Celebrity News

၂၀၂၁ စက်တင်ဘာလရဲ့ ကမ္ဘာ့အဆင့်ကျော်ကြားမှုအမြင့်ဆုံး Top (10) ထိုင်း BL မင်းသားများ

စက်တင်ဘာလအတွက် ကမ္ဘာ့အဆင့် ထိုင်း BL မင်သားတွေရဲ့ အနုပညာလှုပ်ရှားမှု၊ ပရိသတ်တွေကြား ကျော်‌ကြားအောင်မြင်မှု စသဖြင့် လေ့လာဆန်းစစ်ခဲ့ရာ Top (10) စာရင်းဝင် မင်းသား‌စာရင်း ထွက်လာခဲ့ပါတယ်။

(1) Gulf Kanawut

အဆင့် ၁ နေရာမှာ ရောက်ရှိနေသူကတော့ နာမည်ကြီးမင်းသား Gulf Kanawut ပါ။ ThaiTV3 နဲ့ လက်တွဲပြီးနောက် ပထမဆုံးရိုက်ကူးတဲ့ ဇာတ်လမ်း “First Look U R My Makeup” မှာလည်း ဝါရင့်စီနီယာမင်းသမီးကြီး Janie Thienphosuwan နဲ့ တွဲဖက်ပါဝင်နေတာကြောင့် လူအများကြား ရေပန်းစားနေပါတော့တယ်။

(2) Mew Suppasit

မခွဲမခွာ အဆင့် (၂) နေရာမှာ ရောက်နေသူကတော့ BL မင်းသား Mew Suppasit ပါပဲ။ TharnType: The Series ပြသပြီးစီးတာ ကြာမြင့်နေတာတောင် အခုလို ထိပ်ဆုံးမှာ ရောက်နေဆဲဖြစ်ပါတယ်။

(3) Bright Vachirawit

စက်တင်ဘာလရဲ့ ကျော်ကြားမှုထိပ်ဆုံးစာရင်းမှာ Bright Vachirawit က အဆင့် ၃ နေရာကနေ ပါဝင်နေပါတယ်။ ထိပ်တန်းမင်းသမီး Mai Davika နဲ့ တွဲဖက်ရိုက်ကူးမယ့်အကြောင်း သတင်းထွက်နေပြီး Davika ကိုယ်တိုင်ကလည်း Project အသစ်ရှိကြောင်း အင်တာဗျူးမှာ ဖြေခဲ့တာဖြစ်လို့ အတည်ပြုမယ့်အချိန်ကို စောင့်စားနေကြတာပါ။

(4) Win Metawin

မင်းသားချော Win Metawin ကလည်း အဆင့် ၄ နေရာမှာရပ်တည်ရင်း Top (10) စာရင်းထဲပါလာခဲ့ပါတယ်။ Win ကလည်းပဲ နာမည်ကြီးမင်းသမီး Min Pechaya နဲ့ ဆုံစည်းမယ့်အကြောင်း 80% လောက် သေချာတဲ့သတင်းထွက်နေတာကြောင့် မြန်မြလေး confirm ဖို့ကို မျှော်နေကြပါတယ်။

ကျန်ရှိနေတဲ့ Top (10) စာရင်းဝင်တွေကတော့…

(5) Atthaphan Phunsawat

(6) Singto Prachaya

(6) Saint Suppapong

(7) Tay Tawan

(8) Billkin Puttiphong

(9) Krist Perawat

(10) Earth Pirapat

တို့ပဲ ဖြစ်ကြပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix