Celebrity News

အင်ချွန်း​လေဆိပ်မှာ ဝတ်ဆင်ခဲ့တဲ့ အင်္ကျီ​ပေါ်က မထင်မှတ်ထားတဲ့အရာ​ကြောင့် လူ​ပြောများ​နေတဲ့ Jennie

BLACKPINK အဖွဲ့ဝင် Jennie ဟာ ပြည်ပကို ထွက်ခွာဖို့ ​အင်ချွန်းလေဆိပ်ကို ​ရောက်ရှိလာတိုင်းမှာ သူမရဲ့ ​လေဆိပ်ဖက်ရှင်​တွေ​ကြောင့် အင်တာနက်နဲ့ သတင်း​မီဒီယာ​တွေကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွား​စေတတ်တဲ့သူဖဖြစ်ပါတယ်။ ယခုတစ်ခါမှာလည်း မကြာ​သေးခင်က အင်ချွန်းလေဆိပ်က Jennie ရဲ့ ဓါတ်ပုံ​တွေဟာ အင်တာနက်သုံးစွဲသူ​တွေကြားမှာ အာရုံစိုက်ခံ​နေရပြီး ဟိုး​လေတ​ကျော်ဖြစ်လို့​နေပါတယ်။

အဲ့ဒီအ​ကြောင်းအရင်းကို​တော့ ​အောက်မှာ ဆက်ပြီး ဖတ်ရှု​ကြည့်ကြပါ​နော်။ ပြီးခဲ့တဲ့​အောက်တိုဘာလ ၂၄ ရက်​နေ့က Jennie ဟာ အ​မေရိကန်နိုင်ငံ၊ ​လော့အိဂျလိစ်မြို့ကို သွား​ရောက်ဖို့ ဆိုးလ်မြို့၊အင်ချွန်း​လေဆိပ်ကို ​ရောက်ရှိလာခဲ့ပါတယ်။ ထုံးစံအတိုင်း သတင်း​ထောက်​တွေ၊ ပရိသတ်​တွေ အများအပြားလာ​ရောက်ခဲ့ကြပြီး Jennie ရဲ့ ဓါတ်ပုံ​တွေကို ရိုက်ကူးမှတ်တမ်းတင်ခဲ့ကြပါတယ်။

​အောက်တိုဘာလ ၂၆ ရက်​နေ့မှာ​တော့ အင်တာနက်သုံးစွဲသူတစ်ဦးက online community မှာ ဒီအ​​ကြောင်းအရာနဲ့ ပတ်သက်ပြီး လူ​တွေသတိမထားမိတဲ့ အချက်တစ်ချက်ကို မျှ​ဝေခဲ့ပါတယ်။ အဲ့ဒီ post ထဲမှာဆိုရင် Jennie က မျက်လုံးတစ်ဖက်မှိတ်ရင်း ကင်မရာ​ကို ကြည့်ပြီး လက် ၂ ​ချောင်း​ထောင်ကာ ပို့စ်​ပေး​နေတဲ့ ဓါတ်ပုံကို တင်ထားပါတယ်။

ဒါက post တင်တဲ့သူ ပြသချင်တဲ့ အဓိကအ​ကြောင်းအရာမဟုတ်​သေးပါဘူး။ Jennie ဟာ ထို​နေ့က ၂၄၈ ​ဒေါ်လာတန်တဲ့ Maison Kitsumé တံဆိပ် ​ခါးတိုဆွယ်တာနဲ့ Calvin Klein ဂျင်း​ဘောင်းဘီတို့ကို တွဲဖက်ဝတ်ဆင်ခဲ့ပြီး Chanel နဲ့ Loquet တို့က လက်ဝတ်တန်ဆာ​တွေကိုလည်း ဝတ်ဆင်ထားခဲ့ပါတယ်။

ဒီဝတ်စုံဟာ ရိုးရှင်းတာ​ကြောင့် လူ​တွေအတွက် အထူးအဆန်း သိပ်မဖြစ်ခဲ့ပေမဲ့ ​မကြာခင်မှာပဲ Jennie ရဲ့ အင်္ကျီ​အောက်နားမှာ ​ထမင်း​စေ့ပြုတ်ကျပြီး စွန်းထင်း​နေတဲ့အရာရှိ​နေတာကို သတိထားမိခဲ့ကြပါတယ်။ စွန်း​နေတဲ့ ထမင်း​စေ့အရာက ​သေးလွန်းတာ​ကြောင့် အစပိုင်းမှာ လူ​တွေက သတိမထားမိခဲ့ကြတာဖြစ်ပါတယ်။ အခုလိုမျိုး အင်္ကျီ​ပေါ်မှာ ထမင်း​စေ့နဲ့ တခြားနိုင်ငံကို ထွက်ခွာသွားတဲ့ Jennie ကို ​တွေးမိပြီး ပရိသတ်​တွေက​တော့ အူတက်​​နေကြပါတယ်။

အင်တာနက် သုံးစွဲသူတချို့က​လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး “Jennie က ထမင်းအများကြီးစားတယ်ထင်တယ်” ၊ “သူမက ​ကြောင်​လေးတစ်​ကောင်လိုပဲ ချစ်ဖို့​ကောင်းလိုက်တာ” ၊ “Jennie လည်း လူသားပဲကိုး” ၊ “အ​​ရောင်ကို ကြည့်ရတာ​တော့ သူမ Seollengtang စားခဲ့တာဖြစ်မယ်” စသဖြင့် မှတ်ချက်ပြုခဲ့ကြပါတယ်။

Source : Kpopstarz
Photo : Twitter
Written : ZL