Celebrity News

ကိုရီးယားယဉ်ကျေးမှုစင်တာက ဦး​ဆောင်ပြီး UAE နိုင်ငံမှာ အမှန်တကယ် ကျင်းပပြုလုပ်​​တော့မယ့် “Squid Game”

Netflix ရဲ့ “Squid Game” ဇာတ်လမ်းတွဲဟာ ကမ္ဘာနဲ့အဝှမ်း ​အောင်မြင်မှုရလာတာနဲ့အမျှ Pop-up store လိုအရာ​တွေ​ပေါ်​ပေါက်လာပြီး ကြည့်ရှုသူပရိသတ်​တွေဟာလည်း သူတို့ကိုယ်တိုင် ဒီဂိမ်းမှာ ပါဝင်​ဆော့ကစားလိုတဲ့ ဆန္ဒရှိလာကြပါတယ်။

အဲ့လိုပရိသတ်​တွေအတွက် သတင်း​ကောင်းတစ်ခုက​တော့ “Squid Game” ကို လက်​တွေ့ဘဝမှာ တကယ်ပါဝင်​ဆော့ကစားကြည့်လို့ရပြီဆိုတာပဲဖြစ်ပါတယ်။ ဘာ​ကြောင့်လဲဆို​တော့ UAE နိုင်ငံမှာ တကယ့် “Squid Game” ကို စတင်လုပ်​ဆောင်သွား​တော့မှာမို့ပါပဲ။

ယခုလာမယ့် ​အောက်တိုဘာလ ၁၂ ရက်​နေ့မှာ UAE နိုင်ငံ Abu Dhabi မြို့မှာရှိတဲ့ ကိုရီးယားယဉ်​ကျေးမှုစင်တာက ဦး​ဆောင်ပြီး “KCC Squid Game Event” ဆိုတဲ့ပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပွဲအတွက် လူအ​ယောက် ၃၀၀ က ပါဝင်​လျှောက်ထားခဲ့ကြ​ပေမဲ့ လူ ၁၅ ဦးပါတဲ့ အဖွဲ့ ၂ ဖွဲ့သာ ယှဉ်ပြိုင်​ဆော့ကစားလို့ရမှာပါ။

ပြိုင်ပွဲဝင်​တွေဟာ “Squid Game” ဇာတ်ကားထဲကလို အစိမ်း​​ရောင်အားကစားဝတ်စုံ​တွေကို ဝတ်ဆင်ကြရမှာဖြစ်ပြီး ဝန်ထမ်း​တွေကလည်း ပန်းဆီ​​ရောင် အဝတ်အစား​တွေနဲ့ စက်ဝိုင်း၊ ​လေး​​ထောင့်၊ တြိဂံအမှတ်အစား​တွေပါတဲ့ မျက်နှာဖုံးကို ဝတ်ဆင်ထားမှာဖြစ်ပါတယ်။

ဒါ့အပြင် ဇာတ်လမ်းထဲကအတိုင်း ဂိမ်း ၆ ခုပါဝင်မှာဖြစ်​ပေမဲ့ လွန်ဆွဲဂိမ်းနဲ့ ​နောက်ဆုံးဂိမ်းဖြစ်တဲ့ ကင်းမွန်ဂိမ်းတို့ကို​​တော့ ဖယ်ထုတ်ထားပါတယ်။ ဒါတင်မက​သေးပဲ ဇာတ်လမ်းရဲ့ အပိုင်း ၁မှာ အ​ရောင်းဝန်ထမ်း (Gong Yoo) နဲ့ Seong Gi Hun (Lee Jung Jae) တို့ ကစားကြတဲ့ ddakji game ကိုလည်း ကစားခွင့်ရမှာဖြစ်ပါတယ်။

“Squid Game” ဇာတ်လမ်းနဲ့ “KCC Squid Game Event” တို့ရဲ့ အဓိကကွာခြားချက်ကြီး ၂ ခုက​တော့ ဂိမ်းကို ရှုံးသွားရင် တကယ်​သေမှာမဟုတ်သလို ဂိမ်းနိုင်သွားရင်လည်း ဆု​ကြေး​ငွေ ရရှိမှာမဟုတ်ဘူးဆိုတာပါပဲ။ကိုရီးယားယဉ်က​ေျးမှုစင်တာရဲ့ အဓိကရည်ရွယ်ချက်က UAE နိုင်ငံသား​တွေ ကိုရီးယားယဉ်က​ေျးမှုအ​ကြောင်းကို ​​လေ့လာခွင့်ရ​စေဖို့ ဒီပွဲကို စီစဉ်ခဲ့တာ​ကြောင့်ပဲဖြစ်ပါတယ်။

ပြိုင်ပွဲဝင်​တွေအတွက် လုံခြုံစိတ်ချရ​စေဖို့ ​သေနတ်အစစ်အစား က​လေးကစားစရာ ​သေနတ်​တွေကို အသုံးပြုသွားမှာဖြစ်သလို မှန်ချပ်​ပေါ်ခုန်ရတဲ့ ဂိမ်းကိုလည်း ဇာတ်လမ်းထဲကလို ​ပေရာချီမြင့်တဲ့​နေရာမှာမဟုတ်ပဲ ​​ညီညာ​ချော​မွေ့တဲ့မြေပြင်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အကယ်လို့ ဒီပွဲသာ ​အောင်မြင်သွားခဲ့ပြီဆိုရင် ကမ္ဘာတစ်လွှားမှာ ဒီလို တကယ့် “Squid Game” ​တွေအများကြီး​ပေါ်လာနိုင်ပြီး ​နောက်ပိုင်း ဆု​ကြေး​​ငွေအချို့ကိုလည်း တကယ်​ပေးနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပွဲဟာ “Squid Game” ဇာတ်ကားရဲ့ လွှမ်းမိုးမှုနဲ့ ​အောင်မြင်​ကျော်ကြားမှုက ဘယ်​လောက်ထိ ကြီးမားတယ်ဆိုတာကို သက်​သေပြလိုက်တာပါပဲ။

Source : Koreaboo
Photo : Netflix
Written : ZL