Celebrity News

ကြည့်ရင်းနဲ့ တစိမ့်စိမ့် Feel ရတော့မယ့် Jang Ki Yong နဲ့ Song Hye Kyo တို့ ဇာတ်လမ်းသစ်

Jang Ki Yong နဲ့ Song Hye Kyo တို့ရဲ့ လက်တွေ့ဆန်ဆန် အချစ်ဇာတ်လမ်းသစ်လေးဖြစ်တဲ့ “Now We Are Breaking Up” ကတော့ ထွက်ရှိလာဖို့ တာဆူနေပါပြီ။ Choi Hee Seo, Kim Joo Heon, EXO’s Sehun တို့အပြင် အနုပညာရှင်ပေါင်းများစွာ အားဖြည့်ရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းလေးဖြစ်တာကြောင့် လူစိတ်ဝင်စားမှုများတဲ့ ဇာတ်လမ်းတွဲလည်းဖြစ်ပါတော့တယ်။

“Now We Are Breaking Up” ဇာတ်လမ်းနဲ့ပတ်သက်လို့ ပိုစတာတွေနဲ့ Trailer လေးတွေလည်း ထွက်ရှိနေဆဲဖြစ်တာဖြစ်ပြီး အချစ်ရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခက်အခဲ၊ စိတ်သဘောထားမတိုက်ဆိုင်မှုတွေ.. စသဖြင့် ကိုယ်တွေ့ဖြစ်နေသလို Feel ရတော့မှာပါ။

တစ်စုံတစ်ယောက်နဲ့ချစ်မိရင် ကြည်နူးရတဲ့အခိုက်အတန့်တွေရှိသလို လမ်းခွဲပြတ်စဲဖို့ ပြဿနာလေးတွေဖြစ်တတ်စမြဲပါပဲ။ Song Hye Kyo က ဖက်ရှင်ဒီဇိုင်းအဖွဲ့ရဲ့ ထက်ထက်မြက်မြက်မန်နေဂျာ Ha Young Eun အဖြစ် သရုပ်ဆောင်ထားပြီး Jang Ki Yong ကတော့ ဥစ္စပေါရုပ်ချော အရည်အချင်းလည်းရှိတဲ့ အလွတ်တန်းဓာတ်ပုံဆရာ Yoon Jae Guk အဖြစ် သရုပ်ဆောင်ထားပါတယ်။

October 29 ရက်နေ့မှာ ထွက်ရှိလာခဲ့တဲ့ ပိုစတာထဲမှာဆိုရင် “But let’s love only when we’re breaking up” (လမ်းခွဲခဲ့ရင်တောင် ပြန်ချစ်ကြမယ်နော်) ဆိုတဲ့ စာသားလေးနဲ့ မြူဆွယ်ထားတာကြောင့် လှည့်ကွက်များတဲ့ အချစ် ဆိုတာကို ခံစားကြည့်ရှုဖို့ ရင်ခုန်‌နေရပါပြီ။

“Now We Are Breaking Up” ရဲ့ အဓိကပေးချင်တဲ့ Message ကိုက လမ်းခွဲခြင်းဟာ အချစ်ရဲ့ အဆုံးသတ်မဟုတ်ဘဲ ချစ်နေဆဲကာလတွေရဲ့ ခြေလှမ်းလေးတစ်ခုဖြစ်ကြောင်းကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရိုက်ပြထားတာပါ။ အချိန်တန်ရင် ပြတ်မှာပဲ ဆိုတဲ့စကားတွေရှိပေမဲ့ တကယ်ချစ်ရင်တော့ ဘယ်လောက် လမ်းခွဲခဲ့ပါစေ ပြန်လည်ပေါင်းစည်းကြစမြဲပါပဲ။

“Now We Are Breaking Up” ဇာတ်လမ်းကတော့ “One the Woman” ပြသပြီးစီးပြီးနောက် November 12 ရက်နေ့မှာ စတင်ပြသသွားမှာပါ။ မင်းသား Jang Ki Yong ကတော့ လက်ရှိစစ်မှုထမ်းနေတာဖြစ်ပြီး ပရိသတ်တွေ လွမ်းမနေရအောင် ရိုက်ကူးပေးခဲ့တဲ့ ဇာတ်လမ်းလည်းဖြစ်တာကြောင့် ထိပ်တန်းမင်းသမီး Song Hye Kyo နဲ့အတူ ဘယ်လိုတွေ တစိမ့်စိမ့်ခံစားရင်း ကြည့်လို့ကောင်းနေမလဲဆိုတာကို ဇာတ်လမ်းထွက်လာရင် ကြည့်ရှုအားပေးကြပါဦးနော်။

Source: Soompi
Photos: Soompi
Translated by Ivy