Celebrity News

၂၀၂၁ အထိစစ်တမ်းအရ ဆုတွေ တောင်လိုရာလိုပုံနေအောင်ရဖူးတဲ့ ထိုင်းမင်းသမီး (၆) ဦး

နှစ်စဉ်နှစ်တိုင် အနုပညာလောကထဲမှာ ဆုပေးပွဲပေါင်းများစွာကို ကျင်းပလေ့ရှိပြီး ထူးချွန်သူတိုင်း ဆုတွေလက်ခံရယူကြပါတယ်။ ဂဏ္ဍစုံမှာ ဆုအမျိုးအမည်ပေါင်းများစွာနဲ့ ဆုတွေရရှိကြတဲ့အနက် ၂၀၂၁ အထိ ဖြတ်သန်းခဲ့တဲ့အနုပညာသက်တမ်းတလျှောက်လုံး ဆုပေါင်းများစွာရရှိခဲ့ကြတဲ့ ထိုင်းမင်းသမီးကတော့ (၆) ဦးပဲ ရှိပါတယ်။

(၁) Aum Patchrapa

“ဖျော်ဖြေရေးလောကရဲ့ ဘုရင်မ” Aum Patchrapa ကတော့ အနုပညာသက်တမ်း ၂၀ ကျော်ပါပြီ။ သူမရရှိဖူးတဲ့ ဆုအရေအတွက်ကတော့ ၉၂ ခုတိတိရှိတာကြောင့် ဆု‌အများဆုံးပိုင်ဆိုင်ထားတဲ့မင်းသမီးအဖြစ် မှတ်တမ်းတင်ထားပါတယ်။

(၂) Anne Thongprasom

ဝါရင့်စီနီယာမင်းသမီးကြီး Anne Thongprasom ကတော့ ကလေးဘဝကတည်းက အနုပညာလောကထဲကို ချေခြခဲ့သူပါ။ အနုပညာသက်တမ်း နှစ်ပေါင်း ၃၀ နီးပါးအတွင်းမှာ ဆုပေါင်း ၈၅ ခုတိတိကို ရယူနိုင်ခဲ့တဲ့ ထိပ်တန်းမင်းသမီးကြီးပဲ ဖြစ်ပါတော့တယ်။

(၃) Yaya Urassaya

အသက်အငယ်ဆုံး ဆုပေါင်းများစွာပိုင်ရှင်လေးကတော့ ထိပ်တန်းမင်းသမီးချော Yaya Urassaya ပဲဖြစ်ပါတယ်။ အနုပညာသက်တမ်းက ဆယ်စုနှစ်ကျော်ပဲရှိသေးပေမဲ့ သူမရဲ့အရည်အချင်းကြောင့် လက်ရှိအချိန်အထိ ဆုပေါင်း ၇၅ ခုတိတိကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတော့တယ်။

(၄) Nune Woranuch

Nune Woranuch ကတော့ အိမ်ထောင်ကျပြီးတာတောင် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်နိုင်သေးတဲ့ ရှားပါးစီနီယာမင်းသမီးကြီးပါ။ သရုပ်‌ဆောင်ကောင်းသူ‌လည်းဖြစ်တာကြောင့် သူမရဲ့ ကြိုးစားမှုအတွက် ဆုပေါင်း ၅၅ ဆုတိတိကို ရရှိထားပါတယ်။

(၅) Bella Ranee

ထိပိတန်းမင်းသမီးချောလေး Bella Ranee ကတော့ “rating queen” (ကြည့်ရှုနှုန်း ဘုရင်မ) ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကောင်းပေါင်းများစွာနဲ့ အရည်အချင်းတွေချပြထားသူလေး Bella ဟာ ဆုပေါင်း ၅၂ ဆုပိုင်ရှင်လေးပဲဖြစ်ပါတော့တယ်။

(၆) Chompoo Araya

ဖက်ရှင်ဘုရင်မကြီး Chompoo Araya ကတော့ အနုပညာအလုပ်တွေ ကျဲသွားတာတောင် ဆုများရှင်စာရင်းမှာ ပါဝင်နေဆဲပါပဲ။ နှစ်ပေါင်း ၂၀ ကျော်ကြာ သရုပ်‌ဆောင်ခဲ့တဲ့ရလဒ်အနေနဲ့ ဆုပေါင်း ၅၁ ဆုကို သိမ်းပိုက်ရရှိထားခဲ့ပါတယ်။

Source: ThaiToday
Photos: ThaiToday
Translated by Julix