Celebrity News

Blink တွေရဲ့ရွေးချယ်မှုအရ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင်း BLACKPINK အဖွဲ့ဝင် (၄) ဦးရဲ့ ကျော်ကြားမှုအဆင့်

BLACKPINK အဖွဲ့ဝင် (၄) ဦးကိုတော့ ပရိသတ်တွေအကုန်လုံး ထပ်တူချစ်ရစမြဲပါပဲ။ နိုင်ငံအနှံ့မှာ အဖွဲ့လိုက်တင်မက တစ်ဦးချင်းစီလည်း အောင်မြင်ကျော်ကြားတဲ့အဖွဲ့ဖြစ်တာနဲ့အညီ မြန်မာနိုင်ငံမှာလည်း BLACKPINK အဖွဲ့ရဲ့ ရေပန်းစားမှုက ကြီးမားလွန်းလှပါတယ်။

အဖွဲ့ဝင် (၄) ဦးအနက် မြန်မာပရိသတ်ဆွေကြားမှာ ဘယ်သူက ရေပန်းအစားဆုံးလဲဆိုတာကို သိရဖို့ မဲပေးရွေးချယ်စေခဲ့ပါတယ်။ အောက်တိုဘာ (၄) ရက်နေ့မှ (၁၅) ရက်နေ့အထိ မဲပေးစေခဲ့တာဖြစ်လို့ အခုချိန်မှာ ရလဒ်ထွက်လာခဲ့ပါပြီ။ မဲအရေအတွက် စုစုပေါင်း 44,231 တိတိ ပါဝင် မဲပေးခဲ့ကြတာဖြစ်လို့ ရေပန်းစားမှုအဆင့်အလိုက်စာရင်းက အောက်ပါအတိုင်းဖြစ်ပါတယ်။

(1) Jisoo (Kim Ji-soo)
BLACKPINK အဖွဲ့ရဲ့ အကြီးဆုံးအဖွဲ့ဝင် မိန်းမလှလေး Jisoo ကတော့ မဲပေါင်း 11,799 မဲ, ရာခိုင်နှုန်းအားဖြင့် ၂၇% တိတိရရှိခဲ့ကာ မြန်မာပရိသတ်တွေကြား ရေပန်းအစားဆုံး အဆင့် ၁ အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။

(၂) Jennie (Jennie Kim)
အဆင့် (၂) နေရာမှာရှိနေသူလေးကတော့ အချေမလေး Jennie Kim ပါပဲ။ အပြိုင်အဆိုင်မဲပေးကြတဲ့အနက် Jennie ဟာ 11,599 မဲ, ရာခိုင်နှုန်းအားဖြင့် ၂၆% နဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

(၃) Rosé (Roseanne Park)
BLACKPINK အဖွဲ့ရဲ့ ထူးခြားတဲ့အသံပိုင်ရှင် အဖွဲ့ဝင်လေး Rosé ကတော့ မဲပေါင်း 10,526 မဲ တိတိကို ရရှိခဲ့ပါတယ်။ မဲရလဒ်ရဲ့ ၂၄% တိတိကို ရရှိခဲ့တာကြောင့် အဆင့် (၃) ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ရေပန်းစား‌နေဆဲဖြစ်ပါတယ်။

(၄) Lisa (Lalisa Manobal)
ချစ်စရာကောင်းပြီး ပရိသတ်တွေရဲ့ အချွဲလေး Lisa က‌တော့ BLACKPINK အဖွဲ့ဝင်တွေအနက် ရေပန်းစားမှု အဆင့် (၄) နေရာမှာ ရှိနေပါတယ်။ Lisa ကတော့ မြန်မာပရိသတ်တွေရဲ့ မဲပေါင်း 10,307 မဲကို ရရှိခဲ့ပြီး ဒါကတော့ မဲရလဒ်စုစုပေါင်းရဲ့ ၂၃% လည်း ဖြစ်နေပါတော့တယ်။

BLACKPINK အဖွဲ့ဝင် (၄) ယောက်စလုံးကတော့ မြန်မာပရိသတ်တွေ အချစ်တော်လေးတွေဖြစ်လို့ မဲရလဒ်က တအားကြီး ကွာနေတာမျိုးမဟုတ်ပါဘူး။ မြန်မာပရိသတ်တွေရဲ့ ဆန္ဒအရ ထွက်ပေါ်လာခဲ့တဲ့ “၂၀၂၁ မြန်မာပရိသတ်တွေကြား ရေပန်းအစားဆုံး BLACKPINK အဖွဲ့ဝင်များစာရင်း” ကို နိုင်ငံတကာ သတင်းမီဒီယာတချို့ဆီကို ပေးပို့သွားမှာပဲ ဖြစ်ပါတယ်။

Written: Admin Team
Photos: Credit