Celebrity News

အသက် (၃၀) ပြည့်မှာပဲ အားလုံးကိုအမှူးထားပြီး ကတိစကားလေးတွေ ပေးခဲ့တဲ့ Xiao Zhan

ချိုင်းနားရဲ့ နာမည်ကြီးထိပ်တန်းမင်းသားဖြစ်သူ Xiao Zhan ကတော့ အောက်တိုဘာလ (၅) ရက်နေ့မှာပဲ အသက် ၃၀ ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ နွေးထွေးကြင်နာပြီး နှစ်လိုဖွယ်ကောင်းတဲ့ Xiao Zhan ကတော့ မနက်အစောပိုင်းမှာပဲ သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် ပရိသတ်အားလုံးကို အမှူးထားပြီး ကတိစကားလေးတွေ ပေးခဲ့ပါတယ်။

Xiao Zhan ရဲ့ မွေးနေ့အတွက် အထူး မှာတမ်းစာလေးကတော့ အခုလိုပဲဖြစ်ပါတယ်။ “ဒီနေ့က ကျွန်တော့်ရဲ့ အသက် (၃၀) ပြည့် မွေးနေ့ဖြစ်ပါတယ်။ “အသက် ၃၀ အရွယ် ဆိုတာက ဘာကို ကိုယ်စားပြုနေသလဲ?” ကျွန်တော့်အတွက်ကတော့ အသက် (၃၀) ဆိုတာဟာ လူ့အသိုင်းအဝိုင်းအတွက် တာဝန်ယူနိုင်မှုရှိခြင်း နဲ့ ကိုယ်တိုင် တိုးတက်မှုတွေအတွက် ကြိုးပမ်းအားထုတ်နိုင်ခြင်း ကို ကိုယ်စားပြုတဲ့ အသက်အပိုင်းအခြားလို့ ခံယူထားပါတယ်။ မြောက်မြားစွာသော ပရိသတ်တွေက ကျွန်တော့်ကို သိရှိလက်ခံကြတဲ့အတွက် ကျွန်တော်ဟာ ကံကောင်းတဲ့ လူသားတစ်ယောက်ပါပဲ။ လူထုအသိအမှတ်ပြု အနုပညာရှင် Public Figure တစ်ယောက်အနေနဲ့ ကျေပွန်စွာ ထမ်း‌ဆောင်ရမယ့် တာဝန်ဝတ္တရားတွေ ရှိလာပါတယ်။

လူအများရဲ့ချစ်ခြင်းမေတ္တာကို လက်ခံရရှိထားတာနဲ့အညီ ကိုယ့်ကိုကိုယ် စည်းကမ်းတကျ ထိန်းကျောင်းရင်း အားလုံးရဲ့ကောင်းမွန်တဲ့ဆန္ဒတွေအတိုင်း ရှေ့ဆက်လျှောက်လှမ်းသွားပါမယ်။ ကျွန်တော့်ရဲ့ တတ်စွမ်းမှုကနေတဆင့် လူတိုင်းကို အပြုသဘောဆောင်တဲ့ စွမ်းအားသစ်တွေ ပေးဆောင်နိုင်အောင် ကြိုးစားသွားပါမယ်။ ကောင်းမွန်တဲ့နေ့ရက်တွေကို အများနည်းတူဖြတ်သန်းရင်း အားလုံးနဲ့အတူ လူ့အသိုင်းအဝိုင်းအတွက် အဓိပ္ပါယ်ရှိတဲ့အရာတွေကို ဖန်တီးသွားလို့ ရတာပဲလေ။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပိုမိုထူးချွန်ကောင်းမွန်တဲ့ အနုပညာဖန်တီးမှုတွေကို ချပြရင်း ပရိသတ်တွေဆီကနေ အသိအမှတ်ပြု လက်ခံခြင်းတွေရရှိအောင် ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

ကျွန်တော်က တိုးတက်ဖို့အတွက် အများကြီးကြိုးစားဖို့ လိုအပ်နေသူတစ်‌ယောက်ပါ။ ပိုမိုကျွမ်းကျင်အောင် သင်ယူလေ့လာရင်း “သရုပ်ဆောင်ကောင်းတစ်‌ယောက်” ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ နေထိုင်ကျင့်သုံးနိုင်ဖို့ ကြိုးစားသွားပါဦးမယ်။ အသက် (၃၀) အရွယ် လူသားတစ်ယောက်အနေနဲ့ပြောရရင် ဘဝပြေးလမ်းရှည်ကြီးထဲမှာ မီတာ ၃၀၀ လောက်ပဲ ပြေးရပါသေးတယ်။ ဒါဟာ အ‌နာဂတ်ခရီးလမ်းရဲ့ နောက်ထပ် စမှတ်တစ်ခုပါပဲ။ ကျွန်တော့်ရဲ့ ဦးတည်ချက်က ရှင်းလင်းနေပြီဖြစ်လို့ ကြီးစားပမ်းစားနဲ့ ခြေလှမ်းမှန်မှန်လျှောက်လှမ်းသွားပါတော့မယ်။

“အသက် ၃၀” ကတော့ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်ခြင်းနဲ့ စမှတ်သစ်ကို အမှတ်အသားပြုလိုက်သလိုပါပဲ။ အကောင်းဆုံးဆုတောင်းတွေအတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီနှစ်အတွက် ကျွန်တော့်ရဲ့ဆုတောင်းလေးကလည်း အရင်အတိုင်းပါပဲ.. “ကျွန်တော်တို့အတူတူ ပိုမိုကောင်းမွန်တဲ့လူသားတွေဖြစ်လာကြရအောင်နော်” ဆိုပြီး ပုံလေးနဲ့အတူ ရေးသားဖော်ပြထားပါတယ်။

၃၀ နှစ်ပြည့်မှာပဲ ရင့်ကျက်တဲ့ ကတိတွေပေးရင်း အားပေးသူတွေကိုလည်း ခွန်အားဖြစ်အောင် တိုက်တွန်းထားပါသေးတယ်။ ‌မွေးနေ့ကစပြီး နောင်နှစ်ပေါင်းများစွာတိုင် အားလုံးရဲ့စံပြအဖြစ် ပျော်ပျော်ရွှင်ရွှင်နဲ့ ဦးဆောင်သွားနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sina
Photos: Weibo
Translated by Julix