Celebrity News

UNICEF အဖွဲ့အစည်းမှာ ကျပ်သိန်းပေါင်း သောင်းချီပြီး လှူဒါန်းမှုပြုလုပ်ထားတဲ့ BTS အဖွဲ့

BTS အဖွဲ့က အောင်မြင်ကျော်ကြားလာတာနဲ့အမျှ ရရှိလာသမျှဝင်ငွေတွေကနေ အလှူအတန်းကိုလည်း ရက်ရောစွာ လုပ်ဆောင်နေကြပါတယ်။ ထုတ်ပြန်ကြေညာချက်အရ BTS ဟာ UNICEF အဖွဲ့အစည်းရဲ့ ၂၀၂၁ စီမံကိန်းတစ်ခုဖြစ်တဲ့ The State of the World’s Children မှာ ပါဝင်လှူဒါန်းခဲ့ပြီး လှူဒါန်းငွေစုစုပေါင်း ကိုရီးယားဝမ် ဘီလီယံ‌ချီခဲ့ပါတယ်။

October 6 ရက်နေ့ကပဲ UNICEF Korea အဖွဲ့အစည်းက “The BTS LOVE MYSELF လှုံ့ဆော်မှုဟာ UNICEF’s The State of the World’s Children 2021 ရဲ့ စီမံကိန်းထဲမှာ အအောင်မြင်ဆုံး ကြိုးပမ်းမှုဖြစ်ခဲ့ပါတယ်။

ဒီ Campaign ကို စတင်ချပြခဲ့ချိန်ကစလို့ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးနိုင်မှုနဲ့ နိုင်ငံတကာ လိုက်ပါဆောင်ရွက်မှုစွမ်းအားက တော်တော်ကြီး အသိအမှတ်ပြု စွမ်းဆောင်နိုင်နေပါတယ်” ဆိုပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။

UNICEF မှ ဦးစီးပြုလုပ်နေတဲ့ The State of the World’s Children 2021 ကတော့ UNICEF အတွက် အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်နေပြီး အထူးသဖြင့် ကမ္ဘာအနှံ့က ကလေးတွေကြား ဖြစ်ပျက်ကြုံတွေ့နေရတဲ့အခြေအနေတွေကို လေ့လာဆန်းစစ်ကာ နှစ်စဉ် ခေါင်းစဉ်တစ်ခုသတ်မှတ်ပြီး ‌ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

ကပ်ရောဂါအခြေအနေတွေကြားမှာ သတ္တိရှိရှိနဲ့ ရင်ဆိုင်ဖြတ်သန်းနိုင်ဖို့ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ‘LOVE MYSELF’ campaign ကိုပါ ပူးတွဲလုပ်ဆောင်ခဲ့တာပါ။ BTS အဖွဲ့က “ကျွန်တော်တို့အနေနဲ့ ‘LOVE MYSELF’ လှုံ့ဆောင်မှုကို လူငယ်တွေကြား မိမိဘဝနဲ့ ရပိုင်ခွင့်တွေကို ကာကွယ်နိုင်ဖို့ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တကမ္ဘာလုံးနဲ့အတူ လုပ်ဆောင်ရင်း ကျွန်တော်တို့ (၇) ယောက်လည်း တစ်ဦးချင်းကော၊ အဖွဲ့လိုက်အနေနဲ့ပါ ရင့်ကျက်တိုးတက်လာခဲ့ပါပြီ။ အခြားသူတွေထံမှ ရရှိတဲ့ချစ်ခြင်းမေတ္တာတရားဟာ ကိုယ့်ကိုကိုယ်ချစ်မြတ်နိုးဖို့ အထောက်အပံ့အားအင်တွေဖြစ်စေတယ်လို့ ခံစားမိစေချင်ပါတယ်” ဆိုပြီး ပြောခဲ့ဖူးပါတယ်။

‘LOVE MYSELF’ campaign ကတော့ UNICEF Korea Committee နဲ့ Big Hit Music ကြားက ပူးပေါင်းလက်တွဲမှုတစ်ခုဖြစ်ပြီး BTS အဖွဲ့ကလည်း နိုင်ငံတကာအတိုင်းအတာအဆင့်အထိ ကျယ်ပြန့်စွာစွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒီကမ်ပိန်အတွက် စတင်လုပ်ဆောင်ချိန်ကစပြီး Big Hit Music နဲ့ BTS အဖွဲ့ရဲ့ လှူဒါန်းငွေဟာ $3.6 million (4.275 billion KRW ခန့်/ သိန်းပေါင်း ၇ သောင်းကျော်) ရှိနေပြီဖြစ်ပါတယ်။

BTS အဖွဲ့ဟာ ကိုရီးယားနိုင်ငံတွင်သာမက ကမ္ဘာ့အဆင့်အထိ တိုးချဲ့လှုံ့‌ဆော်ဖို့ လွှမ်းမိုးနိုင်စွမ်းအားကို အသုံးချခဲ့တဲ့အပြင် မြောက်မြားစွာသော အလှူငွေကို လှူဒါန်းရင်း ကမ္ဘာကြီး ပိုမိုလှပဖို့ စွမ်းဆောင်နေတာဖြစ်ပါတယ်။

Source: Allkpop
Photos: BigHit
Translated by Julix