Celebrity News

J-Pop အဆို​တော် ØMI ရဲ့ album အသစ်မှာ ပရိုဂျူဆာအဖြစ် ​ပါဝင်​ဆောင်ရွက်ထားတဲ့ ဂီတဉာဏ်ကြီးရှင် Suga

ကမ္ဘာ့ဂီတ​စျေးကွက်ကို အရှိန်အဟုန်ပြင်းပြင်းထိုး​​ဖောက်လျက်ရှိတဲ့ BTS အဖွဲ့ဝင် Suga ဟာဆိုရင် vocal, rap, dance စတာ​တွေကို ပိုင်နိုင်သလို သီချင်း​ရေးသားထုတ်လုပ်မှုအပိုင်းမှာလည်း ထူးချွန်တဲ့ စွယ်စုံရ artist အဖြစ် လူသိများပါတယ်။ သူဟာ BTS သီချင်း​တွေနဲ့ တစ်ကိုယ်​တော်သီချင်း​တော်​တော်များများကို ​ကိုယ်တိုင်​ရေးသားခဲ့ရုံသာမက IU, Suran, Jason Derulo, MAX စတဲ့ နာမည်ကြီးအဆို​တော်​တွေရဲ့ သီချင်းထုတ်လုပ်ဖန်တီးမှုအပိုင်းမှာလည်း ပါဝင်ခဲ့ပါတယ်။ အခုလည်း Suga ဟာ အလုပ်​တွေမအားမလပ်တဲ့ကြားက ဂျပန်အဆို​တော် ØMI ရဲ့ album အသစ်ထဲက သီချင်းတစ်ပုဒ်ကို ပါဝင်​ရေးသားထားပြီး ထပ်မံလက်စွမ်းပြထားပါ​သေးတယ်။

Hiroomi Tosaka လို့လည်း လူသိများတဲ့ ØMI ဟာ J-Pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Sandaime J Soul Brothers from Exile Tribe ရဲ့ အဖွဲ့ဝင်ဖြစ်ပြီး သရုပ်​ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ တစ်ကိုယ်​တော် single album “ANSWER… SHADOW” ထွက်ရှိပြီး​နောက် ၅ လအကြာမှာ ထို album ရဲ့အဆက်ကို ဆက်လက်ထုတ်​ဝေသွားမှာဖြစ်ပါတယ်။ ဒီ ၅ လအတွင်းမှာ သူဟာ တစ်ကိုယ်​တော်အလုပ်​တွေကို အာရုံစိုက်နိုင်ဖို့ CDL Entertainment အမည်နဲ့ ကိုယ်ပိုင်​အေဂျင်စီကိုလည်း တည်​ထောင်ခဲ့ပါတယ်။ ဒါမှသာ သူ့ရဲ့စိတ်ကြိုက်ဂီတကို ဖန်တီးမှာပါ။ ဒါ့အပြင် သူ့ရဲ့ အနုပညာနာမည်ကိုလည်း ØMI လို့ ​ပြောင်းလဲခဲ့ပါတယ်။

“ANSWER… SHADOW” ရဲ့ အဆက်ဖြစ်တဲ့ ဒီတစ်ခါ ထွက်ရှိသွားမယ့် သူ့ရဲ့ album က​တော့ “ANSWER… SHINE” ဖြစ်ပါတယ်။ ပထမ single album လိုပဲ ဒီ album မှာလည်း သီချင်း ၂ ပုဒ်သာ ပါဝင်သွားမှာပါ။ ပထမဆုံးသီချင်းက​တော့ BTS အဖွဲ့ဝင် Suga ​ရေးစပ်ထားတဲ့ “You” ဖြစ်ပြီး ဒီသီချင်းရဲ့ ထုတ်လုပ်မှုအပိုင်းအတွက် Suga နဲ့ ØMI တို့ဟာ တိုက်ရိုက်ဆက်သွယ်ပြီး အလုပ်လုပ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒီသီချင်းဟာ ØMI ရဲ့ ပရိသတ်​တွေကို ရည်ရွယ်ပြီး ​ရေးဖွဲ့ထားတဲ့ ချိုမြိန်ပြီး လန်းဆန်းတက်ကြွ​စေမယ့် ​ပေါ့ပ်သီချင်း​လေးဖြစ်ပါတယ်။ ဒုတိယသီချင်းက​တော့ လူတစ်ဦးရဲ့ စစ်မှန်တဲ့ခံစားချက်​တွေအ​ကြောင်းကို ​ရေးဖွဲ့ထားတဲ့ “Starlight” ဆိုတဲ့ အချစ်သီချင်း​လေးဖြစ်ပါတယ်။

ဒီ album ကို​​တော့ လာမယ့် ​အောက်တိုဘာလ ၁၅ ရက်​နေ့မှာ ဖြန့်ချီသွားမှာဖြစ်ပြီး music video ကိုလည်း ØMI ရဲ့ တရားဝင် YouTube channel က​နေ ထုတ်​ပေးသွားမှာဖြစ်ပါတယ်။ Suga နဲ့ ØMI ရဲ့ ​ပေါင်းစပ်မှုက တကယ်ကို ​မျှော်လင့်မထားတဲ့ကိစ္စမို့ ၂ ​ယောက်လုံးရဲ့ ပရိသတ်​တွေကို အံ့အားသင့်​​စေခဲ့ပါတယ်။ ​နောက်ပြီး Suga အ​နေနဲ့ ဂျပန်အဆို​တော်တစ်​ယောက်အတွက် သီချင်​းရေးဖွဲ့​ပေးတာဟာ ဒါပထမဆုံးပါပဲ။ ဒါ​ပေမဲ့ Suga ​ကိုယ်တိုင်​ရေးသားထားတဲ့ သီချင်းမို့ သီချင်းက​ မ​ကောင်းမှာကို​​တော့ သံသယဖြစ်စရာကို မလို​တော့ပါဘူး။ ဒါ့အပြင် ØMI ရဲ့ အသံချိုချို​လေးနဲ့ပါ ​ပေါင်းစပ်လိုက်မယ်ဆိုရင် နားဝင်ပီယံရှိ​ပြီး ​အောင်မြင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်လာမှာ အ​သေအချာပါပဲ။

Source : Koreaboo
Photo : Instagram
Written : ZL