Chinese Celebrity

Li Xian ရဲ့ မွေးနေ့အတွက် မှတ်မှတ်ရရနဲ့ အထူးတလည် ဆုတောင်းပေးခဲ့တဲ့ Yang Zi

အောက်တိုဘာလ ၁၉ ရက်နေ့ကတော့ တရုတ်မင်းသားချော Li Xian ရဲ့ အသက် (၃၀) ပြည့်မွေးနေ့ပါပဲ။ Go Go Squid ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးပြီ လူခင်လူခင်ပေါများလာတဲ့ မင်းသားချောဖြစ်တာနဲ့အညီ ပရိသတ်တွေကကော အနုပညာရှင်အပေါင်းအသင်းတွေက‌လည်း မွေးနေ့ဆုဆောင်းပေးနေကြပါတယ်။

အထူးတလည် မှတ်မှတ်ရရ အနေနဲ့ မွေးနေ့ဆုတောင်းပေးခဲ့သူကတော့ ထိပ်တန်းမင်းသမီးချော Yang Zi ပါပဲ။ Yang Zi က Li Xian ရဲ့ မွေးနေ့ကို ဆုတောင်းပေးခဲ့တာဟာ ဒီနှစ်နဲ့ဆိုရင် ၃ နှစ်တိတိရှိပါပြီ။ Go Go Squid ထဲမှာ အတူတူတွဲဖက်သရုပ်ဆောင်ရင်း ရင်းနှီးသွားခဲ့တဲ့ မိတ်ဆွေဖြစ်တာကြောင့် ဒီနှစ်အတွက်လည်း ဆုတောင်းပေးခဲ့ပါတယ်။

Yang Zi က သူမ 2019 တုန်းက ဆုတောင်းစာတင်ပေးခဲ့တဲ့ post ကို ပြန်ရှဲကာ ဆုတောင်းပေးခဲ့တာပါ။ ဒီနှစ်အတွက် ၁၉ ရက်နေ့ မနက်ပိုင်းစောစောပိုင်းမှာပဲ “Happy birthday ပါ မိတ်ဆွေဟောင်းကြီးရေ” ဆိုတဲ့ Caption နဲ့ တင်ပေးခဲ့တာဖြစ်ပါတယ်။

ဒါကို Li Xian ကလည်း “ကြင်နာတတ်တဲ့ Tong Nian၊ သွက်လက်တဲ့မျောက်လေး (Yang Zi ရဲ့ နာမည်ပြောင်) ကိုကျေးဇူးတင်ပါတယ်နော်” ဆိုပြီး ရင်းနှီးမှုတွေကို ပြသခဲ့ပါတော့တယ်။ ၃ နှစ်ဆက်တိုက် ဆုတောင်းပေးခဲ့တာဖြစ်လို့ အနုပညာရှင်နှစ်ယောက်ကြားက ရင်းနှီးနေမှုက တကယ်ကို ချစ်စရာကောင်းနေပါတော့တယ်။

Li Xian ရဲ့ ထိပ်စည်းပြောင်းသွားတဲ့ အထူးတလည်မွေးနေ့လေးမှာ Yang Zi အပြင် ပရိသတ်ပေါင်းများစွာကလည်း ပျော်ရွှင်စွာဆုတောင်းပေးခဲ့ကြပါတယ်။ အသက် (၃၀) ပြည့်မွေးနေ့ကစပြီး နောင်လာမယ့်နှစ်တိုင်းမှာ အောင်မြင်မှု၊ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နိုင်ဖို့ အားလုံးနဲ့ထပ်တူ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sohu
Photos: Weibo
Translated by Julix