Chinese Celebrity

ပြည်မကြီးရဲ့ ရောင်းအားအကောင်းဆုံး အဆိုရှင်တွေအဖြစ် နာမည်တွင်နေတဲ့ Idol (၅) ဦး

ပြည်မကြီးက ထိန်းချုပ်ကန့်သတ်ချက်တွေအကြောင်းကို အနည်းအကျဉ်းတော့ တီးမိခေါက်မိကြပါလိမ့်မယ်။ သီချင်း platforms တွေအတွက် အသစ်ချမှတ်လိုက်တဲ့စည်းမျဉ်းတွေအရ သီချင်းတွေကို ဝယ်ယူနားဆင်မှုပိုင်းမှာ တစ်ဦးလျှင် တစ်ခုဆီသာ ဝယ်ယူခွင့်ရှိတယ်ဆိုပြီး တော်တော်တင်းကြပ်လာခဲ့ပါတယ်။ ဒီလိုမျိုး အခြေအနေတွေရှိနေတာတောင် ပြည်မကြီးရဲ့ ရောင်းအားအကောင်းဆုံး အဆိုရှင် (၅) ဦးစာရင်းက ထွက်ပေါ်လာခဲ့ပါတယ်။

• Xiao Zhan

မင်းသားချော Xiao Zhan ကတော့ မူလက idol တစ်ဦးလည်းဖြစ်ပါတယ်။ တကိုယ်တော်သီချင်းတွေထွက်ရှိလာခဲ့ပြီးနောက် ၂၀၂၀ တုန်းက ထွက်ထားတဲ့ “Light Spot” သီချင်းဟာ ပြည်တွင်းရောင်းချမှုမှာလည်း စံချိန်တင်နိုင်ခဲ့ပါတယ်။ တစ်နှစ်ကျော်ကြာပြီးနောက် စည်းမျဉ်းအသစ်တွေပြောင်းလဲသွားတာတောင် ဒီသီချင်းရဲ့ ရောင်းချအားဟာ ယနေ့ချိန်ထိ ထိုးတက်နေဆဲဖြစ်ပါတယ်။

• Cai Xukun

နာမည်ကြီးကျော်ကြားလာတဲ့ Cai Xukun ဟာ ပရိသတ်တွေ‌ တနေ့တခြားတိုးများနေပါတယ်။ သီချင်းထွက်ရှိပြီး Cpop လောကထဲမှာ လွှမ်းမိုးထားတာဖြစ်ပြီး September လကုန်မှ October လလယ်အထိ သီချင်း (၂) ပုဒ်ပေါင်း အမြတ်ငွေ ယွမ် ၂ သိန်းကျော်ရရှိခဲ့တဲ့အထိ ရောင်းချနိုင်ခဲ့ပြန်ပါတယ်။ တင်းကြပ်တဲ့စည်းမျဉ်းတွေအရ ပြည်တွင်းရောင်းချနိုင်ခဲ့တဲ့ ဒီပမာဏဟာ တော်တော်မြင့်မားနေပါတယ်။

• Hua ChenYu

“King of Singer” ဆိုပြီး နာမည်ပြောင်ရရှိထားသူ Hua Chenyu ကတော့ သီချင်းဖန်တီးမှုပိုင်းမှာပဲ တစိုက်မတ်မတ် မြှုပ်နှံထားတာပါ။ မကြာသေးခင်က ကလေးတစ်ယောက်ရရှိသွားတဲ့သတင်းကြောင့် တော်တော်လေး ဝေဖန်ခံခဲ့ရပေမဲ့ ကျော်ကြားမှုကတော့ လျော့မသွားပါဘူး။ တလမပြည့်ခင် ကာလတိုအတွင်းမှာပဲ ယွမ် ၄ သောင်းကျော်ရရှိတဲ့အထိ ရောင်းအားကောင်းခဲ့ပါတယ်။

• Wang Yibo

Wang Yibo ရဲ့ “Wugan” သီချင်းကိုတော့ မြူးကြွတဲ့သံစဉ်ကြောင့် လူငယ်ပရိသတ်တွေ တော်တော်ကြိုက်ကြပါတယ်။ Platform တချို့ရဲ့ တင်းကြပ်တဲ့စည်းမျဥ်းကြောင့် copyright တချို့ကို ဖြတ်ကျော်နေရပေမဲ့ ရောင်းအားက ကျမသွားဘဲ တဖြည်းဖြည်းချင်းကို တက်ရောက်နေဆဲဖြစ်ပါတယ်။

• Lay Zhang

Zhang Yixing ရဲ့ သီချင်းဖြစ်တဲ့ “Lit” ကလည်း Lay ရဲ့ အားထုတ်မှုတွေကို ကွက်ကွက်ကွင်းကွင်းမြင်နေရတဲ့ သီချင်းပါပဲ။ လူအများက အာရုံစိုက်ကာ နားထောင်နေကြတဲ့သီချင်းဖြစ်ပြီး ဝယ်ယူနားဆင်မှုက တရိပ်ရိပ်တက်လာနေခဲ့ပါတယ်။ မကြာသေးခင်ကမှလည်း East ဆိုတဲ့ mini-album ကိုလည်း ထုတ်ထားပါသေးတယ်။

Source: Sohu
Photos: Weibo
Translated by Julix