Celebrity News

ခမ်းနားတဲ့ Idol Kai နဲ့ ပေါ့ပေါ့ပါးပါး နေတတ်တဲ့ Kim Jongin ဘာတွေအထူးတလည်ကွဲပြားနေမလဲ

EXO အဖွဲ့ဝင် Kai ဟာ ဖျော်ဖြေရေးစင်မြင့်ထက်မှာဘဲ ဖြစ်ဖြစ် modeling လုပ်တဲ့နေရာမှာ ဖြစ်ဖြစ် သူများတွေထက်ပို ဆွဲဆောင်မှုရှိတဲ့သူပါ။ ခပ်ဆန်းဆန်း fashion style ဝတ်မလား ..သမရိုးကျ ပုံစံဝတ်မလား..ဘာဘဲဝတ်ဝတ် ကြည့်ကောင်းနေတဲ့သူပါ။ တခြား idol တွေဟာ stage ပေါ်မှာရော အပြင်မှာရော life style ကတူတူဘဲဆိုပေမဲ့ Kai ကတော့ မတူပါဖူး။

ဆွဲဆောင်မှုရှိတဲ့ Idol Kai ဘဝနဲ့ သူ့ရဲ့ ပုံစံအစစ်အမှန် “Kim Jongin” ဘဝ က ဘယ်လိုများကွဲပြားခြားနားနေသလည်း ဆိုတာစိတ်ဝင်စားစရာပါဘဲ။ Kai ဟာ အရင်လမှာ Seoul Fashion Week ရဲ့ Global Ambassador အဖြစ်ခန့်အပ်ခြင်းခံရလို့ tvND နဲ့ interview လုပ်ခဲ့ပါတယ်။

ထို interview မှာ သူ fashion လောကထဲမှာ ကျင်လည်ဖြစ်ပုံတွေ၊ သူ့ရဲ့ life style တွေကို ခုလို ပြောပြခဲ့ပါတယ်။ “Idol တစ်ယောက်သာဖြစ်လာမယ်ဆို အားလုံးက ကိုယ့်ကိုယ်ကိုယ် ဘယ်လို cool ဖြစ်အောင်လုပ်မလဲ ဘဲ တွေးနေကြမှာ။ဒါပေမဲ့ ကျွန်တော်ကတော့ ဆံပင်အရောင်ကနေ outfit တွေအထိ ခေါင်းအစခြေအဆုံး မတူညီတဲ့ style မျိုးစုံကို try ဖူးတယ်။ ကိုယ့်အစွမ်းအစကိုယ် စိန်ခေါ်ကြည့်တာပေါ့။ အာ့တာ တကယ်ပျော်ဖို့ကောင်းတယ်”

ဒါကြောင့်မို့လည်း Kai ဟာ သူ စ debut ထဲက ခုချိန်ထိ အနုပညာ ဆယ်နှစ်သက်တမ်းကျော်မှာ တခြား member တွေထက်စာရင် ပိုထူးဆန်းတဲ့ fashion တွေကို ဝတ်ပြတာ တွေ့ရမှာပါ။ obession Era မှာဆို crop top ပါ ဝတ်ပြီး အားလုံးထက် ဖောက်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ့် real life ရဲ့ fashion က ဘယ်လိုလဲ ဆိုတာ …..

Kai က “နေ့စဉ်လူမှုဘဝမှာနေထိုင်တဲ့ Kim Jongin က အေးအေးလူလူနဲ့ ငြိမ်ငြိမ်သက်သက်နေရတာဘဲကြိုက်တယ်။ အရှေ့မှာကျွန်တော်ပြောခဲ့တဲ့ “ငါက Kai” ဆိုတဲ့ ပုံစံမျိုးကို လူတွေကြားမှာ အများကြီးချမပြချင်ဖူး။ ဒါကြောင့် fashion stye ဆို ပေါ့ပါးတာဘဲ ရွေးဝတ်ပါတယ်” ဆိုပြီး ရှင်းပြခဲ့ပါတယ်။

အနှစ်ချုပ်လိုက်ရင်တော့ Kai ရဲ့ idol fashion ဟာ “Super Darling” ပုံစံဖြစ်ပြီး Kim Jongin ရဲ့ fashion ကတော့ “Boyfriend material” ပုံစံ ဖြစ်ပါတယ်။ ဘယ်လို ပုံစံမျိုးနဲ့ဘဲဖြစ်ဖြစ် Kai ကို ကောင်မလေးတွေက စွဲလန်းနေကြတာတော့ ငြင်းမရပါဖူးနော်။

Source: koreaboo
Written: Violet