Celebrity News

ပရိသတ်တွေရဲ့ နှလုံးသားကို စိုးမိုးထားတဲ့ အသက် (၃၀) အရွယ် ရှောင်ကောကော ၆ ဦး

ဇာတ်လမ်းချစ်ပရိသတ်ကြီးမှာ ကိုယ်ချစ်ခင်မြတ်နိုးရတဲ့ မင်းသားတွေတော့ ကိုယ်စီရှိကြပါတယ်။ မြတ်နိုးလွန်းလို့ တစ်ယောက်မက အားပေးကြရင်း နှလုံးသားထဲမှာ နေရာယူထားတဲ့ အနုပညာရှင်တွေကတော့ အများကြီးဖြစ်နေတော့မှာပါ။ အသက် (၃၀) အရွယ် သက်တူရွယ်တူ ကောကော ချောချောလေး (၆) ဦးကလည်း ပရိသတ်တွေကို ကြီးစိုးထားမယ်လို့ ထင်ပါတယ်။

Yang Yang

တည်ကြည်ခန့်ညားပြီး လက်ချောင်းသွယ်သွယ်လေးတွေကမှအစ ဆွဲဆောင်မှုရှိနေတဲ့ Yang Yang ကိုတော့ တစ်ခါမြင်တာနဲ့ တသက်လုံး စွဲလန်းနေမိမှာပါ။ September 8 ရက်နေ့မှာ အသက် (၃၀) ပြည့်သွားတဲ့ ကောကောရဲ့ ဇာတ်လမ်းသစ်တွေကိုတော့ စောင့်မျှော်နေကြဆဲဖြစ်ပါတယ်။

Xiao Zhan

အသံချိုချိုလေးနဲ့ သီချင်းဆိုလည်းကောင်းသလို သရုပ်ဆောင်မင်းသားအဖြစ်လည်း နာမည်ကြီးနေပြန်တဲ့ Xiao Zhan ကိုတော့ လူကြီး၊လူငယ်မရွေး သိကြပါတယ်။ စိတ်နေစိတ်ထား တည်ငြိမ်ကောင်းမွန်တဲ့ October 5 ရက်ဖွား Xiao Zhan ကတော့ လူငယ်တော်တော်များများရဲ့ စံပြတစ်ဦးလည်း ဖြစ်နေပါတယ်။

Li Xian

Go Go Squid နဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူ Li Xian ကတော့ လာမယ့် October 19 ရက်နေ့မှာ အသက် (၃၀) ကို ကူးပြောင်းပါတော့မယ်။ အပြုံးချိုချိုလေးနဲ့ ကောကော တစ်ယောက်ဖြစ်တာကြောင့် ကောင်မလေးတွေရဲ့ အသည်းစွဲပါပဲ။

Zhang Yixing

October 7 ရက်နေ့ကမှ အသက် (၃၀) ပြည့်သွားခဲ့တဲ့ နာမည်ကြီး အဆိုတော် – သရုပ်ဆောင် Lay Zhang ကတော့ ကမ္ဘာအနှံ့ပရိသတ်အလုံးအရင်းကို ပိုင်ဆိုင်ထားသူပါပဲ။ အကောင်းဆုံးတွေကိုပဲ ပိုင်ဆိုင်ချင်သူဖြစ်တာကြောင့် ဇွဲရှိရှိနဲ့ အလုပ်ကြိုးစားမှုတွေဟာ ပရိသတ်တွေအတွက် အတုယူစရာဖြစ်နေပါတယ်။

Wang Talu

နာမည်ကျော် ဇာတ်လမ်းတွဲပေါင်းများစွာရဲ့ အဓိကမင်းသားဖြစ်သူ Wang Talu ကတော့ အမြဲပြုံးနေတတ်တဲ့ပုံစံကြောင့် ပရိသတ်တွေကို ကြည်နူးစေပါတယ်။‌ May 29 ရက်နေ့မှာ အသက် ၃၀ ပြည့်သွားခဲ့ပြီဖြစ်လို့ ကောကောရဲ့ဇာတ်လမ်းသစ်တွေကိုလည်း စောင့်နေကြတဲ့ပရိသတ်တွေ အများအပြားရှိနေပါတယ်။

Zhang Zhehan

May 11 မှာ မွေးဖွားခဲ့တဲ့ အသက် (၃၀) အရွယ် မင်းသား Zhang Zhehan ကတော့ အနုပညာလောကထဲမှာ နာမည်တစ်ခုရလာဖို့ အချိန်အကြာကြီး ပေးဆပ်ကြိုးစားခဲ့ရပါတယ်။ ဒါပေမဲ့လည်း ဓာတ်ပုံလေးတစ်ပုံကြောင့် နိုင်ငံအာဏာပိုင်တွေက ဖျော်ဖြေရေးလောကထဲကနေ တရားဝင် ဖယ်ရှားလိုက်တာမို့လို့ အားပေးတဲ့ပရိသတ်တွေဟာ Zhang Zhehan ပြန်လာမယ့်တနေ့ကို ရေတွက်ရင်း စောင့်မျှော်နေကြပါတယ်။

Source: Cstars
Photos: Weibo
Translated by Julix