Chinese Celebrity

(၂၉) နှစ်ပြည့်မွေး‌နေ့ကို ထူးခြားလေးနက်စွာဖြတ်သန်းခဲ့တဲ့ မင်းသားချော Deng Lun

October 21 ရက်နေ့ကတော့ တရုတ်နိုင်ငံရဲ့ ထိပ်တန်းမင်းသား Deng Lun ရဲ့ ၂၉ နှစ်ပြည့် မွေးနေ့ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကောင်းပေါင်းများစွာနဲ့ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်‌တာကြောင့် Deng Lun ရဲ့ မွေးနေ့က စည်ကားနေပါတော့တယ်။ မွေးနေ့ရောက်ရောက်ချင်းမှာပဲ Deng Lun ရဲ့ studio က‌နေတဆင့် မင်းသားရဲ့ ဆန္ဒနဲ့ ဆုတောင်းစကားတွေကို တင်ပေးခဲ့ပါတယ်။

ဒါတင်မက Studio ကနေ Deng Lun ရဲ့ မွေးနေ့ဓာတ်ပုံပေါင်းများစွာကိုပါ အမှတ်တရ တင်‌ပေးခဲ့ပါသေးတယ်။ ပုံထဲမှာ‌တော့ မင်းသားဟာ ပုံမှန်ပေါ့ပေါ့ပါးပါးအဝတ်အစားနဲ့ မွေးနေ့ဖြတ်သန်းခဲ့တာကို မြင်တွေ့နိုင်ပါတယ်။ အရင်ကတည်းက ခန့်ညားတာကြောင့် မိန်းကလေးတွေကြွေကြတဲ့အပြင် အခု အသက်တစ်နှစ်ကြီးလာတဲ့မွေးနေ့မှာလည်း ထူးထူးခြားခြားကို ကြည့်ကောင်းနေပြန်ပါတယ်။

မွေးနေ့ပွဲနေရာမှာတော့ ပူစီဖောင်းတွေအပြင် Deng Lun အတွက် အထူးပြင်ဆင်ထားတဲ့ မွေးနေ့ကိတ်တွေ၊ ပရိသတ်‌တွေရဲ့ ပေးစာတွေကို ထည့်ထားတဲ့ သေတ္တာလေးပါရှိနေတာကြောင့် တကယ်ထူးခြားနေပါတော့တယ်။ Deng Lun ကိုယ်တိုင်ကလည်းပဲ သူ့ရဲ့ အကောင့်မှာ “29 Safe and Smooth” (၂၉ နှစ်ပြည့်… အဆင်ပြေချောမွေ့ပြီး ဘေးကင်းပါစေ) ဆိုတဲ့ ဆုတောင်းစာနဲ့အတူ ပုံလေးတွေ ထပ်တင်ခဲ့ပြန်ပါတယ်။

ပရိသတ်ပေးတဲ့စာလေးတွေကိုပါ အထူးတလည်တင်ပေးထားတာကြောင့် Deng Lun ဟာ သူ့အတွက် နေ့ထူးနေ့မြတ်ကို ပရိသတ်တွေရဲ့ မေတ္တာစာစောင်တွေကိုဖတ်ရင်း ဖြတ်သန်းနေခဲ့တာ အသေချာပါပဲ။ ဇာတ်လမ်းကောင်းများစွာမှာ အကောင်းဆုံး သရုပ်‌‌ဆောင်နိုင်ခဲ့တဲ့ ထိပ်တန်းမင်းသား Deng Lun ရဲ့ (၂၉) နှစ်ပြည့်မွေးနေ့မှာတော့ ပရိသတ်တွေနဲ့ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေရဲ့ ဆုတောင်းမေတ္တာတွေနဲ့ လွှမ်းခြုံနေပါတယ်။ မွေးနေ့ကစပြီး နောင်နှစ်တွေမှာလည်း အောင်မြင်ခြင်းတွေကို ပိုမိုပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sohu
Photos: Weibo
Translated by Julix