Korean Celebrity

DJ Snake ရဲ့ သီချင်းသစ်ထဲမှာ အနောက်နိုင်ငံသားအဆိုရှင်တွေ‌နဲ့အတူ Slay ချတော့မယ့် Lisa

ပရိသတ်တွေ အမျှော်လင့်ဆုံးသီချင်းတစ်ပုဒ်ကတော့ BLACKPINK‘s Lisa နဲ့ DJ Snake တို့ရဲ့ Collaboration သီချင်းသစ်ပါပဲ။ အစောပိုင်းကတည်းက DJ Snake ဟာ အရိပ်အမြွက်ပေါင်းများစွာနဲ့ မကြာခဏ ချပြလေ့ရှိတာကြောင့် ရင်ခုန်စွာနဲ့ စောင့်စားနေကြတာဖြစ်ပြီး အောက်တိုဘာလ ၁၃ ရက်နေ့မှာပဲ DJ Snake ဟာ teaser ကို ချပြခဲ့ပါတယ်။ သီချင်းအတွက် Lisa အပြင် အခြားသော နာမည်ကြီးအဆိုရှင်တွေပါ ပါဝင်လာလို့ တကယ့်ကို ရင်ခုန်စရာကြီးဖြစ်နေပါတော့တယ်။

Teaser ထဲမှာတော့ ကားနံပါတ်ပြားနေရာမှာ သီချင်းထဲပါဝင်လာမယ့် အနုပညာရှင်နာမည်တွေကို ဖော်ပြခဲ့တာပါ။ ပထမဆုံးပါဝင်လာသူလေးကတော့ Lisa ပါပဲ။ ဒုတိယတစ်ယောက်ကတော့ American rapper ဖြစ်သူ Megan Thee Stallion ဖြစ်ပြီး သူမကလည်း BTS on a remix for their song “Butter” Remix သီချင်းမှာ အတူတွဲဖက်သီဆိုဖူးပါတယ်။ Collaboration အတွက် နောက်ဆုံးအဆိုရှင်ကတော့ Ozuna ပါပဲ။ တကယ့်ကို ဒိတ်ဒိတ်ကြဲတွေ ပေါင်းဆုံထားတဲ့ သီချင်းတစ်ပုဒ်မို့လို့ တော်တော်ကို မိုက်နေပါပြီ။

သီချင်းနာမည်ကတော့ အတိအကျမထွက်ပေမဲ့လည်း Teaser ထဲမှာ သုံးထားတဲ့ လိမ္မော်ရောင် ကားပေါ်မှာ “SXY GIRL” လို့ရေးထားတာကြောင့် collaboration သီချင်းနာမည်က “S€xy Girl” ဖြစ်နိုင်တယ်လို့ ‌ခန့်မှန်းနေကြပါတော့တယ်။ Teaser ထွက်လာပြီးတဲ့နောက် ပရိသတ်ကြား ဝုန်းဆန်နေခဲ့ပြီး အနောက်နိုင်ငံသား အဆိုရှင်တွေနဲ့အတူ Lisa တစ်ယောက် ဘယ်လိုတွေ slay နေမလဲဆိုတာကို တော်တော်လေး ရင်ခုန်နေကြပါပြီ။

Source: Koreaboo
Photos: Koreaboo
Translated by Julix