Celebrity News

Bow နဲ့တွဲတုန်းက လွန်စွာမှစိတ်ပင်ပန်းခဲ့ရကြောင်း လူသိရှင်ကြားဖွင့်ပြောခဲ့တဲ့ Mik Thongraya

Mik Thongraya နဲ့ Bow Maylada တို့ကို ပြန်တွဲစေချင်နေကြတဲ့ပရိသတ်ကြီးတို့အတွက် မျှော်လင့်ချက်မရှိတော့ပါဘူး။ နှစ်ယောက်သား လမ်းခွဲပြီးနောက် ပြန်တွဲဖို့အရိပ်အယောင်ရှိကြောင်း အထင်မှားခဲ့ကြပေမဲ့ တကယ်တမ်း အခြေအနေတွေဟာ ထင်ထားတာထက်တောင် ဆိုးရွားနေခဲ့ပါတယ်။ မကြာသေးခင်က တက်ရောက်ခဲ့တဲ့ပွဲတစ်ခုမှ Mik က သူ့ရဲ့ပြီးခဲတဲ့အချစ်ရေးအကြောင်းကို လူသိရှင်ကြား ထုတ်ပြောလိုက်လို့ဖြစ်ပါတယ်။

အဆိုပါပွဲမှာ သတင်း‌တင်ဆက်သူက Mik ရဲ့ အချစ်ရေးအကြောင်း အသေးစိတ်မေးမြန်းခဲ့ပါတယ်။ မေးခွန်းပေါင်းများစွာအတွက် Mik ရဲ့ အဖြေတွေကတော့ အခုလိုပဲဖြစ်ပါတယ်။ “အခုချိန်မှာ အကုန်အဆင်ပြေပါတယ်။ အလုပ်ကိုပဲ အာရုံစိုက်ထားပြီး နှလုံးသားအခြေအနေကလည်း အကောင်းအတိုင်းပါပဲ။ လမ်းခွဲပြတ်စဲခြင်းနဲ့ကြုံတွေ့ရတဲ့သူတိုင်း ခံစားချက်တွေကတော့ အတူတူပဲ နေမှာပါ။ အချိန်ပေးဖို့တော့လိုအပ်တာပေါ့။ ကျွန်တော်လမ်းခွဲလိုက်တဲ့ကိစ္စက တော်တော်လေး ဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။ အဲ့ကတည်းက ကျွန်တော်တို့ ၂ ယောက် မဖြစ်နိုင်တော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်းသိနေခဲ့ပါတယ်။

ကျွန်တော်တို့တတွေ တစုံတစ်ယောက်နဲ့ ချစ်မိပြီဆိုရင် ဘယ်သူကများ လမ်းခွဲချင်မှာလဲ? ဒီကြားထဲ ပြဿနာတွေတက်ပြီး ၅ ကြိမ်လောက် ပြတ်မလိုဖြစ်ခဲ့တယ်။ ပထမတစ်ခါပြတ်တယ်… ကြိုးစားပြင်ဆင်ရင်း ပြန်တွဲတယ်… ဒုတိယတခါ… တတိယတခါ.. ဒီလိုနဲ့ ၅ ကြိမ်လောက်အထိ ဖြစ်ခဲ့တယ်။ ကြိုးစားခဲ့ပေမဲ့ အကုန်သဲထဲရေသွန်ပဲ။ တခြားပုံစံနဲ့ ရှေ့ဆက်မယ်ဆိုတော့လည်း အခြေအနေက ပိုတောင်ဆိုးသွားခဲ့သေးတယ်။ တခြားသူတွေ ချစ်မိတဲ့အခါ ဘယ်လိုဖြစ်မလဲ, မသိပေမဲ့ ကျွန်တော့်အတွက်တော့ Bow နဲ့တွဲရတဲ့တလျှောက်လုံး တအားပင်ပန်းခဲ့တယ်။

စကားများတာတွေလည်း ရှိသေးတယ်။ ဖြစ်သမျှတိုင်းက အကြီးကြီးတွေချည်းပဲ။ ဘယ်လိုပြောပြရမလဲတောင်မသိဘူး။ တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်ရင်‌တောင် ကြိုးစားပြင်ဆင်ကြရမယ်လေ။ ကျွန်တော်တို့ကတော့ အခေါက်တိုင်း ခက်ခဲလာခဲ့တယ်။ နောက်ဆုံး ၂ ယောက်အတူ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ကျွန်တော် ထပ်ပြီးအတည်ပြုပေးပါရစေ.. တတိယလူကြောင့် လမ်းခွဲခဲ့ရတာ လုံးဝမဟုတ်ပါဘူး။

အချိန်တစ်ခုကတော့ ပေးရမှာ။ နောက်ဆုံးမှာ အကုန်အဆင်ပြေသွားမှာပါ။ လတ်တလော အလုပ်ကိုပဲအာရုံစိုက်ထားဦးမယ်။ အချစ်ရေးကိုတော့ ခေတ္တနားထားတယ်။ လမ်းခွဲဖူးတဲ့စုံတွဲက ကျွန်တော်တစ်ယောက်တည်းမှမဟုတ်တာ။ တကယ်လို့ တွဲနေရင်း ပြဿ‌နာတွေတက်လာရင် နှစ်ဦးနှစ်ဖက် အသိဉာဏ်မကိုက်လို့ပါပဲ။ အချင်းချင်းနားလည်မပေးနိုင်ရင် ရှေ့ဆက်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ အားပေးနှစ်သိမ့်ခဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဖက်က လုံးဝပြီးပြတ်သွားပြီမို့လို့ အဆင်ပြေနေပါပြီ” ဆိုပြီး ပြောဆိုသွားပါတော့တယ်။

Source: ThaiToday
Photos: ThaiToday
Translated by Ivy