Chinese Celebrity

Lay ရဲ့နာမည်ကို ရီစရာကောင်းအောင် ဆက်စပ်ပြောဆိုခဲ့ဖူးတဲ့ Yang Zi

EXO ရဲ့ သိုးပေါက်လေး Lay Zhang ကတော့ East ဆိုတဲ့ သီချင်းသစ်လေးနဲ့ Comeback ပြုလုပ်ထားတာမကြာသေးပါဘူး။ ဇာတ်လမ်းတွေလည်းရိုက်ကူးနေသလို ရှိုးတွေမှာလည်း ပါဝင်နေတာကြောင့် မအားလပ်အောင်ကို ကြိုးစားနေသူပါပဲ။ အလုပ်က ပဓာနဖြစ်ပြီး အပြင်းအထန်ဆုံး ကြိုးစားအားထုတ်မှုလုပ်လေ့ရှိတဲ့ Lay ကိုတော့ အတုယူလေးစားကြတဲ့ ပရိသတ်တွေ များလှပါတယ်။

Lay လို့ပြောလိုက်တာနဲ့ အလုပ်ကြိုးစားတဲ့ idol တစ်ဦးအဖြစ် ပြေးမြင်လေ့ရှိကြပြီး ဒီအကြောင်းနဲ့ပတ်သက်လို့ မင်းသမီး Yang Zi ဟာ Lay ရဲ့ နာမည်နဲ့အလုပ်ဟာ ဆက်စပ်နေပုံကို Back to Field မှာ ဟာသမြောက်စွာ ပြောခဲ့ဖူးပါသေးတယ်။

Lay ရဲ့ Weibo အကောင့်နာမည်ဟာ “အလုပ်ကြိုးစားခြင်း” လို့ အဓိပ္ပါယ်ရတာကို Yang Zi က သတိထားမိပြီး Zhang Yixing ရဲ့ အင်္ဂလိပ်နာမည်ဖြစ်တဲ့ Lay နဲ့ ဆက်စပ်ပြောဆိုခဲ့တာပါ။ “Zhany Yixing ရဲ့ အင်္ဂလိပ်နာမည်က Lay နော်? အဲ့တာအလုပ်, လုပ်ရလွန်းလို့ ပင်ပန်းတယ် (Lei) ဆိုတဲ့ သဘောပေါ့။

Weibo အကောင့်နာမည်က “အလုပ်ကြိုးစားခြင်း” ဆိုတော့ ပင်ပန်းပြီး “Lay( Lei)” ဖြစ်သွားတာနေမှာ” ဆိုပြီး ပြောချလိုက်ပါတယ်။ အင်္ဂလိပ်စာလုံး Lay နဲ့ တရုတ်စာလုံး Lei (ပင်ပန်းခြင်း) တို့ဟာ အသံထွက် တူနေတာကြောင့် Yang Zi တစ်ယောက် ဟာသလုပ်ချလိုက်တာပါ။

Yang Zi စကားကိုလည်းကြားရော Back to Field Season (5) မှာပါဝင်ခဲ့တဲ့ အဖွဲ့သားတွေအားလုံး အူတက်ကုန်ပါတော့တယ်။ မရမက ဆက်စပ်ပြီး တွေးကြည့်ရင်တော့ တကယ်ရီစရာကောင်းပေမဲ့ Lay ကိုယ်တိုင်ကတော့ အလုပ်ကြိုးစားလွန်းလို့ ပင်ပန်းနေတဲ့ပုံစံမျိုးကို ဘယ်တုန်းကမှ မပြသဖူးပါဘူး။ အောင်မြင်မှုနဲ့ထိုက်တန်အောင် ကြိုးစားနေသရွေ့ Lay ကတော့ ထိပ်ဆုံးမှာ ရှိနေတော့မှာပါပဲ။

Source: Chinapress
Photos: Weibo
Translated by Julix