Chinese Celebrity

Xiao Zhan ရဲ့ ဇာတ်ညွှန်းသစ်အားလုံး တရားမဝင်ဘဲ Leak ဖြစ်နေတယ်ဆိုပြီး သတင်းပြန့်နေ

မင်းသား Xiao Zhan ကိုတော့ တိုက်ခိုက်ဝေဖန်တဲ့သူက နည်းမျိုးစုံနဲ့ နှောင့်ယှက်နေတာပါ။ အခုတစ်ခါမှာလည်း မင်းသားရဲ့ ဇာတ်လမ်းသစ်အားလုံးရဲ့ ဇာတ်ညွှန်းပိုင်းတွေဟာ Leak ဖြစ်ကာ တရားမဝင်ပြန့်နှံ့လို့နေကြောင်း သတင်းတွေထွက်နေခဲ့ပါတယ်။ နာမည်ကြီးဖြစ်လာတာနဲ့အမျှ အနုပညာအလုပ်တွေကို အားကြိုးမာန်တက်လုပ်ဆောင်နေတဲ့ Xiao Zhan ကို ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်နေသူတွေရှိနေပြီး မင်းသားရဲ့ ကျော်ကြားမှုအားလုံး ဆုတ်ယုတ်အောင် လုပ်ဆောင်နေခဲ့ကြပါတယ်။

Xiao Zhan ရဲ့ အတုအပချေမှုန်းရေးအဖွဲ့ကတော့ မင်းသားရဲ့ ဇာတ်လမ်းတွေဖြစ်တဲ့ “Oath of Love”, “Ace Troops”, “The Longest Promise” နဲ့ “Dream Like a Dream” စတဲ့ ဇာတ်ညွှန်းတွေ တရားမဝင်ထွက်ရှိနေတယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း ငြင်းဆို‌ခဲ့ပေမဲ့ netizen တွေကတော့ Xiao Zhan လက်မှတ်ထိုးထားတဲ့ ဇာတ်ညွှန်းတွေဟာ ဖတ်ရှုသူတွေကြား တကယ်မပြန့်ဘဲ အခုလို ကောလဟာလ ထွက်လာစရာအကြောင်းမရှိကြောင်း ပြောဆိုနေခဲ့ကြပါတယ်။

အရင်ကတည်းက အခုလို Leak ထွက်တာမျိုးတွေရှိတာကြောင့် Xiao Zhan ရဲ့ ပရိသတ်တွေက ပြင်းပြင်းထန်ထန် သတိပေးကာ ထိန်းချုပ်ခဲ့ရဖူးပါတယ်။ ဇာတ်လမ်းတောင်မထွက်သေးဘဲ ဇာတ်ညွှန်းသစ်တွေအားလုံး ထွက်ရှိနေမှုကတော့ တကယ်သာ ဟုတ်မှန်နေတယ်ဆိုရင် တော်တော်လေးကို စိတ်ပျက်ဖွယ်ရာပါပဲ။

ဇာတ်ညွှန်း leak ဖြစ်တာဟာ သိချင်ကြတဲ့ပရိသတ်တွေအတွက်တော့ ကိစ္စမရှိပေမဲ့ မင်းသား Xiao Zhan ရဲ့အလုပ်အတွက် ကြီးကြီးမားမားကို ထိခိုက်မှုရှိမှာဖြစ်တာကြောင့် အစစ်ဟုတ်၊မဟုတ်ကို စုံစမ်းနေကြပါတယ်။ Xiao Zhan အတွက် နောက်ထပ်အတားအဆီးဖြစ်မယ့်ကိစ္စမျိုးကို တကယ့်ပရိသတ်အစစ်တွေကတော့ တော်တော်လေးစိတ်ပူပန်နေကြပါပြီ။

Source: Sohu
Photos: Sohu
Translated by Julix