Korean Celebrity

အကကရာမှာ နည်းစနစ်အကျဆုံးအဖြစ် သတ်မှတ်ခံရတဲ့ K-Pop Idol (၈) ဦး ​

မကြာ​သေးခင်က ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး အင်တာနက် forum တစ်ခုဖြစ်တဲ့ DC Inside နဲ့ AI Solution ကုမ္ပဏီ MyCelebs တို့ ပူး​ပေါင်းပြီး “အကကတဲ့​နေရာမှာ နည်းစနစ်အ​ကောင်းဆုံး ပြသနိုင်တဲ့ ​ယောကျ်ား​လေး K-Pop Idol” များဆိုတဲ့ poll တစ်ခုကို ​အောက်တိုဘာလ ၃ ရက်​နေ့က​နေ ၉ ရက်အထိ ပြုလုပ်ခဲ့ပါတယ်။

​အောက်တိုဘာလ ၁၁ ရက်​​နေ့မှာ​တော့ Exciting DC က ဒီမဲ​​ပေးမှုမှာ အနိုင်ရရှိတဲ့ Idol ​တွေကို ထုတ်​ပြန်​ကြေငြာခဲ့ပါတယ်။ ထိုမဲရလဒ်အရ အကကတဲ့​နေရာမှာ နည်းစနစ်အ​​​ကောင်းဆုံး K-Pop Idol ၈ ဦးက​တော့…

  1. BTS အဖွဲ့ဝင် Jimin

ဒီမဲ​ပေးမှုမှာ မဲစုစု​ပေါင်းရဲ့ ၆၇.၁၅% ကို ရရှိပြီး ထိပ်ဆုံး​​နေရာမှာ ရပ်တည်နိုင်ခဲ့တာက​တော့ BTS အဖွဲ့ဝင် Jimin ပဲဖြစ်ပါတယ်။ Jimin ပြသခဲ့တဲ့ တစ်ကိုယ်​တော်အက​ဖျော်​ဖြေမှုတိုင်းမှာ သူ့ရဲ့ မျက်နှာအမူအရာ​တွေ၊ တိကျထင်ရှားတဲ့ ကကွက်​တွေနဲ့ မြှုပ်နှံထားတဲ့ အ​ကြောင်းအရာ​တွေကို ​ဖော်ပြလျက်ရှိပါတယ်။ Jimin အကကတိုင်းမှာ အားပြင်းတဲ့ ကကွက်​တွေဖြစ်​ပေမဲ့ ကြည့်ရှုသူအမြင်မှာ ​ပေါ့ပါးသွက်လက်​နေသလို ခံစားရပါလိမ့်မယ်။ ဒါကလည်း သူ့ရဲ့ ဟန်ချက်ညီမှုနဲ့ အားအင်ကိုထိန်းချုပ်နိုင်မှုတို့​ကြောင့်ပဲ ဖြစ်ပါတယ်။

  1. EXO အဖွဲ့ဝင် Kai

ဒုတိယ​နေရာမှာ ရှိ​နေတာက​တော့ EXO အဖွဲ့ဝင် Kai ပါ။ Kai ဟာ ဆွဲ​ဆောင်မှုရှိပြီး အားပြင်းတဲ့ ကကွက​်တွေ​ကြောင့် လူသိများ​ပေမဲ့ ballet နဲ့ jazz တို့လို တခြားအမျိုးအစား​တွေကိုလည်း ကျွမ်းကျင်တဲ့ စွယ်စုံရ အကသမားတစ်ဦးဖြစ်ပါတယ်။ Kai ရဲ့ ပထမဘာသာစကားဟာ ကိုရီးယားဘာသာဆိုရင် အကဟာ သူ့အတွက် ဒုတိယဘာသာစကားလို့​တောင် ဆိုရမလိုပါပဲ။

  1. TXT အဖွဲ့ဝင် Yeojun

TXT အဖွဲ့ဝင် Yeonjun က​တော့ ဒီစာရင်းရဲ့ နံပါတ် ၃ ​နေရာမှာ ရှိ​နေခဲ့ပါတယ်။ သူဟာ freestyle အကကို အထူးကျွမ်းကျင်ပြီး အား​ကောင်းတဲ့ အကဖွဲ့စည်းပုံနဲ့ စွမ်းရည်ပြည့်ဝမှုတို့လည်း ရှိပါတယ်။ ဒါ့အပြင် တခြား အဖွဲ့ဝင်​တွေိနဲ့ တူညီတဲ့ ကကွက်ကိုပဲ က​နေရင်​တောင် သူ့ကိုယ်သူ ဘယ်လို​ဖော်ပြရမလဲ၊ ကွဲထွက်​အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိသူဖြစ်ပါတယ်။

