Celebrity News

ထိပ်တန်းမင်းသမီး၂ ဦး နဲ့ တွဲဖက်မယ့်အကြောင်း သေချာစွာ သတင်းထွက်နေတဲ့ Bright နဲ့ Win

ထိုင်းဇာတ်လမ်းတွဲတွေက နာမည်ကြီးသရုပ်ဆောင်တွေကို တွဲဖက်ပြီး ပုံစံသစ်တွေရိုက်ကူးလာခဲ့ပါတယ်။ ဒီတစ်ခါမှာ သတင်းထွက်လာသူတွေကတော့ နာမည်ကြီး ထိုင်း BL မင်းသားတွေဖြစ်တဲ့ Bright နဲ့ Win ပါပဲ။ အတိအကျ အတည်မပြုသေးပေမဲ့ ထိပ်တန်းမင်းသမီး ၂ ယောက်တို့နဲ့ တွဲဖက်နိုင်ကြောင်း သတင်းတွေထွက်ရှိလာပါတော့တယ်။

အရင်ဆုံး ဇာတ်လမ်းခန့်မှန်းချက်ထွက်လာသူတွေကတော့ Win နဲ့ Min Pechaya ပါပဲ။ Win နဲ့ တွဲဖက်ရိုက်ကူးနိုင်ချေရှိကြောင်း သတင်းကိုလည်း Min က Like ပေးသွားခဲ့ပါတယ်။ ၈၀% လောက်အထိ သေချာမှုရှိနေတယ်ဆိုပြီးလည်း သတင်းရထားတာကြောင့် တရားဝင်အတည်ပြုတာကို စောင့်မျှော်နေကြပါတယ်။ ‌

Bright Vachirawit နဲ့ပတ်သက်ပြီး သတင်းထွက်ရှိလာသူ‌ကတော့ အချစ်တော်မင်းသမီးလေး Mai Davika ပဲဖြစ်ပါတယ်။ တရားဝင်အတည်ပြုခြင်းမရှိသေးပေမဲ့ ထိုင်းမီဒီယာတော်တော်များများက ခန့်မှန်းဖော်ပြနေတာဖြစ်လို့ ဖြစ်နိုင်ချေများနေပါတယ်။

ထိုင်းဇာတ်လမ်းတွဲဖက်တွေကတော့ Rumors ထွက်ရှိပြီးရင် တကယ်ကို ပေါင်းဆုံရိုက်ကူးတတ်လေ့ရှိတာကြောင့် အနုပညာရှင် (၄) ‌ယောက်ရဲ့ ပရိသတ်တွေက တော်တော်လေး စောင့်မျှော်နေကြပါတော့တယ်။

အကယ်၍သာ သတင်းအတည်ပြုမယ်ဆိုရင် BrightWin ရဲ့ F4 ထိုင်းဗားရှင်းသာမက Min နဲ့ Win တို့ရဲ့ ဇာတ်လမ်းသစ်၊ Davika နဲ့ Bright တို့ရဲ့ ဇာတ်လမ်းသစ်ကို စိတ်လှုပ်ရှားစွာနဲ့ အားပါးတရကြီးကို ကြည့်ရှုနိုင်မှာပါ။

Source: ThaiMedia
Photos: Instagram
Translated by Julix