Celebrity News

မကြာခင်မှာ ရိုးသားကြိုးစားတဲ့ ဒီဇိုင်းနာအဖြစ် မြင်ရတော့မဲ့ L တို့ရဲ့ အငယ်ဆုံးလေး Sehun

မြန်မာပရိတ်သတ်တွေရဲ့ အချစ်ဦး အွန်စောလည်း ပါသလို မြေခွေးကားထဲက လူကြီးမင်း ပါဝင်တဲ့ ‘Now, We Are Breaking Up’ K drama ကား ကို korea ကားချစ်သူတွေ စောင့်မျှော်နေကြတာ ကြာပါပြီ။ ဒါ့အပြင် ဒီကားထဲမှာ ဇာတ်ပို့အဖြစ် EXO အဖွဲ့ဝင် sehun လည်း ပါတာမို့ Kpop ချစ်သူတွေပါ ကြည့်ဖို့ အားခဲထားကြတဲ့ ကားလေးပါ။

ထုတ်လွှင့်ဖို့ သိပ်မလိုတော့တဲ့ ဒီကားလေးရဲ့ အမြည်းဓာတ်ပုံတွေကို October 28 ရက်နေ့မှာ SBS က တင်ခဲ့ပါတယ်။ ဇာတ်ကားရိုက်တုန်းက Sehun ရဲ့ ပုံတွေကို တင်ခဲ့တာဖြစ်ပြီး ခုလို Caption နဲ့တင်ခဲ့ပါတယ်။”ရိုးသားဖြူစင်ပြီး အလုပ်ကြိုးစားနေတဲ့ Hwang Chi Hyung ဖြစ်ပါတယ်။

ဒီဇာတ်ကောင်ကို နှစ်လိုဖွယ်ကောင်းပြီး အရမ်းကြည့်ကောင်းတဲ့ Visual ပိုင်ရှင် Sehun က အံ့ဝင်ခွင်ကျ ဖြစ်အောင် သရုပ်ဆောင်ထားပါတယ်။ ကျေးဇူးပြု၍ အများကြီး စောင့်မျှော်ကြည့်ရှုအားပေးကြပါအုံး” ပုံတွေကြည့်ရုံနဲ့တင် Sehun ဟာ သူ့ဇာတ်ကောင်အပေါ် ဘယ်လောက်စျာန်ဝင်ရိုက်ကူးထားသလည်းဆိုတာ ပရိတ်သတ်ကြီးတို့ တွေ့မြင်နိုင်ပါတယ်။

နဂိုထဲက ဘာဝတ်ဝတ်ကြည့်ကောင်းတဲ့အပြင် Fashion designer ဇာတ်ရုပ်ကို သရုပ်ဆောင်ရမှာမို့ Sehun ရဲ့ fashion style တွေကို တဝကြီး ကြည့်ရမဲ့ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ November 12 ရက်နေ့ 10pm KST မှာ စလွှင့်မှာ ဖြစ်ပြီး sehun စပေါ်လာမဲ့အပိုင်းကတော့ episode 4 လို့ sehun ကိုယ်တိုင် spoiler ပေးထားပါတယ်။

Source: Allkpop
Twitter: Violet