  1. SHINee အဖွဲ့ဝင် Taemin

နံပါတ် ၄ ​​နေရာမှာရှိ​နေတာက​တော့ SHINee အဖွဲ့ဝင် Taemin ပဲဖြစ်ပါတယ်။ K-pop ​လောကရဲ့ “dancing machine” လို့ ​ခေါ်တွင်ကြရတဲ့ Taemin ဟာ contemporary အကကို ပိုင်နိုင်သလို သူ့ရဲ့ လှုပ်ရှားမှုတိုင်းဟာ တိကျပြတ်သားကာ အားအင်ကို ​ကောင်းစွာထိန်းချုပ်နိုင်ပြီး က​​နေစဉ်မှာ သြဇာတိက္ကမအပြည့်ရှိတာကိုလည်း ​ခံစားရမှာပါ။ ဒါ့အပြင် သူ့ရဲ့ ကကွက်​တွေဟာ ​ယောကျ်ား​လေး​ မိန်းက​လေးမခွဲပဲ လိုက်ကလို့ရတဲ့ ကကွက်မျိုး​တွေဖြစ်ပါတယ်။ ဒါ​ကြောင့် သူ့ရဲ့ တစ်ကိုယ်​တော်သီချင်း​တွေမှာ ​ယောကျ်ား​လေးအကသမား​တွေ​ရော မိန်းက​လေးအကသမား​တွေကိုပါ အသုံးပြုတာကို ​တွေ့ရမှာပါ။

  1. NCT အဖွဲ့ဝင် Taeyong

NCT အဖွဲ့ဝင် Taeyong က​တော့ နံပါတ် ၅ ​​နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ သူဟာ SM Entertainment မှာ သင်တန်းသားမဖြစ်ခင်တည်းက အကကို သင်ယူခဲ့တာပါ။ သူဟာ ကကွက်​တွေကို အားအင်အပြည့်နဲ့ တိကျလှပစွာ ကခုန်နိုင်ပြီး ကကွက်​တွေမှာ စိတ်ခံစားချက်​တွေကိုလည်း ထည့်သွင်း​ဖော်ပြနိုင်တာ​ကြောင့် K-Pop ​လောကရဲ့ အ​တော်ဆုံး အကသမား​တွေထဲက တစ်​ယောက်လို့ ​ခေါ်ဆိုရင်လည်း မမှားနိုင်ပါဘူး။

  1. SEVENTEEN အဖွဲ့ဝင် Hoshi

နံပါတ် ၆ ​နေရာမှာ ရှိ​နေတာက​တော့ SEVENTEEN အဖွဲ့ဝင် Hoshi ပဲဖြစ်ပါတယ်။ သူဟာ freestyle အကကို ကျွမ်းကျင်ပြီး အားပြင်းတဲ့ကကွက်​တွေကို ​အင်မတန်ပေါ့ပါးစွာ ကနိုင်သလို မျက်နှာအမူအရာမှာလည်း ခံစားချက်​တွေကို ​ပေါ်လွင်​အောင်​ဖော်ပြနိုင်ပါတယ်။ ဒါ့အပြင် သူဟာ SEVENTEEN အဖွဲ့ရဲ့ သီချင်း​တော်​တော်များများအတွက် ကကွက်​ဖန်တီး​​​သူလည်းဖြစ်ပါတယ်။

  1. MONSTA X အဖွဲ့ဝင် Shownu

စာရင်းရဲ့ နံပါတ် ၇ ​နေရာမှာ ရပ်တည်​နေတာက​တော့ MONSTA X ရဲ့ Shownu ပါ။ သူဟာ မြင့်မားတဲ့ အရပ်နဲ့ ကြီးထွားတဲ့ ခန္ဓါကိုယ်ရှိ​ပေမဲ့ သူ့ရဲ့ လှုပ်ရှားမှု​တွေက​တော့ ကြည့်ရှုသူ​တွေအတွက် ​လေးလံပြီး ထူးဆန်းတဲ့ပုံလုံးဝမ​ပေါ်ပါဘူး။ အဲ့ဒီအစား သူဟာ ကကွက်​တွေကို ပိုထင်ရှားပြီး တိကျ​စွာ ပုံ​ဖော်နိုင်​အောင် ခန္ဓါကိုယ်ကို ဘယ်လိုအသုံးချရမလဲဆိုတာ သိရှိတဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားသူတစ်​​ယောက်ဖြစ်ပါတယ်။

  1. THE BOYZ အဖွဲ့ဝင် Juyeon

​​နောက်ဆုံး​အ​နေနဲ့ နံပါတ် ၈ ​နေရာမှာရှိ​နေတာက​တော့ THE BOYZ အဖွဲ့ဝင် Juyeon ဖြစ်ပါတယ်။ သူဟာ ကကွက်​တွေကို အလွန်လျင်မြန်စွာ ကနိုင်သလို များ​သောအားဖြင့် သူ့ရဲ့ လှုပ်ရှားမှု​တွေက ရှင်းလင်း၊ သပ်ရပ်ပြီး တိကျပါတယ်။ သူ့ရဲ့ ​ချော​မောတဲ့ ရုပ်ရည်နဲ့ ​ပေါင်းစပ်လိုက်မယ်ဆိုရင် ပရိသတ်တွေ အကြည့်မလွှဲနိုင်​လောက်​အောင် အာရုံဖမ်းစားနိုင်ပါတယ်။ ဒါ့အပြင် ​သူ့ရဲ့ ကကွက်​တွေဟာ ​ပေါ့ပါးသွက်လက်လွန်းတာ​ကြောင့် စင်​ပေါ်မှာ ငှက်က​လေးတစ်​ကောင် ပျံ​နေတဲ့အတိုင်းပါပဲ။

Source : Kpopstarz
Photo : Pinterest
Written : ZL