Korean Celebrity

အနုပညာကို ချစ်မြတ်နိုးသူပီပီ Korea International Art Fair 2021 ပွဲကို လာ​​ရောက်ကြည့်ရှုခဲ့တဲ့ V

အောက်တိုဘာလ ၁၃ ရက်​နေ့မှာ BTS အဖွဲ့ဝင် V ကို ပရိသတ်အများအပြားက ပန်းချီပြပွဲတစ်ခုမှာ မြင်​တွေ့ခဲ့ကြရပါတယ်။ V ဟာ Seoul COEX မှာ ကျင်းပပြုလုပ်တဲ့ ‘Korea International Art Fair 2021’ VVIP အကြိုပြပွဲကို တခြားအဖွဲ့ဝင်​တွေမပါပဲ တစ်ကိုယ်​တော် သွား​ရောက်ခဲ့တာပါ။

ဒီပြပွဲကို V တစ်​ယောက် အနုပညာလက်ရာ​တွေ ရှာ​ဖွေဝယ်ယူ​စု​ဆောင်းဖို့အတွက် အကူအညီ​ပေးနေကြဖြစ်တဲ့ ပြခန်းမှူးတစ်ဦးက ဦး​ဆောင်ပြုလုပ်တာဖြစ်တဲ့အတွက် သူက ဧည့်သည်အ​နေနဲ့ တက်​​ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီပြပွဲကို သွား​ရောက်ကြည့်ရှုခဲ့ကြတဲ့ ပရိသတ်အများအပြားဟာ V နဲ့ ​အနီးကပ်တွေ့ဆုံခွင့်ရခဲ့ကြပြီး ပြပွဲက V ရဲ့ ပုံတွေကို ဆိုရှယ်မီဒီယာ​တွေမှာ တင်ခဲ့ကြပါတယ်။

Netizen တစ်ဦးဆိုရင် V နဲ့ စကား​ပြောခဲ့တာကို​တောင် အင်တာနက် community တစ်ခုမှာ ပြန်လည်မျှ​ဝေထားပါ​သေးတယ်။ သူမ​ရေးသားထားတဲ့စာအရ သူမက V နဲ့အတူတွဲပြီး ဓါတ်ပုံရိုက်လို့ရမလားလို့ ​မေးတဲ့အခါ V က “​တောင်းပန်ပါတယ်။ ကျွန်​တော်ဒီ​နေ့ဒီစကားကိုပဲကြား​နေရတာ အခါ ၅၀ ​လောက်ရှိပြီ” လို့ ပြန်လည်​ဖြေကြားခဲ့ပါတယ်​။

ဆက်လက်ပြီး သူမက “V က Samsung-dong မှာ​နေတာမလား? ကျွန်မလည်း အဲ့မှာပဲ​နေတာ” လို့ ​ပြောတဲ့အခါမှာ​တော့ V က “ဟုတ်လား အဲ့လိုဆို ကျွန်​​တော်တို့ ရပ်ကွက်ထဲက စတိုးဆိုင်မှာ မ​တော်တဆဆုံရင်ဆုံနိုင်တယ်” ဆိုပြီး ​ပြောခဲ့တယ်လို့ ​​ရေးသားထားပါတယ်။

သူမက​တော့ Samsung-dong ဟာ အကျယ်ကြီးဖြစ်ပြီး နာမည်ကြီး အနုပညာရှင်အများအပြား​နေထိုင်​ပေမဲ့ သူမ​တော့ တစ်ခါမှ မဆုံဖူးတာ​ကြောင့် V ဟာ ​တော်​တော်​နောက်တတ်တဲ့သူတစ်​ယောက်ဖြစ်တယ်လို့လည်း ဆိုထားပါ​သေးတယ်။

ဒါ့အပြင် အံ့သြစရာ​ကောင်းတာက သူမဟာ ARMY မဟုတ်​ပေမဲ့ ၂၀၁၉ ခုနှစ်ကလည်း BTS အဖွဲ့ဝင် RM နဲ့ ထိုပွဲမှာ ပက်ပင်းတိုးပြီး နှုတ်ဆက်ခဲ့ဖူး​သေးတယ်ဆိုတာပါပဲ။ ‘Korea International Art Fair (KIAF)’ ဟာ နှစ်စဉ်ကျင်းပ​နေကြ ပြပွဲတစ်ခုဖြစ်ပြီး ၂ နှစ်အကြာမှ လူကိုယ်တိုင်လာ​ရောက်ကြည့်ရှုတာကို ပြန်လည်ခွင့်ပြု​ပေးခဲ့တာဖြစ်ပါတယ်။

VVIP အကြိုပြပွဲကို ​အောက်တိုဘာလ ၁၃ ရက်​နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး VIP အကြိုပြပွဲကို ​​အောက်တိုဘာလ ၁၄ ရက်​နေ့မှာ ပြုလုပ်သွားမှာဖြစ်ကာ သာမန်ပြည်သူလူထုအားလုံးက​​တော့ ​အောက်တိုဘာလ ၁၅ ရက်​နေ့မှာ လာ​ရောက်ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။

Source : Allkpop
Photo : Twitter
Written : ZL