Chinese Celebrity

“ထိပ်ပြောင်ချင်ကြောင်း” စ,နောက်ပြောဆိုခဲ့ဖူးတဲ့ ချစ်စရာမင်းသမီးလေး Zhao Lusi

ပြည်မကြီးရဲ့ နာမည်ကြီးမင်းသမီးစာရင်းဝင်လေးဖြစ်သူ Zhao Lusi ကိုတော့ လှပပြီးချစ်စရာကောင်းတဲ့ပုံစံလေးအပြင် သရုပ်ဆောင်ကောင်းတာကြောင့်ပါ ပရိသတ်အမြောက်အမြားက လက်ခံအားပေးနေကြတာပါ။ ပျော်ပျော်ရွှင်ရွှင်လည်း နေတတ်သူလေး‌ဖြစ်ပြီး သူ့အနားမှာရှိသူတိုင်းကို စိတ်ရွှင်လန်းစေနိုင်တဲ့ အစွမ်းလေးရှိတာကြောင့် Lusi ကို မချစ်ဘဲမနေနိုင်ကြပါဘူး။

တခါကလည်း “ထိပ်ပြောင်တဲ့သူတွေကို အားကျတယ်”, “ထိပ်ပြောင်ချင်တယ်” ဆိုပြီး စ,နောက် ပြောဆိုခဲ့ဖူးပါသေးတယ်။ ရှေးဟောင်းကားတွေရိုက်ကူးတဲ့အချိန်မှာ Lusi ဟာ သူမရဲ့ ဆံပင်ရှည်တွေက အဆင်မပြေကြောင်းကို ရီစရာကောင်းစွာ ပြောပြခဲ့ပါတယ်။

“ကျွန်မကလေ ထိပ်ပြောင်သွားချင်တယ်.. သိလား… ရှေးဟောင်းဇာတ်လမ်းတွေရိုက်တဲ့အခါကျ ကျွန်မက ဆံပင်တုလည်း တပ်စရာမလိုအပ်ပြန်ဘူး။ အဲ့လိုနဲ့ ခေါင်းလျှော်လိုက်ရင် ဆံပင်တွေက ကျွတ်ပြီး ရေပြွန်က ပိတ်ကုန်ရော။ ဆံပင်ရှည်ကြီးနဲ့က အဆင်ကိုမပြေပါဘူး” ဆိုပြီး ကလေးတစ်ယောက်လို ဆိုးပြနေခဲ့ပါတော့တယ်။

ဒီအကြောင်းကို ကြားသိရတဲ့ပရိသတ်တွေက အံ့ဩလို့ မဆုံးနိုင်သလို ဟာသမြောက်နေခဲ့ပါတော့တယ်။ Lusi အတွက် သူမရဲ့ သဘာဝဆံနွယ် ရှည်ရှည်လေးတွေကကို ဆွဲဆောင်မှုရှိပြီး အလှတိုးနေစေခဲ့တာပါ။ Zhao Lusi ရဲ့ ချစ်စရာကောင်းတဲ့ အပြောလေးကတော့ Weibo မှာတောင် trending topic ဖြစ်သွားပါသေးတယ်။ ထိပ်ပြောင်တဲ့သူတွေကို အားကျကြောင်းပြောလိုက်တဲ့ ၂၀ ကျော်အရွယ် မင်းသမီးလေးကတော့ တကယ့်ကို မနိုင်စိန်လေးပါပဲ။

Source: Cpophome
Photos: Weibo
Translated by Julix