Celebrity News

EXO’s Lay Zhang နဲ့ အပန်းဖြေခရီး အတူတူထွက်ဖူးချင်ကြောင်း ပြောခဲ့ဖူးတဲ့ GOT7’s Jackson

ချိုင်းနားနိုင်ငံသားတွေဖြစ်ကြတဲ့ Lay Zhang နဲ့ Jackson Wang တို့က တော်တော်လေးရင်းနှီးကြပါတယ်။ နှစ်ယောက်သား အလုပ်တွေအပြည့်နဲ့ ပြည်မကြီးမှာပဲ တကိုယ်တော်ရှေ့‌ဆက်နေကြတာကို ပရိသတ်တွေသိရတော့ အတိတ်က Jackson တောင့်တခဲ့တဲ့ ဆန္ဒလေးက ဘယ်အချိန်များ ဖြစ်လာမလဲဆိုပြီး ပြန်လည်တွေးတောနေခဲ့ကြပါတယ်။

Lay နဲ့ Jackson တို့ကတော့ နားချိန်မရလောက်အောင် အလုပ်များနေခဲ့ပေမဲ့ Jackson အရင်က ဖြေခဲ့ဖူးတဲ့ အင်တာ‌ဗျူးလေးဟာ တဖန်ပြန်လည် ခေတ်စားလာပြန်ပါတယ်။ Jackson က Lay နဲ့အတူ အပန်းဖြေခရီးထွက်ချင်ကြောင်း ပြောခဲ့ဖူးပါသေးတယ်။

အဆိုပါအင်တာဗျူးမှာပဲ Jackson က အပန်းဖြေခရီးထွက်ခွင့်ရမယ်ဆိုရင် အတူသွားချင်တဲ့ ဆယ်လီသူငယ်ချင်းများ ရှိလားလို့ မေးခံလိုက်ရတာပါ။ Jackson က “သူငယ်ချင်းတွေအများကြီးရှိပေမဲ့ တစ်ယောက်တည်းကို ရွေးရမယ်ဆိုရင် Yixing နဲ့ပဲ အတူသွားချင်ပါတယ်။

ဒါပေမဲ့ ဖြစ်တော့မဖြစ်နိုင်လောက်ပါဘူး.. Lay က အမြဲလိုလို အချိန်ပြည့် အလုပ်များနေတာ” ဆိုပြီး ဖြေခဲ့ဖူးပြန်ပါတယ်။ အလုပ်များလွန်းတဲ့ idol နှစ်ယောက်သာ အတူတူအပန်းဖြေခရီးထွက်တာကိုမြင်လိုက် နှစ်ဖက် Fan တွေအကုန်လုံး ကြည်နူးနေကြတော့မှာပါပဲ။

Lay ကော Jackson ကော ကောင်းကောင်းအနားယူလို့ရမယ့် အပန်းဖြေခရီးကတော့ တကယ်ကို လိုအပ်ပါတယ်နော်။ သူငယ်ချင်းကြီး ၂ ယောက်အတူတူ အပန်းဖြေခရီး တကယ်ထွက်ဖြစ်ဖို့ ပရိသတ်တွေကလည်း မျှော်လင့်နေကြပါပြီ။

Source: Koreaboo
Photos: Weibo
Translated by Julix